မန္တလေးတိုင်း အောင်မြေသာစံမြို၊ အိုးဘိုရွှေကျင်ရပ်ကွက်၊ ၇၆လမ်း-၁လမ်းရှိ သင်္ဂဇာချောင်းထဲမှာ ဇွန် ၁၆ ရက်က စိတ်ကျန်းမာရေးမကောင်းတဲ့ အမျိုးသားတဦး ရေနစ်သေဆုံးခဲ့တယ်လို့ ပရဟိတအသင်းတွေဆီက သိရပါတယ်။
အဲဒီအမျိုးသားဟာ အသက် ၅၀ အရွယ်ဖြစ်ပြီး အစကတည်းက အိုးဘိုရပ်မှာ သွားလာနေပြီး သင်္ဂဇာချောင်းထဲကို ခုန်ချခဲ့ရာက ရေနစ်သေဆုံးခဲ့တာပါ။
ကူညီခဲ့တယ့် ပရဟိတသမားတဦးက “သူက အစကတည်းက လမ်းမှာလျှောက်သွားနေတဲ့ စိတ်ကျန်းမာရေးမကောင်းသူလေ၊ ချောင်းထဲခုန်ချတယ်လို့ မျက်မြင်တွေ့တဲ့သူတွေက ဆက်သွယ်လို့ ကျနော်တို့သွားဆယ်တာ။ ပြန်တွေ့တော့ အသက်မရှိတော့ဘူး” လို့ ပြောပါတယ်။
သေဆုံးသူကို မန္တလေးပြည်သူ့ဆေးရုံကြီးမှာ ပိုင်ရှင်မဲ့အလောင်းအဖြစ်ထားရှိပြီး ပြီးခဲ့တဲ့ ဧပြီလက လည်း ချမ်းအေးသာဇံမြိုနယ် အပေါ်ကမ်းနားလမ်းနဲ့ ၃၄ လမ်းအနီး အမြောက်ကြီး နှစ်လက် ဆိပ်ကမ်းမှာ ဧရာဝတီမြစ်ထဲ ရေဆင်းကူးတဲ့ အမျိုးသား ၂ ဦး ရေနစ်သေဆုံးခဲ့ပါတယ်။