Home
မြန်မာသတင်း
ပဇီကြီးစစ်ရှောင်များအတွက် ဒီပဲယင်းမြို့နယ်ညီနောင်များအဖွဲ့က ငွေလှူဒါန်း
DVB
·
June 18, 2023
352510030_3534613546866092_7408762591377562060_n

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာသား စစ်ဘေးရှောင်ပြည်သူတွေအတွက် ဒီပဲယင်းမြို့နယ်ညီနောင်များအဖွဲ့က ဇွန် ၁၇ ရက်မှာ မြေပြင်အရောက်သွားရောက်ပြီး ငွေကြေး ကူညီ လှူဒါန်းခဲ့တယ်လို့  ပြောပါတယ်။

ဒီပဲယင်းမြို့နယ်ညီနောင်များအဖွဲ့ တာဝန်ခံတဦးက"ပဇီကြီးအတွက် စေတနာ့ရှင်တွေက ငွေဆယ်သိန်း ပေးအပ်ကူညီလာတဲ့ ခင်ဗျ။  ကြားနေရတာက ပဇီကြီးအတွက် ကူညီမှုတွေ၊ ပဇီကြီး မရောက်တာတွေ ကြားနေရလို့ပါ။ ဒါကြောင့် ပြည်သူ့လက်ဝယ် အကူအညီ ရရှိရေးကို ဦးစားပေး ဆောင်ရွက်ရခြင်းဖြစ်ပါတယ်"လို့  ပြောပါတယ်။

ဆရာတော် အရှင်ပညာဇောတနဲ့ ချုံဖော်ရောက် တော်လှန်ရေး အင်အားစုတွေက ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာ စစ်ဘေးရှောင်ပြည်သူအတွက် ငွေကျပ်  ၁၀ သိန်းကို ဒီပဲယင်းမြို့နယ်ညီနောင်များအဖွဲ့ကနေ တဆင့် လှူဒါန်းခဲ့ကြတာပါ။

ပြီးခဲ့တဲ့ ဧပြီ ၁၁ ရက်မနက်က  ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာမှာ စစ်ကောင်စီတပ်က တိုက်လေယာဉ်နဲ့ တိုက်ခိုက်ရေး ရဟတ်ယာဉ်တွေ အသုံးပြုပြီး ဗုံးကြဲတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

ဗုံးကြဲ တိုက်ခိုက်ခံရမှုကြောင့် အရွယ်မရောက်သေးတဲ့ ကလေးသူငယ်တွေ အပါအ၀င် အရပ်သား ပြည်သူ ၁၆၈ ဦး သေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူ ၁၆ ဦးထိ ရှိကြောင်း NUG က ထုတ်ပြန်ထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024