DVB Logo
Home
မြန်မာသတင်း
UTA ဒန်အရည်ကျိုလုပ်ငန်းတွင် ပေါက်ကွဲမှုဖြစ်၊ အလုပ်သမား ၁ ဦးဒဏ်ရာရ
DVB
·
June 17, 2023
UTA ဒန်အရည်ကျိုလုပ်ငန်းတွင် ပေါက်ကွဲမှုဖြစ်၊ အလုပ်သမား ၁ ဦးဒဏ်ရာရ
Donate to DVB

မြောက်ဥက္ကလာပမြို့နယ် ရွှေပေါက်ကံမြို့သစ် ရွှေပေါက်ကံစက်မှုဇုန်ရှိ UTA ဒန်အရည်ကျိုလုပ်ငန်းမှာ ဒီနေ့မနက် ၁၁ နာရီခွဲက ပေါက်ကွဲမှုဖြစ်ခဲ့ရာ အလုပ်သမားတဦး ဒဏ်ရာရရှိခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။

ရွှေပေါက်ကံစက်မှုဇုန် မက္ခရာမင်းသားကြီးလမ်းရှိ UTA ဒန်အရည်ကျိုလုပ်ငန်းမှာ အလုပ်သမားတွေ ဘီယာဘူးတွေကို အရည်ကြိုစဥ် ဘလောက်တုံး အပူလွန်ကဲပြီး ပေါက်ကွဲခဲ့တာလို့ မက္ခရာလမ်းအတွင်းနေထိုင်သူတဦးက ဒီဗွီဘီကို ပြောပါတယ်။

"ဗုံးပေါက်တယ်ထင်နေတာ မဟုတ်ဘူး၊ UTA က ပေါက်ကွဲမှုဖြစ်တာ။ ဘီယာဘူးတွေ ဖိထားတဲ့ ဘလောက်တုံးက ထပေါက်တာ။ အလုပ်သမားတယောက် ဒဏ်ရာရတယ်၊ စိုးရိမ်ရတယ်" 

ပေါက်ကွဲမှုမှာ ပြင်းထန်ပြီး ခေါင်မိုးတွေပါ ပွင့်ထွက်ကာ အသက် ၂၈ နှစ်အရွယ် အလုပ်သမားတဦးမှာ ခန္ဓာကိုယ်အနှံ့ ဒဏ်ရာရရှိခဲ့တယ်လို့ ရွှေပေါက်ကံအုပ်ချုပ်ရေးနဲ့နီးစပ်သူတဦးက ဒီဗွီဘီကို ပြောပါတယ်။

"အသေးစားစက်မှုလုပ်ငန်းပါ။ ထိတဲ့ကောင်လေးနာမည်က အောင်ရွှေဦး လို့ခေါ်တယ်။ အလုပ်သမားခြောက်ယောက် အလုပ်လုပ်နေတဲ့အချိန် ထပေါက်တာ၊ ကောင်လေးက ဒဏ်ရာက အတော်များတယ်။" 

လက်တလောမှာ အဆိုပါပေါက်ကွဲမှုနဲ့ ပတ်သက်ပြီး အုပ်ချုပ်ရေးပိုင်းက ပိုင်ရှင်ဖြစ်သူကို စစ်ဆေးနေကြောင်း၊ ဒဏ်ရာရရှိတဲ့ အလုပ်သမားကိုတော့ မြောက်ဥက္ကလာပမြို့နယ်ဆေးရုံကို ပို့ဆောင်ထားတယ်လို့ ပရဟိတအဖွဲ့နဲ့နီးစပ်သူတွေဆီက သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013