DVB Logo
Home
မြန်မာသတင်း
တောင်ငူပေါက်ကွဲမှု ကျူးလွန်သူကို ထောင်ဒဏ် ၁၀ နှစ်ချမှတ်
DVB
·
July 9, 2014
တောင်ငူပေါက်ကွဲမှု ကျူးလွန်သူကို ထောင်ဒဏ် ၁၀ နှစ်ချမှတ်
Donate to DVB

၂၀၁၃ ခုနှစ်၊ အောက်တိုဘာလက ပဲခူးတိုင်း ဒေသကြီး တောင်ငူမြို့ ချမ်းမြေ့ တည်းခိုခန်း ဗုံးပေါက်ကွဲမှုနဲ့ ပတ်သက်ပြီး ဖမ်းဆီးထားတဲ့ စောထွန်းထွန်းကို ဇူလိုင် ၄ ရက်နေ့က ထောင်ဒဏ်  ၁၀ နှစ် ချမှတ်လိုက်ပါတယ်။

[caption id="attachment_46724" align="alignright" width="300"]၂၀၁၃ ခုနှစ်တွင် ဗုံးပေါက်ကွဲခဲ့သည့် ချမ်းမြေ့တည်းခိုခန်း ၂၀၁၃ ခုနှစ်တွင် ဗုံးပေါက်ကွဲခဲ့သည့် ချမ်းမြေ့တည်းခိုခန်း[/caption]

တောင်ငူခရိုင် တရားရုံးက ပေါက်ကွဲစေတတ်သော ၀တ္ထုပစ္စည်းများ အက်ဥပဒေ ၃ နဲ့  အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁၀ နှစ်ချမှတ်လိုက်တယ်လို့  တောင်ငူမြို့နယ် အမှတ် ၁ ရဲစခန်း တာဝန်ကျ ရဲတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

အသက် ၃၄ နှစ်အရွယ် စောထွန်းထွန်းကို ၂၀၁၃ နိုဝင်ဘာ ၁၈ ရက်နေ့က ကျောက်ကြီးမြို့နယ်မှာ ကရင်အမျိုးသားအစည်းအရုံး တာဝန်ရှိသူတွေရဲ့ ကူညီဆောင်ရွက်ပေးမှုနဲ့ ဖမ်းဆီးခဲ့ပြီးတဲ့နောက်မှာတော့ အောက်တိုဘာလမှာ ရုံးတင် တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။

ဒီလို ဖောက်ခွဲဖို့အတွက် စောထွန်းထွန်းကို  စောတ၀ါး (ခ) တ၀ါးဆိုသူက  နောက်ကွယ်က  ခိုင်းစေခဲ့တာလို့ စစ်ဆေးစဉ်မှာ  ပြောဆိုခဲ့ပြီး စောတ၀ါးကိုတော့  ခုချိန်ထိ ဖမ်းဆီးရမိခြင်းမရှိသေးဘဲ လွတ်မြောက်နေဆဲဖြစ်ပါတယ်။

၂၀၁၃ အောက်တိုဘာလ ၁၁ ရက်နေ့ညက ချမ်းမြေ့တည်းခိုခန်း ဗုံးပေါက်ကွဲမှုကြောင့်  မီးရထားရဲတပ်သားတစ်ဦးအပါအ၀င်  လူ ၂ ဦး သေဆုံးခဲ့ပြီး  ၁ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013