DVB Logo
Home
မြန်မာသတင်း
Bant Two အဖွဲ့က M4 ကာဘိုင် အောင်မြင်စွာ ထုတ်လုပ်
DVB
·
June 17, 2023
Bant Two အဖွဲ့က M4 ကာဘိုင် အောင်မြင်စွာ ထုတ်လုပ်
Donate to DVB

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်က Bant Two အဖွဲ့ဟာ M4 ကာဘိုင်လက်နက်ကို အောင်မြင်စွာ ထုတ်လုပ်နိုင်ခဲ့ပါတယ်လို့ ဇွန် ၁၄ ရက်က ထုတ်ပြန် ကြေညာခဲ့ပါတယ်။

ပြင်ပစက်ရုံထုတ် M4 ကာဘိုင်တစ်လက်တန်ဖိုးဟာ ကျပ် သိန်း ၂၀၀ ကျော် ပေါက်စျေးရှိပြီး ကျန်ကျငွေ ကျပ် သိန်း ၃၀ ဝန်းကျင်နဲ့ M4 ကာဘိုင်လက်နက်ကို ထုတ်လုပ်နိုင်ခဲ့တလို့ ဆိုပါတယ်။ 

လက်နက်တွေ ပိုမိုထုတ်လုပ်နိုင်ဖို့ ရန်ပုံငွေ ငွေကြေးအကူအညီးများစွာ လိုအပ်နေတယ်လို့လည်း Bant Two အဖွဲ့ခေါင်းဆောင် ကိုလင်းက ပြောပါတယ်။

"M4 ကာဘိုင်တလက်အတွက် ထုတ်လုပ်မှု ကျန်ကျစရိတ်က ကျပ် သိန်း ၃၀ ဝန်းကျင်ခန့် ကုန်ကျပါတယ်။ ကုန်ကြမ်း အဆင်ပြေရှိရင်တော့ ၁၀ ရက် ဝန်းကျင် အချိန်ယူရပါတယ်ဗျ။ အခြား အဖွဲ့အစည်းတွေ ကမ်းလှမ်းမှုတွေ ရှိနေပေမယ့် လောလောဆယ် မလုပ်ဖြစ်သေးပါဘူးဗျ။ အဓိက အခက်အခဲဆုံးနဲ့ စိန်ခေါ်မှုကတော့ ငွေကြေး အထောက်အပံ့ မရရှိတာပါပဲဗျာ။ NUG ဝန်ကြီးဌာနကပဲ ဖြစ်ဖြစ်၊ အခြား အလှူရှင်တွေကပဲ ဖြစ်ဖြစ် ထေက်ပံ့ ကူညီနိုင်ကြရင်တော့ ပိုပြီး အဆင်ပြေပြေနဲ့ အရေအတွက် များများကို တွင်တွင်ကျယ်ကျယ် ထုတ်လုပ်နိုင်မယ်လို့ ယုံကြည်ပါတယ်ဗျ၊" 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013