DVB Logo
Home
Lead Story
၃ လအတွင်း အကောက်ခွန်မဲ့ပစ္စည်း ကျပ် ၁ ဘီလီယံဖိုးကျော် ဖမ်း
DVB
·
July 9, 2014
၃ လအတွင်း အကောက်ခွန်မဲ့ပစ္စည်း ကျပ် ၁ ဘီလီယံဖိုးကျော် ဖမ်း
Donate to DVB

Mobile Teamအကောက်ခွန် ဦးစီးဌာနဟာ ၂၀၁၄ ဧပြီကနေ ဇွန်လ အထိ ၃ လတာ အတွင်း အကောက်ခွန်မဲ့ ပစ္စည်း တန်ဘိုးစုစုပေါင်း ကျပ်ငွေ ၁ ဒသမ ၂ ဘီလီယံဖိုးနီးပါး ဖမ်းဆီးရမိခဲ့တယ်လို့ ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။

ဒီဖမ်းဆီးရမိမှုတွေဟာ စီးပွား- ကူးသန်း ၀န်ကြီးဌာနက ဦးဆောင် အကောင်အထည် ဖော်နေတဲ့ မှောင်ခိုဖမ်းတဲ့ မိုဘိုင်းတင်းမ် အဖွဲ့တွေက ဖမ်းဆီးရမိမှုတွေနဲ့ မသက်ဆိုင်ဘူးလို့ ဆိုပါတယ်။

ဖမ်းဆီးရမိမှုတွေထဲမှာ ရန်ကုန် လေဆိပ်နဲ့ အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းတွေကနေ ကျပ်ငွေ သန်း ၆၀၀ ကျော်ဖိုး၊ အခြားတိုင်းနဲ့ ပြည်နယ်တွေကနေ ကျပ် သန်း ၅၅၀ ကျော်ဖိုး ပါဝင်တယ်လို့ ဖော်ပြထားပါတယ်။
မှောင်ခိုဖမ်းတဲ့ မိုဘိုင်းတင်းမ်အဖွဲ့ကလည်း လုပ်ငန်းစတင်တာကနေ ဒီကနေ့ အချိန်ထိ မှောင်ခိုပစ္စည်း ကျပ်ငွေ ၁၈ ဘီလီယံဖိုးလောက် ဖမ်းမိခဲ့ပြီလို့ ကြေညာထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013