DVB Logo
Home
မြန်မာသတင်း
တိုက်ပွဲကြောင့် ထွက်ပြေးလာသည့် ကရင်နီ စစ်ရှောင် ၃,၃၄၂ ဦးကို ထိုင်းက စောင့်ရှောက်ထား
DVB
·
June 15, 2023
တိုက်ပွဲကြောင့် ထွက်ပြေးလာသည့် ကရင်နီ စစ်ရှောင် ၃,၃၄၂ ဦးကို ထိုင်းက စောင့်ရှောက်ထား
Donate to DVB

ကရင်နီ (ကယား)ပြည်နယ်နဲ့ ထိုင်းနယ်စပ်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ထွက်ပြေးလာကြတဲ့ မြန်မာစစ်ရှောင်ပြည်သူ ၃,၃၄၂ ဦးကို ထိုင်းအာဏာပိုင်တွေအနေနဲ့ ကယ်တင်စောင့်ရှောက်ထားတယ်လို့ မယ်ဟောင်ဆောင်ခရိုင်အုပ်ချုပ်ရေးမှူး ချတ်ထာမိုစီခါလတ်က ဘန်ကောက်ပို့စ်သတင်းစာကို ပြောပါတယ်။

ကရင်နီတပ်မတော်(KA) အပါအဝင် ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF)နဲ့ ပြည်သူ့ကာကွယ်ရေးတပ် (PDF)တို့ ပါဝင်တဲ့ ပူးပေါင်းတပ်ဖွဲ့ဟာ ကယားပြည်နယ်ရှိ မယ်စဲ့ရဲစခန်းနဲ့ တောင်လှစခန်း၊ မယ်တနွယ်၊ BP-14 စခန်းကုန်းတွေအပါအဝင် စစ်ကောင်စီတပ်စခန်း ၃ ခုကို ပြီးခဲ့တဲ့တနင်္လာနေ့က စတင်တိုက်ခိုက်ခဲ့တာပါ။

ကရင်နီပူးပေါင်းတပ်ဖွဲ့တွေရဲ့ ဒီစစ်ဆင်ရေးအပြီးမှာ ထိုင်းနိုင်ငံနယ်စပ်ရှိ ခွန်ယူအမ်မြို့နယ်ရဲ့ တစ်ဖက်ကမ်းရှိ  စစ်ကောင်စီ စခန်း ၃ခုထက်မနည်းကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီကို တော်လှန်တိုက်ခိုက်နေတဲ့ ကယားပြည်နယ်ဆိုင်ရာ ပြည်ထဲရေးဝန်ကြီးဖြစ်သူ ကတော့ ဒီတိုက်ခိုက်မှု ဖြစ်ပွားခဲ့ကြောင်း အတည်ပြုပါတယ်။

ဒီတိုက်ပွဲတွေကြားက ထောင်နဲ့ချီတဲ့ ဒေသခံတွေဟာ မယ်စရီးယန်းနဲ့ ခွန်ယူအမ်မြို့နယ်တို့ ကတဆင့် ထိုင်းနိုင်ငံထဲကို တိမ်းရှောင်သွားခဲ့ကြတာပါ။

မယ်ဆရီးယန်းမြို့နယ်၊ ဆောင်ဟီကျေးရွာထဲကို လူဦးရေ ၃,၀၃၄ဦး ဝင်ရောက်လာခဲ့ကြပြီး မယ်ခီး ဒေသက ကျေးရွာတွေကိုတော့ နောက်ထပ် ၃၀၈ ယောက် ရောက်လာခဲ့ကြတယ်လို့ ခရိုင်အုပ်ချုပ်ရေးမှူးထံကသိရပါတယ်။

မယ်ဟောင်ဆောင်ခရိုင် နယ်ခြားစစ်ဆင်ရေးစင်တာက မြန်မာဒုက္ခသည်တွေကို အကူအညီပေးနိုင်ဖို့အတွက်  စစ်သားတွေ၊ စေတနာ့ဝန်ထမ်းတွေ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ရုံးတို့နဲ့အတူ ပူးပေါင်းဆောင်ရွက်နေတယ်လို့ သိရပါတယ်။

ဒါ့အပြင် မစ္စတာ ချတ်ထာက ထိုင်းဘုရင့်တပ်မတော်နဲ့ ပြည်နယ်အုပ်ချုပ်ရေး အရာရှိတွေဟာ ထိုင်းနိုင်ငံသားတွေ အကူအညီလိုအပ်လာတဲ့အခါမှာ အထောက်အပံ့ပေးနိုင်ဖို့အတွက် မြန်မာနိုင်ငံဘက်က တိုက်ပွဲတွေအပေါ် စောင့်ကြည်ခြေရာခံနေတဲ့အပြင် ထိုင်းတော်ဝင်လေတပ် (RTAF)ရဲ့  ထောက်လှမ်းရေး လေယာဉ်တွေကိုပါ အသင့်ပြင်ထားတယ်လို့ ဖြည့်စွက်ပြောပါတယ်။

ထိုင်းနိုင်ငံဟာ စစ်ကောင်စီနဲ့ တော်လှန်ရေး အင်အားစုတွေအကြား ဘယ်ဘက်ကမှပါဝင်ခြင်း မရှိသလို ထောက်ပံ့ပေးတာမျိုးလည်း မရှိတာကြောင့် ထိုင်းနိုင်ငံရဲ့  နယ်စပ်ဒေသကို သက်ရောက်မှု မရှိသေးဘူးလို့ မစ္စတာ ချတ်ထာ က မှတ်ချက်ပေးပါတယ်။

ဒီနယ်စပ်ဒေသကို အဓိကအသုံးပြုနေတဲ့ စစ်ကောင်စီတပ်ဟာ လုံးဝ ညှိနှိုင်းတိုင်ပင်တာမျိုး မရှိဘဲ ကိုယ်ပိုင်အကျိုးစီးပွားအတွက်သာ လုပ်ကိုင်နေတာ ဖြစ်တယ်လို့ ဆိုပါတယ်။

"ဒါကြောင့် ပဋိပက္ခဖြစ်ပွားရာ နယ်မြေတွေထဲမှာ ထိုင်းနိုင်ငံသားတွေရဲ့ ခရီးသွားလာမှုကို အာဏာပိုင်တွေအနေနဲ့ တားမြစ်ထားပါတယ်။ ဒီကိစ္စတွေနဲ့ ပက်သက်ပြီး သတင်းရေးသားရာမှာလည်း အချက်အလက်တိုင်းကို စစ်ဆေးကြဖို့အတွက် မီဒီယာတွေအပေါ် တောင်းဆိုထားပါတယ် " ဆိုပြီး အုပ်ချုပ်ရေးမှူးဖြစ်တဲ့ မစ္စတာ ချက်တာက ပြောကြားသွားတာပါ။

Ref: Bangkok Post

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013