Home
မြန်မာသတင်း
စစ်ရှောင်များကို "အမေ့လက်ဆောင် အမေ့ယပ်တောင်" ကမ်ပိန်းမှ စားနပ်ရိက္ခာထောက်ပံ့
DVB
·
June 17, 2023

မြန်မာနိုင်ငံတနံတလျား စစ်ဘေးရှောင်နေကြရတဲ့ ပြည်သူတွေအတွက် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ဦးဆောင်ခဲ့တဲ့ “အမေ့လက်ဆောင် အမေ့ယပ်တောင်” ကမ်ပိန်း အစီအစဉ်ကနေ ရရှိခဲ့တဲ့ အလှူငွေတွေထဲက စားနပ်ရိက္ခာနဲ့ အမိုးအကာတွေ ထောက်ပံ့ပေးနေတယ်လို့ ထုတ်ပြန်ပါတယ်။

“အမေ့လက်ဆောင် အမေ့ယပ်တောင်” အစီအစဉ်ကိုတော့ NUG အစိုးရ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဝန်ကြီးဌာနနဲ့ OFP, Global Fundraiser Group (GFG)တို့က ပူးပေါင်းဆောင်ရွက်တာဖြစ်ကာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ ဩဂုတ် ၈ ရက်ကနေ လက်မှတ်တွေ စတင်ရောင်းချခဲ့တာ ဖြစ်ပါတယ်။

အကြမ်းဖက်စစ်ကောင်စီတပ်တွေ မီးရှို့ဖျက်ဆီးခဲ့တာကြောင့် ဒုက္ခရောက်ခဲ့ကြတဲ့ စစ်ကိုင်း၊ မကွေး၊ ချင်း၊ ကရင်နီ ​ဒေသတွေက မီးဘေးသင့်ပြည်သူတွေအတွက် အိုးအိမ်တွေ ပြန်လည်ထူထောင်တည်ဆောက်ပေးနိုင်ဖို့ ရည်ရွယ်ချက်နဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အသုံးပြုခဲ့တဲ့ ယပ်တောင်ကတဆင့် ရန်ပုံငွေစတင်ရှာဖွေခဲ့တာ ဖြစ်ပါတယ်။

ဒီအစီအစဉ်ကနေ အမေရိကန်ဒေါ်လာ ၃ သိန်း ၄ သောင်းကျော် ရရှိခဲ့ပြီး လတ်တလောမှာတော့ တော တိုက်နေရာတွေနဲ့ စစ်ကြောင်းကင်းလွတ်ရာနေရာတွေဆီ ထွက်ပြေးတိမ်းရှောင် ခိုလှုံနေကြရတဲ့ စစ်ဘေးရှောင်ပြည်သူတွေ၊ မုန်တိုင်းဒဏ်သင့်ခဲ့တဲ့ ပြည်သူတွေအတွက် စားဝတ်နေရေး အဆင်ပြေဖို့အတွက် စားနပ်ရိက္ခာနဲ့ အမိုးအကာလိုအပ်ချက်တွေကို သက်ဆိုင်ရာ မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တွေ၊ လူသားစာနာတာဝန်ခံတွေကတဆင့် ပူးပေါင်းထောက်ပံ့ပေးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ အကြမ်းဖက်စစ်အုပ်စုက မတရားအာဏာသိမ်းယူထားတဲ့ ကာလဟာ ၂ နှစ်ခွဲနီးပါးထိ ကြာမြင့်လာခဲ့ပြီဖြစ်ကာ ဒီကာလတွေအတွင်း စစ်ကောင်စီဟာ သူတို့ကို ဆန့် ကျင်တော်လှန်သူတွေကို ပစ်ခတ်သတ်ဖြတ်နှိမ်နင်းတာ၊ ဖမ်းဆီးနှိပ်စက်တာတွေအပြင် လေကြောင်းက ဗုံးကြဲ၊ စစ်ကြောင်းထိုးတိုက်ခိုက်တာတွေအပြင် ရွာလုံးကျွတ် မီး ရှို့ဖျက် ဆီးတာတွေကိုပါ ကျူးလွန်နေတာ ဖြစ်ပါတယ်။

စစ်အာဏာသိမ်းယူပြီးချိန်ကတည်းကမြန်မာနိုင်ငံရဲ့ အနောက်မြောက်ဘက်မှာ နေရပ်စွန့်ခွာ ထွက်ပြေးကြရသူ ဦးရေဟာ ပထမဆုံးအကြိမ်အနေနဲ့ ၁ သန်းကျော်လွန်သွားခဲ့ပြီလို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပူပေါင်းညှိနှိုင်းရေးမှူးရုံး (UNOCHA Myanmar) က ထုတ်ပြန်ထားပြီး နိုင်ငံတဝန်းမှာတော့အိုးအိမ်စွန့်ခွာ ထွက် ပြေးရသူ စုစုပေါင်း ၁ ဒသမ ၈ သန်းကျော် ရှိလာနေတာပါ။

နိုင်ငံရဲ့ အနောက်‌မြောက်ပိုင်းနဲ့ အရှေ့တောင်ပိုင်းတို့မှာလည်း ဆက်လက်ဖြစ်ပွားနေတဲ့ လက်နက်ကိုင်တိုက်ပွဲတွေကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးရတာတွေ ဆက်လက် ဖြစ် ပေါ်နေပြီး လူသားချင်းစာနာမှုဆိုင်ရာ လိုအပ်ချက်တွေလည်း မြင့်တက်နေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် မကြာသေးခင်က မြန်မာနိုင်ငံကို ဝင်ရောက်ခဲ့တဲ့ မိုခါဆိုင်ကလုန်းမုန်တိုင်း ရိုက်ခတ်မှုကြောင့် ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်းနဲ့ ကချင်ပြည်နယ်တို့မှာ နေအိမ်အဆောက်အအုံတွေ၊ လယ်ယာမြေတွေနဲ့ တိရစ္ဆာန်တွေ ထိခိုက်ပျက်စီးဆုံးရှုံးပြီးနောက် လူဦးရေ ၁ ဒသမ ၆ သန်းလောက်ဟာ အရေးပေါ် အကူအညီတွေ  လိုအပ်နေပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024