DVB Logo
Home
Lead Story
မန္တလေးပဋိပက္ခတွင် မီဒီယာသမားများ ခြိမ်းခြောက်ခံရဟုဆို
DVB
·
July 8, 2014
မန္တလေးပဋိပက္ခတွင် မီဒီယာသမားများ ခြိမ်းခြောက်ခံရဟုဆို
Donate to DVB

မန္တလေးမြို့မှာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေမှာ သတင်းမီဒီယာသမားတွေကို အစွန်းရောက် အကြမ်းဖက်လိုသူတွေက ခြိမ်းခြောက်တဲ့ ကိစ္စရပ်တွေဟာ ငြိမ်းချမ်းတဲ့ ဒီမိုကရေစီအသွင် ကူးပြောင်းရေးနဲ့ သတင်းလွတ်လပ်ခွင့်တို့ကို ပြောင်ပြောင်တင်းတင်း ခြိမ်းခြောက်တာလို့ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ)က ပြောပါတယ်။

10416576_727063843998785_8039757665792973660_nပဋိပက္ခအတွင်း အကြမ်းဖက်လိုသူတွေက သတင်းမီဒီယာ သမားတွေကို ဓာတ်ပုံရိုက်ယူတာတွေ၊ အွန်လိုင်း အင်တာနက် စာမျက်နှာတွေမှာ မီဒီယာ သတင်းထောက်နာမည် ဓာတ်ပုံတွေနဲ့ တွဲတင်ကာ ဘက် လိုက် ရေးသား သူတွေဖြစ်ကြောင်း ဖြန့် ဝေတာ၊ သတင်းမီဒီယာအချို့ကို ဘက်လိုက်ရေးသားပါက အန္တရာယ်ပြုမယ်လို့ တယ်လီဖုန်းနဲ့ ခြိမ်းခြောက်တာတွေ ရှိခဲ့တယ်လို့ ဇူလိုင် ၈ ရက်နေ့စွဲနဲ့ ထုတ်ပြန်တဲ့ ထုတ်ပြန်ချက်မှာ ရေးပါတယ်။

မြန်မာနိုင်ငံသားအားလုံးနဲ့ သတင်းမီဒီယာတွေအားလုံး အကြမ်းဖက်မှု ဘေးအန္တရယ်ကနေ ကင်းဖို့ လုံခြုံရေး တာဝန်ယူတဲ့သူတွေက ညီမျှတဲ့ စောင့်ရှောက်မှုတွေပေးဖို့ အကြမ်းဖက်မှုတွေဖြစ်ပေါ်ဖို့ လှုံ့ဆော် ခြိမ်းခြောက် ကျူးလွန်တဲ့သူကို ဥပဒေအရ အရေးယူဆောင်ရွက်ဖို့ အရေးကြီးတဲ့အကြောင်းလည်း ထုတ်ပြန်ချက်က ရေးပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013