DVB Logo
Home
မြန်မာသတင်း
ရေစကြို PDF စခန်း စီးနင်းခံရပြီး ၁ ဦး ကျဆုံး၊ ဆောနှင့်ကန်ပက်လက် တိုက်ပွဲများတွင် စစ်တပ်က ၂၁ ဦးသေဆုံး
DVB
·
June 18, 2023
ရေစကြို PDF စခန်း စီးနင်းခံရပြီး ၁ ဦး ကျဆုံး၊ ဆောနှင့်ကန်ပက်လက် တိုက်ပွဲများတွင် စစ်တပ်က ၂၁ ဦးသေဆုံး
Donate to DVB

မကွေးတိုင်း ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ် (PDF) စခန်း  စစ်ကြောင်းထိုးစီးနင်းခံရပြီးနောက် ရဲဘော်တဦးကို အရှင်ဖမ်းဆီးသွားပြီးနောက် ဇွန် ၁၆ ရက်မှာ အလောင်းပြန်တွေ့ခဲ့တယ်လို့ သိရပါတယ်။

ရေစကြိုပကဖက သတင်းနဲ့ပြန်ကြားရေးတာဝန်ခံက "သူ့ကို ဖမ်းသွားတာ ၁၃ ရက်က ဖမ်းသွားတာ၊ သူ့ရဲ့ Body ကို ချင်းတွင်းမြစ်ထဲမှာ ၁၆ ရက်ကဆယ်ယူရခဲ့တယ်။ အလောင်းကို တွေ့တဲ့ အချိန်မှာ ပျက်စီး စပြုနေပြီမို့ နေရာမှာပဲ မီးသင်္ဂြိုဟ်ပြီး ပြာအိုးကိုပဲ ထည့်ပြီး အမိန့်ပြန်ပေးခဲ့တယ်၊ နာရေးလည်း ပြုလုပ်ပေးပြီးသွားပြီ" လို့ ပြောပါတယ်။

ဇွန် ၁၃ ရက်မှာ စစ်တပ်က ရေစကြိုပကဖစခန်းကို ဝင်ရောက်စီးနင်းခဲ့ပြီး တိုက်ပွဲ ၁၅ မိနစ်လောက် ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

သတင်းနဲ့ပြန်ကြားရေးတာဝန်ခံက "စခန်းဝင်စီးခံရတဲ့နေ့က သူတို့အသာစီးရသွားတယ်လို့ ပြောလို့ရတယ်။ ကျနော်တို့ဘက်ကအရင် စပစ်နိုင်တယ်၊ သူတို့ဘက်ကလည်း ထိခိုက်မှုရှိနိုင်တယ်" လို့ ပြောပါတယ်။

ရေစကြိုပကဖစခန်း ဝင်ရောက်စီးနင်းခံရမှုကြောင့် ကား ၁ စီးနဲ့ စစ်အသုံးအဆောင်ဖောက်ခွဲရေး ပစ္စည်းတွေ သိမ်းဆည်းခံလိုက်ရတယ်လို့ သိရပါတယ်။

မကွေးတိုင်း ဆောမြို့နယ်နဲ့ ချင်းပြည်နယ် ကန်ပက်လက်မြို့နယ်တွေမှာတော့ မေ ၂၅ ရက်ကနေ ဇွန် ၁၆ ရက်အထိ စစ်ကောင်စီတပ်သားတွေတိုက်ခိုက်ခံရပြီး ၂၁ ယောက်သေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့တယ်လို့ CDF-ကန်ပက်လက်က ပြောပါတယ်။

မင်းတပ်မြို့မှာ တပ်ချိန်းဖို့ထွက်လာတဲ့ စစ်ကောင်စီတပ်သားတွေကို မေ ၂၅ ရက်က ကျောက်ထု-မင်းတပ် ကားလမ်းမှာ CDF ပူးပေါင်းတပ်ဖွဲ့တွေက ပဒေသာမိုင်းတွေနဲ့ တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်သာ ၃ ယောက်သေဆုံးခဲ့တယ်လို့ CDF-ကန်ပက်လက်ရဲ့ တပ်မဟာမှူး ကိုထွန်းလိန်းက ဒီဗွီဘီကို ပြောပါတယ်။

မေ ၂၈ ရက်နေ့မှာလည်း မင်းတပ်မြို့ကို တပ်ချိန်းဖို့ ထွက်လာတဲ့ စစ်ကောင်စီတပ်သားတွေ ကျောက်ထုမင်းတပ်ကားလမ်းမှာ ပဒေသာမိုင်းနဲ့ တိုက်ခိုက်ခံရပြီး ၃ ယောက် ထပ်မံသေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီစစ်ကောင်စီတပ်သားတွေ တပ်ချိန်ပြီး မင်းတပ်မြို့ကနေ တပ်ချိန်ပြီး ပြန်ထွက်လာတဲ့ စစ်ကောင်စီတပ်သားတွေကိုလည်း မေ ၂၉ ရက်နေ့ မွန်းလွဲ ၂ နာရီကနေ ၃ နာရီအထိ တကြိမ်၊ ည ၈ နာရီလောက်မှာတကြိမ် တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီဘက်က ၁၅ ယောက်သေဆုံးကာ CDF-မင်းတပ်က ရဲဘော်တယောက် အပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ ကိုထွန်းလိန်းက ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုတွေကို CDF-ကန်ပက်လက်၊ CDF-မင်းတပ်၊ ဂန်ဂေါခရိုင် တပ်ရင်း (၁၃) The Youth Force (ဆော၊ကျောက်ထု) နဲ့ ဂန့်ဂေါခရိုင်တပ်ရင်း ၈ တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာလို့ ဆိုပါတယ်။

ဒါ့အပြင် ကန်ပက်လက်မြို့မရဲ စခန်းမှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို ဇွန် ၁၆ ရက် မနက် ၉ နာရီခွဲလောက်ကနေ ၁၀ နာရီခွဲအထိ ညောင်ဦးခရိုင် တပ်ရင်း(၂) ညောင်ရမ်းတပ်ရင်းတို့နဲ့ အတူ ပူးပေါင်းပြီး ရှော့တိုက်ဒုံးတွေနဲ့ တိုက်ခိုက်ခဲ့ကြတယ်လို့ ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုအတွင်းမှာ ရဲစခန်းအတွင်းထဲမှာ ရှော့တိုက်ဒုံး ၃ လုံးကျရောက်ပေါက်ကွဲခဲ့တယ်လို့ အတွင်းသတင်းရရှိပြီး ထိခိုက်သေဆုံးတဲ့သူ ရှိနိုင်တယ်လို့ ဆိုပါတယ်။

အဲဒီ တိုက်ခိုက်မှုအတွင်းမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတဲ့အခြေနေကို Dvb က သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013