Home
မြန်မာသတင်း
တမူးတိုက်ပွဲတွင် စစ်တပ်က လေယာဉ်ဖြင့်ဗုံးကြဲတိုက်ခိုက် 
DVB
·
June 16, 2023

စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်မှာ ဇွန် ၁၅ ရက်က  စစ်ကောင်စီလေတပ်က Yak 130 အမျိုးအစား ဂျက်လေယာဉ်နဲ့ လေကြောင်းကနေ တိုက်ခိုက်ခဲ့တယ်လို့   တမူး ပြည်သူ့ကာကွယ်ရေးတပ် PDF က ပြောပါတယ်။

မနေ့ မနက်အစောပိုင်း ၅ နာရီဝန်းကျင်မှာ  တမူးမြို့နယ်၊ ပန်းသာကျေးရွာရှိ စစ်ကောင်စီတပ်စခန်းကို တမူး PDF ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်သား ၁ ဦး အရှင်ဖမ်းမိခဲ့ပါတယ်၊ ဒီနောက် မနက် ၈ နာရီဝန်းကျင်မှာ စစ်ကောင်စီဘက်က Yak 130 အမျိုးအစား ဂျက်လေယာဉ်နဲ့ လေကြောင်းပစ်ကူခဲ့တယ်လို့ ဆိုပါတယ်။

တမူး PDF တပ်ဖွဲ့ဝင်တဦးက "ကျနော်တို့ ပူးပေါင်းတပ်ဖွဲ့ဘက်က ရဲဘော် နှစ်ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်။ သူတို့ဘက်က စစ်သား တယောက် အရှင်ဖမ်းမိခဲ့တယ်။ ထိခိုက်သေဆုံးမှု အခြေအနေကိုတော့ အတိအကျ မသိခဲ့ရသေးဘူး။ လက်နက်ခဲယမ်းအချို့လည်း သိမ်းဆည်းရမိခဲ့တယ်" လို့‌ ဒီဗွီဘီကို ပြောပါတယ်။

အဆိုပါတိုက်ပွဲအတွင်းမှာ စစ်ကောင်စီဘက်က တမူးမြို့ ၄ မိုင်စစ်ဆေးရေးဂိတ်နဲ့ တပ်ကုန်းဘက်ကနေ တိုက်ပွဲဖြစ်ပွားနေတဲ့ ပန်းသာရွာကို လက်နက်ကြီးတွေနဲ့ အဆက်မပြတ်ပစ်ခတ်ခဲ့သေးတယ်လို့ ဆိုပါတယ်။

အဲ့ဒီတိုက်ပွဲကြောင့် ပန်းသာရွာက ဒေသခံတွေဟာ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး တမူး-ကလေးလမ်းလည်း ယာယီလမ်းပိတ်ခဲ့တယ်လို့ ဒေသခံ ခရီးသွားတွေက ပြောပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024