DVB Logo
Home
မြန်မာသတင်း
ကြားဖြတ်အစိုးရ သတင်းဖော်ပြသည့် မွန်းတည့်နေ အယ်ဒီတာအဖွဲ့ကို ခေါ်စစ်နေ
DVB
·
July 8, 2014
ကြားဖြတ်အစိုးရ သတင်းဖော်ပြသည့် မွန်းတည့်နေ အယ်ဒီတာအဖွဲ့ကို ခေါ်စစ်နေ
Donate to DVB

ကြားဖြတ်အစိုးရအဖွဲ့ သတင်းဖော်ပြမှုနဲ့ပတ်သက်ပြီး မွန်းတည့်နေအယ်ဒီတာအဖွဲ့ကို မနေ့ည ၁၂ နာရီခွဲကတည်းက ခေါ်ယူစစ်ဆေးနေပြီး ရုံးက ကွန်ပျူတာအချို့ကိုလည်း သိမ်းဆည်းသွားတယ်လို့ မွန်းတည့်နေဂျာနယ် သတင်းထောက်ချုပ် ဦးအောင်အောင်က ဒီဗွီဘီကို ပြောပါတယ်။

unnamed copyဒီမိုကရေစီအရေးစဉ် ဆက်မပြတ်လူပ်ရှားမှု အင်အားစု (အမ်ဒီစီအက်ဖ်) ရဲ့ ဒေါ်အောင်ဆန်း စုကြည် နဲ့ တိုင်းရင်းသား ဒီမိုကရေစီအင်အား စုတွေကို ကြားဖြတ်အစိုးရ အဖြစ် ပြည်သူတွေက တင်မြှောက်ကြောင်း ထုတ်ပြန်ချက်ကို ဇူလိုင် ၇ ရက်နေ့ထုတ် မွန်းတည့်နေဂျာနယ်မှာ ထည့်သွင်းဖော်ပြခဲ့မှုနဲ့ပတ်သက်ပြီး ခေါ်ယူစစ်ဆေးနေတာပါ။

ဦးအောင်အောင်က“မနေ့ည ၁၂ နာရီခွဲလောက်က အယ်ဒီတာ ၂ ယောက်ကို သတင်းတပ်ဖွဲ့က လာခေါ်သွားတယ်။ မနက် ၄ နာရီ လောက်ကျတော့ တာဝန်ခံ အယ်ဒီတာကို ခေါ်သွားတယ်။ အခုအထိ ပန်းဆိုးတန်းရုံးမှာ ခေါ်စစ်နေတယ်။ ဒီနေ့လယ်ကလည်း ရုံးက ကွန်ပျူတာ ၃ လုံးကို လာသိမ်းသွားတယ်” လို့  ပြောပါတယ်။

ဒီမိုကရေစီရေး စဉ်ဆက်မပြတ်လှုပ်ရှားမှု အင်အားစု (အန်ဒီစီအက်ဖ်) အဖွဲ့ဝင်တွေက  ဇူလိုင် ၇ ရက်နေ့ ရန်ကုန်မြို့တော်ခန်းမရှေ့မှာ ဆဲဗင်းဇူလိုင်အရေးအခင်းမှာ ကျဆုံးသွားတဲ့ ကျောင်းသူကျောင်းသားတွေအတွက်  အောက်မေ့ဖွယ်အခမ်းအနား ကျင်းပခဲ့ပြီး အဲဒီ အခမ်းအနားမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုင်းရင်းသားဒီမိုကရေစီအင်အားစုများတွေကို ကြားဖြတ်အစိုးရအဖြစ် ပြည်သူများက တင်မြှောက်ကြောင်း ထုတ်ပြန်ချက် ပါဝင်တဲ့ စာရွက်တွေ ဖြန့်ဝေခဲ့တာပါ။

အဲဒီ ထုတ်ပြန်ချက်ဖြန့်ဝေမှုနဲ့ ပတ်သက်ပြီး ဒီမိုကရေစီအရေး စဉ်ဆက်မပြတ်လူပ်ရှားမူ အင်အားစု (အန်ဒီစီအက်ဖ်)အဖွဲ့ရဲ့ ရန်ကုန်တိုင်းဒေသကြီးတာဝန်ခံ ဦးနောင်နောင်ကို ဇူလိုင် ၈ ရက် ဒီနေ့ နံနက် ၁ နာရီခန့်က ဖမ်းဆီးသွားတယ်လို့ အန်ဒီစီအက်ဖ်အဖွဲ့ဝင် ဒေါ်သန်းသန်းမော်က ဒီဗွီဘီကို ပြောပါတယ်။

ဒီနေ့ထုတ် နိုင်ငံပိုင်သတင်းစာတွေမှာတော့ အဲဒီသတင်းကို ဖော်ပြခဲ့တဲ့ မွန်းတည့်နေဂျာနယ်ကို အစိုးရက အရေးယူသွားမယ်လို့ ဖော်ပြထားပြီး အခုလို မွန်းတည့်နေ ဂျာနယ်အယ်ဒီတာအဖွဲ့ကို ခေါ်ယူစစ်ဆေးနေတာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013