DVB Logo
Home
မြန်မာသတင်း
မေလအတွင်း တိုက်ပွဲအကြိမ် ၅၀၀ ဖြစ်ပွားပြီး တော်လှန်ရေးတပ်ဖွဲ့ဝင် ၄၁ ဦးကျဆုံး
DVB
·
June 12, 2023
မေလအတွင်း တိုက်ပွဲအကြိမ် ၅၀၀ ဖြစ်ပွားပြီး တော်လှန်ရေးတပ်ဖွဲ့ဝင် ၄၁ ဦးကျဆုံး
Donate to DVB

ပြီးခဲ့တဲ့ မေ တလတာအတွင်း အမှတ် ၁ စစ်ဒေသ၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်းနဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း တိုင်းနဲ့ ပြည်နယ် ၄ ခုမှာ တိုက်ပွဲအကြိမ်ရေ ၅၀၀ ထိ ဖြစ်ပွားခဲ့ပြီး တော်လှန်ရေးတပ်ဖွဲ့တွေဘက်က ၄၁ ယောက် ကျဆုံးခဲ့ကာ ၁၁၃ ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။

ဇွန် ၁၂ ရက် ဒီနေ့ရက်စွဲနဲ့ ထုတ်ပြန်တဲ့ NUG ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ် ၁ စစ်ဒေသ စစ်ရေးသတင်းထုတ်ပြန်ချက်မှာ ခုလိုဖော်ပြထားပြီး အဆိုပါတိုက်ပွဲတွေအတွင်း အကြမ်းဖက် စစ်အုပ်စုဘက်က ၄၄၉ ယောက် သေဆုံးခဲ့ကာ အယောက် ၆၈၀ ကျော် ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် လက်နက်မျိုးစုံ ၂၄ လက် အပါအဝင် ခဲယမ်းမီးကျောက် အမြောက်အမြား သိမ်းဆည်းရမိခဲ့တယ်လို့ ဖော်ပြထားပြီး ဒီတိုက်ပွဲတွေကိုတော့ အမှတ် ၁ စစ်ဒေသကွပ်ကဲမှု အောက်က PDF၊ ပကဖနဲ့ EROs ပူးပေါင်းအဖွဲ့တွေက ဆင်နွှဲခဲ့ကြတာလို့လည်း ဖော်ပြပါတယ်။

NUG အစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်အရ ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF) ကို ဖွဲ့စည်းလာတာ ၂ နှစ်ပြည့်ချိန်မှာ တနိုင်ငံလုံးမှာ PDF တပ်ရင်းနဲ့ စစ်ကြောင်း စုစုပေါင်း ၃၀၀ လောက် အတည်ပြုခဲ့နိုင်ပြီး ရပ်ရွာအခြေပြု ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တွေကို မြို့နယ်ပေါင်း ၂၅၀ ကျော်မှာ စနစ်တကျ ဖွဲ့စည်းတည်ထောင်ထားတယ်လို့ သိရပါတယ်။

PDF တပ်မတော်ကို မြောက်ပိုင်းတိုင်း၊ တောင်ပိုင်းတိုင်း၊ အလယ်ပိုင်းတိုင်းလို့ စစ်တိုင်းကြီး ၃ တိုင်းနဲ့ ဖွဲ့စည်းထားပြီး သက်ဆိုင်ရာ မဟာမိတ် တိုင်းရင်းသား တော်လှန်ရေးအဖွဲ့တွေနဲ့ ပေါင်းစပ်ပြီးတော့လည်း အမှတ် ၁ စစ်ဒေသ၊ တောင်ပိုင်းစစ်ဒေသဆိုတဲ့ စစ်ဒေသ ၂ ခု ဖွဲ့စည်းထားတာပါ။

ပြီးခဲ့တဲ့ ဧပြီလကုန်ထိ ၄ လတာအတွင်းမှာတော့ စခန်းသိမ်းတိုက်ပွဲ အကြိမ် ၄၀ ကျော်၊ အရေးကြီးပစ်မှတ်တွေကို အကြိမ် ၃၀ လောက် တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်သားနဲ့ ထောက်ခံသူပေါင်း ၆,၀၀၀ လောက် သေဆုံး ဒဏ်ရာရခဲ့တယ်လို့ NUG ပြည်သူ့ကာကွယ်ရေးတပ်မတော် စစ်ရုံးချုပ်က ထုတ်ပြန်ထားပါတယ်။

လတ်တလောမှာတော့ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ် ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေမှုတွေကို ပြည်သူတရပ်လုံးက အသက်ရှင်သန်ရေးအတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြတာပါ။

နိုင်ငံတဝန်းမှာတော့ မြန်မာပြည်သူတွေဟာ စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ အပြီးတိုင်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် ငြိမ်းချမ်းစွာ ဆန္ဒပြတဲ့ လူထုသပိတ်တိုက်ပွဲတွေ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေအနှံ့အပြား ပြုလုပ်နေကြသလို ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေ၊ တိုင်းရင်းသား လက်နက်ကိုင် တပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013