DVB Logo
Home
မြန်မာသတင်း
၂၀၂၀ တွင် ကလေးသူငယ်ပြုစုပျိုးထောင်ရေး ဘတ်ဂျက်တိုးမြှင့် ဆောင်ရွက်မည်
DVB
·
July 9, 2014
၂၀၂၀ တွင် ကလေးသူငယ်ပြုစုပျိုးထောင်ရေး ဘတ်ဂျက်တိုးမြှင့် ဆောင်ရွက်မည်
1 / 2
Donate to DVB

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးက လာမယ့် ၂၀၂၀ ခုနှစ် ကျရင် ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနဲ့ ဖွံ့ဖြိုးရေးဆိုင်ရာလုပ်ငန်းတွေအတွက် ဌာနရဲ့ စုစုပေါင်းဘတ်ဂျက် ၂၈ ရာခိုင်နှုန်းကို နှစ်စဉ်သုံးစွဲသွားမယ်လို့ ယူနီဆက်ရဲ့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါကတော့ နေပြည်တော်မှာ ဇွန် ၈ ရက်နေ့က မြန်မာနိုင်ငံမှာ ကဏ္ဍပေါင်းစုံပါဝင်တဲ့ ရှေးဦးအရွယ်ကလေး သူငယ် ပြုစုပျိုးထောင်ရေးနဲ့ ဖွံ့ဖြိုးရေးဆိုင်ရာမူဝါဒ (အီးစီစီဒီ) တရပ်ကို အကောင်အထည်ဖော်ဖို့ အစိုးရအပါအ၀င် ကုလသမဂ္ဂလက်အောက်ခံအဖွဲ့အစည်းတွေ၊ ပြည်တွင်းနဲ့ ပြည်ပက အစိုးရမဟုတ်တဲ့ အန်ဂျီအိုအဖွဲ့စတဲ့ လူမှုအရပ်ဘက်အဖွဲ့စည်းတွေ ပါဝင်ပြီး ဆွေးနွေးခဲ့ရာကနေ ရရှိခဲ့တဲ့ ရလဒ် ဖြစ်ပါတယ်။

ဒီဆွေးနွေးပွဲမှာ “အီးစီစီဒီက ဆိုင်ရာမူဝါဒမှာ ချမှတ်ထားတဲ့ အနာဂတ်မျှော်မှန်းချက်၊ တာဝန်ခံယူမှု၊ အဓိကရည်မှန်းချက်တွေနဲ့ ဦးတည်ရည်ရွယ်ချင်တွေ ပေါက်မြောက်စေဖို့ မိတ်ဖက်အဖွဲ့အစည်းတွေနဲ့အတူ အပြည့်အ၀ အကောင်အထည်ဖော် ပူးပေါင်းဆောင်ရွက်ကြပါ။ ရှေးဦးအရွယ် ကလေးသူငယ်တွေ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်အတွက် မှန်ကန်တဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ပိုမိုတိုးချဲ့ ဆောင်ရွက်သွားပါ”လို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီး ဒေါက်တာဒေါ်မြတ်မြတ်အုန်းခင်က ပြောဆိုခဲ့ပါတယ်။

အလားတူ ယူနီဆက်မြန်မာဌာနေကိုယ်စားလှယ် မစ္စတာ ဘက်ထရန်ဗိန်းဘဲ(လ်)ကလည်း “အရည်အသွေးမီတဲ့ ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေးဟာ အခွင့်အရေး အနည်းပါးဆုံး ကလေးသူငယ်တွေအတွက် ကြီးမားတဲ့ အကျိုးသက်ရောက်မှုတွေ ဖြစ်ပေါ်စေပါ တယ်။ ဆင်းရဲမွဲတေမှုသံသရာကို ဖြတ်တောက်တဲ့နေရာမှာ မညီမျှမှုလျော့ချရေးအတွက်ပါ အကျိုးသက်ရောက်မှုရှိတဲ့ အခွင့်အလမ်းကောင်းလည်း ဖြစ်တယ်လို့” ဆိုပါတယ်။

“သက်ဆိုင်ရာဝန်ကြီးဌာနတွေ ပြည်တွင်းပြည်ပက အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေ အရပ်ဖက် အဖွဲ့အစည်းတွေနဲ့ ပုဂ္ဂလိက ကဏ္ဍ စတဲ့အားလုံးရဲ့ ပူးပေါင်းဆောင်ရွက်မှုဟာ ဒီမူဝါဒကို ထိထိရောက်ရောက် အကောင်အထည်ဖော်ဖို့အတွက် မရှိမဖြစ် အရေးပါပါတယ်”လို့ သူက ဆက်လက်ပြောပါတယ်။

လက်ရှိ မြန်မာနိုင်ငံမှာ အဆိုပါကဏ္ဍအတွက် လူမှုဝန်ထမ်းဦးစီးဌာနက နိုင်ငံတော် ဘတ်ဂျက် စုစုပေါင်းရဲ့ ၀ ဒသမ ၁၄ ရာခိုင်နှုန်းရှိတဲ့အထဲက ၁၀ ရာခိုင်နှုန်းကိုသာ ထည့်သွင်း သုံးစွဲတာဖြစ်လို့ နည်းပါးလျက်ရှိပါတယ်။

ဒီအပြင် အာဆီယံအဖွဲ့ဝင်နိုင်ငံတွေထဲမှာဆိုရင်လည်း ရှေးဦးအရွယ်ကလေးသူငယ် ပြုစု ပျိုးထောင်ရေးနဲ့ ဖွံ့ဖြိုးရေးဆိုင်ရာလုပ်ငန်းတွေအပေါ် လွှမ်းခြုံမှုက ၅၇ ရာခိုင်နှုန်းအထိ ရှိပြီး အောင်မြင်အောင် ဆောင်ရွက်နိုင်ပေမယ့် မြန်မာနိုင်ငံမှာတော့ ၂၂ ဒသမ ၉ ရာခိုင်နှုန်းသာ ဆောင်ရွက်နိုင်သေးတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံရဲ့ ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ လုပ်ငန်းဆောင်ရွက်မှုရဲ့ လွှမ်းခြုံမှုက မြို့ပြမှာ ၃၉ ဒသမ ၁ ရာခိုင်နှုန်းရှိပြီး ကျေးလက်မှာတော့ ၁၅ ဒသမ ၉ ရာခိုင်နှုန်းသာ ရှိလို့ မြို့ပြနဲ့ ကျေးလက်အကြား ကွာဟချက်ကလည်း များစွာ ရှိနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013