DVB Logo
Home
မြန်မာသတင်း
၁၂ တန်းအောင်မြင်သူများ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ ထပ်ဖြေရမည်
DVB
·
June 15, 2023
၁၂ တန်းအောင်မြင်သူများ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ ထပ်ဖြေရမည်
Donate to DVB

အခုပညာသင်နှစ်မှာ စတင်တက်ရောက်နေပြီဖြစ်တဲ့  Grade 12  (၁၂ တန်း) ကို အောင်မြင်တဲ့ ကျောင်းသား ကျောင်းသူတွေဟာ တက္ကသိုလ်ဝင်စာမေးပွဲကို ထပ်မံဖြေဆိုရမယ်လို့ စစ်ကောင်စီ ပညာရေးဌာနကနေ သိရပါတယ်။

Grade 12 အဆင့်ကို တက်ရောက်နေတဲ့ ကျောင်းသားကျောင်းသူတွေကို ပညာသင်နှစ် အဆုံးမှာ ကျောင်းတွင်းစစ်စာမေးပွဲနဲ့ အစိုးရစစ်စာမေးပွဲ (တက္ကသိုလ်ဝင်စာမေးပွဲ) တခု ကျင်းပမှာဖြစ်ပြီး စာမေးပွဲအောင်မြင်သူတွေက တက္ကသိုလ်ဝင်ခွင့်လျှောက်ထားချိန်မှာ အနည်းဆုံး ဘာသာရပ် ၂ ခု ဒါမှမဟုတ် အများဆုံး ဘာသာရပ် ၄ ခုကို ထပ်မံဖြေဆိုရမှာ ဖြစ်ပါတယ်။

အဲ့ဒီလို တက္ကသိုလ်ဝင်ခွင့်အတွက် ဖြေဆိုရမယ့် ဘာသာရပ်တွေထဲမှာ အင်္ဂလိပ်စာ ဘာသာရပ်ကတော့ ကျောင်းသားကျောင်းသူတိုင်း မဖြစ်မနေ ဖြေဆိုဖို့ သတ်မှတ်ထားပြီး ဘာသာရပ် ၂ ခု ဖြေဆိုရမယ့်သူတွေက အင်္ဂလိပ်စာ+ဇီဝဗေဒ (သို့မဟုတ်) သင်္ချာ ဘာသာရပ်၊ ဘာသာရပ် ၄ ခု ဖြေဆိုရမယ့်သူတွေက အင်္ဂလိပ်စာ+ဇီဝဗေဒ (သို့မဟုတ်) သင်္ချာ+ရူပဗေဒ (သို့မဟုတ်) ဘောဂဗေဒ+ဓာတုဗေဒ ဘာသာရပ်တို့ကို ဖြေဆိုဖို့ သတ်မှတ်ထားပါတယ်။

တက္ကသိုလ်ဝင်ခွင့်လျှောက်ထားချိန်မှာ ကျောင်းသားကျောင်းသူတိုင်းရဲ့ အင်္ဂလိပ်စာ ရမှတ်တွေကို စိစစ်ဦးမှာဖြစ်ပြီး တက္ကသိုလ်ဝင်ခွင့်အတွက် အင်္ဂလိပ်စာရမှတ်တွေက အဆင့်မြင့်မြင့်ဖြစ်နေဖို့ လိုအပ်တယ်လို့ စစ်ကောင်စီပညာရေးဌာနမှ အရာရှိတဦးက ပြောပါတယ်။

Grade 12 ကျောင်းစစ်နဲ့ အစိုးရစစ် စာမေးပွဲ ၂ ခုစလုံးမှာ စစ်ဆေးမယ့် အင်္ဂလိပ်စာ မေးခွန်းတွေမှာတော့ အရေး၊ အဖတ်၊ အပြော၊ အကြားကျွမ်းကျင်မှု၊ ဝေါဟာရ၊ သဒ္ဒါတို့ ပါဝင်မှာ ဖြစ်တယ်လို့လည်း သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013