DVB Logo
Home
မြန်မာသတင်း
ရာထူးမှဖယ်ရှားခံရသည့် တိုင်းမှူးဗိုလ်ချုပ်မြတ်သက်ဦးကို  လာအိုသံအမတ်အဖြစ်ခန့်
DVB
·
June 18, 2023
ရာထူးမှဖယ်ရှားခံရသည့် တိုင်းမှူးဗိုလ်ချုပ်မြတ်သက်ဦးကို  လာအိုသံအမတ်အဖြစ်ခန့်
Donate to DVB

ရာထူးကနေ ဖယ်ရှားခံရတဲ့  မွန်ပြည်နယ်၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မြတ်သက်ဦးကို လာအိုနိုင်ငံဆိုင်ရာ သံအမတ်ကြီးအဖြစ်  ခန်အပ်ခဲ့တယ်လို့ စစ်ကောင်စီက ဇွန်လ ၁၆ ရက်က ကြေညာပါတယ်။

တိုင်းမှူး ဗိုလ်ချုပ်မြတ်သက်ဦးကို မတ်လ ၂၈ ရက်က  ဖမ်းဆီးထိန်းသိမ်းကာ ရာထူးကနေ ဖယ်ရှားဖြစ်ခဲ့တာဖြစ်တယ်လို့  စစ်ကောင်စီတပ်နဲ့နီးစပ်သူတစ်ဦးက ပြောပါတယ်။

"မတ်လ ၂၇ ရက်က မွန်ပြည်နယ် စစ်ရေးပြအခမ်းအနားပြီးမှာ ဖမ်းဆီးထိန်းသိမ်းလိုက်တာ ဖမ်းဆီးပြီး သုံးရက်လောက်ကြာတော့ ဗိုလ်မှူးချုပ်စိုးမင်းကို ခန့်လိုက်တာ"လို့ ပြောပါတယ်။

ဖမ်းဆီးထိန်းသိမ်းခံရတဲ့ သတင်းကို တပ်တွင်းစည်းလုံးမှုမပြိုကွဲစေဖို့ သတင်းအမှောင်ချထားပြီး ဇွန်လ ၁ ရက်နေ့မှာ  အမှတ် ၁၁ ခြေမြန်တပ်မဌာနချုပ် (တပ်မ ၁၁) တပ်မမှူး ဗိုလ်မှူးချုပ်စိုးမင်းကို တိုင်းမှူးအဖြစ်ခန်အပ်ခဲ့တာဖြစ်တယ်လို့ မွန်ပြည်နယ်အစိုးရအဖွဲ့နဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

"သူ့ကို စစ်ဆေးနေတဲ့အချိန် နယ်လုံဝန်ကြီး ဗိုလ်မှူးကြီး ကျော်စွာမြင့်က ခဏထိန်းပေးထားတယ်။ ဇွန်လ ၂ ရက် ကစပြီး ဗိုလ်မှူး ချုပ်စိုးမင်း တာဝန်စထမ်းဆောင်တာ"လို့ ရှင်းပြပါတယ်။

ဇွန်လ ၂ ရက်နေ့မှာ တိုင်းမှူးအသစ် ဗိုလ်မှူးချုပ် စိုးမင်းဟာ အရှေ့တောင်တိုင်းစစ်ဌာနချုပ်မှာ မွန်ပြည်နယ်အစိုးရအဖွဲ့နဲ့ တွေ့ဆုံခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ဗိုလ်ချုပ်မြတ်သက်ဦးကို ဖမ်းဆီးထိန်းသိမ်းပြီး ၂ လနီးပါးကြာပြီးနောက် ဇွန်လ ၁၆ ရက်မှာ လာအိုပြည်သူ့ဒီမိုကရက်တစ်နိုင်ငံရဲ့ အထူးအာဏာကုန်လွှဲအပ်ခြင်းခံရတဲ့ မြန်မာသံအမတ်ကြီးအဖြစ် စစ်ကောင်စီက ခန့်အပ်ခဲ့တာ ဖြစ်ပါတယ်။

အရင်က လာအိုနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးကလည်း  စစ်တက္ကသိုလ်အပတ်စဥ် ၂၅ ကျောင်း ဆင်း ဗိုလ်မှူးကြီး ကိုကိုနိုင် ဖြစ်ပါတယ်။  ဗိုလ်မှူးကြီး ကိုကိုနိုင်ဟာ ၂၀၁၇ မှ ၂၀၂၃ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၂၃ ခုနှစ် မတ်လ ၂၀ ရက်မှာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ  ဆေးရုံမှာ ဆေးကုသမှုခံယူရင်း ကွယ်လွန်ခဲ့တာဖြစ်ပါတယ်။ 

စစ်တပ်အာဏာသိမ်းပြီးနောက် နိုင်ငံတကာရှိ မြန်မာသံအမတ်ကြီးတွေနေရာမှာ စစ်တပ်ကလာတဲ့ မိုးကျရွှေကိုယ် ဗိုလ်ချုပ်တွေနဲ့  ပိုမိုအစားထိုးခန့်အပ်လာတာဖြစ်ပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013