DVB Logo
Home
မြန်မာသတင်း
NUG အလုပ်သမားဝန်ကြီး၏ နေအိမ်ကို စစ်ကောင်စီ သိမ်းယူ
DVB
·
June 14, 2023
NUG အလုပ်သမားဝန်ကြီး၏ နေအိမ်ကို စစ်ကောင်စီ သိမ်းယူ
Donate to DVB

အမျိုးသားညီညွတ်ရေးအစိုးရ NUG အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နိုင်သုဝဏ္ဏ နေအိမ်ကို ချိပ်ပိတ်သိမ်းဆည်းထားသော အဆောက်အဦအဖြစ် သတ်မှတ်ပြီး စစ်ကောင်စီက သိမ်းယူလိုက်တယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။

စစ်ကောင်စီ ရဲတပ်ဖွဲ့နဲ့အုပ်ချုပ်ရေးအဖွဲ့ဝင်တွေဟာ မနေ့ ဇွန် ၁၃ ရက်နေ့ ညနေ ၃ နာရီလောက်မှာ ဘားအံမြို့နယ်၊ ထုံးအိုင်ကျေးရွာ၊ အမှတ် ၇ ရပ်ကွက်ရှိ ဝန်ကြီး နိုင်သုဝဏ္ဏ(ခ)နိုင်ထွန်းဖေ နေအိမ်ကို ချိပ်ပိတ်သိမ်းဆည်းထားသော အဆောက်အဦအဖြစ် စာလာကပ်သွားတာပါ။

စစ်ကောင်စီရဲ့ စာမှာတော့ ဝန်ကြီး နိုင်သုဝဏ္ဏ နေအိမ်အဆောက်အဦဟာ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေအရ အမှုဖွင့် သိမ်းဆည်းထားသော အဆောက်အဦ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

ဒေသခံတွေအဆိုအရ ဝန်ကြီး နိုင်သုဝဏ္ဏ နေအိမ်ကို စစ်ကောင်စီဟာ နှစ်ကြိမ်တိုင် စာလာကပ်ဖူးသလို အခုအကြိမ်မှာ ချိပ်ပိတ်သိမ်းဆည်းထားတဲ့ အဆောက်အဦအဖြစ် သတ်မှတ်တာလို့ ဆိုပါတယ်။

ဝန်ကြီး နိုင်သုဝဏ္ဏက “ဒါက သူတို့ လုပ်နေကျ အလုပ်ပဲ၊ ကျနော့်အတွက်တော့ မဆန်းတော့ဘူး၊ အရင် ၂ ခေါက်ကလည်း နေအိမ်ထဲက အတွင်းပစ္စည်းတွေပါ မချန်ဘူး၊ အကုန်ယူသွားတာ၊ မတရားလိုက်လုပ်နေတာပါ၊ နိုင်ငံရေးလုပ်ရင် ဒီလိုခံရမှာပဲ မဆန်းပါဘူး၊ စစ်ကောင်စီတပ်က တခြားနေရာတွေမှာလည်း ဒီလိုပဲ အကြမ်းဖက်တာတွေ လုပ်နေတာ”လို့ ဒီဗွီဘီကို ပြောပါတယ်။

မွန်ဝါရင့်နိုင်ငံရေးသမား တစ်ဦးဖြစ်တဲ့ နိုင်သုဝဏ္ဏဟာ ၂၀၂၁ ခုနှစ် မတ် ၃၁ ရက်နေ့မှာ အမျိုးသားညီညွတ်ရေးအစိုးရ NUG အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ခန့်အပ်ခံခဲ့ရတာ ဖြစ်ပါတယ်။

တဖက်မှာတော့ စစ်ကောင်စီဟာ NUG ပြည်ထောင်စုဝန်ကြီးနဲ့ဒုဝန်ကြီး နေအိမ်တွေကို ချိပ်ပိတ်သိမ်းဆည်းတာ၊ မီးရှို့ဖျက်ဆီးတာအပြင် ဘတ်နဲ့ထိုးပြီး ဖျက်ဆီးတာတွေ လုပ်ဆောင်နေပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်အအသင်း AAPP ရဲ့ ထုတ်ပြန်ချက်အရ နိုင်ငံတဝန်းမှာ စစ်တပ် အာဏာသိမ်းတဲ့၂ နှစ်ကျော်ကာလအတွင်း စစ်ကောင်စီဟာ နေအိမ်၊အဆောက်အဦးနဲ့ အကြီးစားပစ္စည်း ပိုင်ဆိုင်မှု ၈၀၀ နီးပါးကို ချိပ်ပိတ်သိမ်းဆည်းထားတယ်လို့ ပြီးခဲ့တဲ့ မတ် ၃၁ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013