DVB Logo
Home
Lead Story
ရန်ကုန်တွင် ခွင့်ပြုချက်မဲ့ အဆောက်အဦ ၂၀၀၀ ကျော်ရှိ
DVB
·
July 9, 2014
ရန်ကုန်တွင် ခွင့်ပြုချက်မဲ့ အဆောက်အဦ ၂၀၀၀ ကျော်ရှိ
Donate to DVB

Yangon_City_Viewရန်ကုန်တိုင်း မြို့တော်စည်ပင် နယ်နိမိတ်အတွင်း ခွင့်ပြုချက်မရပဲ ဆောက်ထားတဲ့ အဆောက်အဦ စုစုပေါင်း ၂၀၀၀ ကျော်ရှိနေပြီး အဲဒီအထဲက တချို့ကို ဥပဒေကြောင်းအရ တရားစွဲထားတယ်လို့ စည်ပင် အဆောက်အဦ အင်ဂျင်နီယာ ဌာန၊ ဌာနမှူး ဦးသန်းဌေးက  ပြောဆိုပါတယ်။

ဇွန်လ ၇ ရက်နေ့က လုပ်တဲ့ သတင်းစာရှင်းပွဲမှာ သူက ခုလို ပြောဆိုလိုက်တာဖြစ်ပြီး အဲဒီ ခွင့်ပြုချက်မဲ့ ဆောက်ထားသူတွေကို ဥပဒေ ပြဋ္ဌာန်းချက်ပါ အတိုင်း အမြင့်ဆုံး ထောင်ဒဏ် ငွေဒဏ် ချမှတ်ပေးဖို့ တရားရုံးကို တင်ပြထားတယ်လို့ ဆိုပါတယ်။

အဲဒီအထဲမှာ သင်္ကန်းကျွန်းမြို့နယ်နဲ့ လှိုင်မြို့နယ်ထဲမှာ အများဆုံးဖြစ်ပြီး စုစုပေါင်း အဆောက်အဦ ၁၀၀၀ ကျော်တယ်လို့ ဖော်ပြထားပါတယ်။

ရန်ကုန်မြို့က ကန်ထရိုက်တာတဦးဖြစ်တဲ့ ဦးသိမ်းအောင်ကတော့ ဒီလောက် များပြားတဲ့ အဆောက်အဦတွေ ဘာကြောင့် တရားမ၀င် ဆောက်နိုင်တယ် ဆိုတဲ့ ကိစ္စ စည်ပင်ကိုပဲ ပြန်မေးခွန်းထုတ်သင့်တယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013