DVB Logo
Home
Lead Story
တဦးချင်း ကားတင်သွင်းခွင့်လျှောက်သူ ၁ ရက် အစီး ၂၀၀ ခန့်ရှိ
DVB
·
July 9, 2014
တဦးချင်း ကားတင်သွင်းခွင့်လျှောက်သူ ၁ ရက် အစီး ၂၀၀ ခန့်ရှိ
Donate to DVB

လက်ရှိ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှာ တဦးချင်း ကားတင်သွင်းခွင့် လျှောက်ထားသူ ၁ ရက် အစီးရေ ၂၀၀ ၀န်းကျင် ရှိနေပြီး စပြီး ခွင့်ပြုခဲ့ချိန်ကနေ တွက်ရင် အစီးရေ စုစုပေါင်း ၁ သိန်း ၆ သောင်း ကျော်သွားပြီလို့ ၀န်ကြီးဌာန တာဝန်ရှိသူတယောက်က အတည်ပြု ပြောဆိုပါတယ်။

အစိုးရရဲ့ စည်းကမ်းသတ်မှတ်ချက်အရ ယာဉ်အိုယာဉ်ဟောင်းအဖြစ် သတ်မှတ်ခံရတဲ့ ကားပိုင်ရှင်တွေကို ပြည်ပကနေ တပတ်ရစ် ကားတစီးစီ တင်သွင်းခွင့်ပေးနေသလို အများပြည်သူကိုလည်း ၂၀၀၉ ကနေ ၂၀၁၄ မော်ဒယ်အထိ ကားတွေ တင်သွင်းခွင့် ပေးနေပါတယ်။

ဒီလို တင်သွင်းခွင့်ပေးနေရာမှာ ထုတ်လုပ်တဲ့ ခုနှစ်နဲ့ အင်ဂျင်ပါဝါ အလိုက် အခွန်နှုန်းထား သတ်မှတ်တာနဲ့ ယာဉ်မှတ်ပုံတင်ကြေး ကောက်ခံတာ လုပ်တဲ့အတွက် အခွန်နဲ့ ယာဉ် မှတ်ပုံတင်ကြေး သက်သာတဲ့ အင်ဂျင်ပါဝါ ၁၃၅၀ စီစီအောက် ပမာဏာရှိတဲ့ ကားတွေကိုပဲ အဓိက တင်သွင်းကြတယ်လို့ သူက ပြောပါတယ်။

အရေအတွက် အများဆုံး တင်သွင်းလာတာတွေကတော့ တိုယိုတာ ပရိုဘောက်စ်၊ နီဆန်း အေဒီဗင်၊ ဟွန်ဒါဖစ် ကားအမျိုးအစားတွေ ဖြစ်တယ်လို့ ဂျပန်ကား လေလံစာရင်းတွေအရ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013