DVB Logo
Home
မြန်မာသတင်း
ဇူလိုင် ၉ ရက် မိုးလေ၀သ ခန့်မှန်းချက် (ဒေါက်တာထွန်းလွင်)
DVB
·
July 8, 2014
ဇူလိုင် ၉ ရက် မိုးလေ၀သ ခန့်မှန်းချက် (ဒေါက်တာထွန်းလွင်)
Donate to DVB

ဇူလိုင် ၈ ရက်နေ့ မနက် ၇ နာရီ မိနစ် ၃၀ အချိန် ဖမ်းယူရရှိထားတဲ့ တိမ်ပုံအရ ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းမှာ တိမ်ထူထပ်နေပြီး ကျန်ဘင်္ဂ လား ပင်လယ်အော်မှာ တိမ်အသင့်အတင့် ဖြစ်ထွန်းနေပါတယ်။

မြန်မာနိုင်ငံ တောင်ပိုင်းနဲ့ မြစ်ဝကျွန်းပေါ်ဒေသတွေမှာ တိမ်ထူထပ် နေပြီး ကျန်ဒေသတွေ မှာ တိမ်အသင့်အတင့် ဖြစ်ထွန်းနေပါတယ်။

ဇူလိုင် ၉ ရက်နေ့

တနင်္သာရီကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်မှာ လှိုင်းအသင့်အတင့်ကနေ လှိုင်းကြီးနိုင်ပါတယ်။ လှိုင်းအမြင့် ၆ ပေကနေ ၁၃  ပေလောက် မြင့်တက်နိုင်ပါတယ်။

Slide4ကျန်မြန်မာ့ကမ်းရိုးတန်း တလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်မှာ လှိုင်းအသင့်အတင့် ရှိနိုင်ပါတယ်။ လှိုင်းအမြင့် ၃ ပေကနေ ၅ ပေလောက်မြင့် တက်နိုင်ပါတယ်။

အပူရှိန်မြင့် တက်နိုင်မှု အနေနဲ့ကတော့ လွန်ကဲအဆင့်ဖြစ်တဲ့ ခရမ်းလွန်ရောင်ခြည် အညွှန်းကိန်းတန်ဖိုး ၁၁ အောက် ကျဆင်းနိုင်တဲ့မြို့တွေကတော့ ကော့သောင်းမြို့၊ မကွေးမြို့၊ မော်လမြိုင်မြို့နဲ့ ထားဝယ်မြို့တွေပဲ ဖြစ်ပါတယ်။

ခရမ်းလွန် ရောင်ခြည်အညွန်းကိန်း အနိမ့်ဆုံး ကျဆင်းနိုင်တဲ့ ထားဝယ်မြို့မှာ ခရမ်းလွန် ရောင်ခြည် အညွှန်းကိန်းတန်ဖိုး ၄.၀ သာ ကျရောက်နိုင်ပါတယ်။

ခရမ်းလွန်ရောင်ခြည်အမြင့်ဆုံး ကျရောက်နိုင်တာကတော့ ပုသိမ်မြို့ဖြစ်ပြီး အညွှန်းကိန်းတန်ဖိုးကတော့ ၁၃.၇ အထိ မြင့်တက်နိုင်ပါတယ်။ ကျန်ပြည်နယ်နဲ့တိုင်းတွေမှာ လွန်ကဲအဆင့်ထက် ကျော်လွန်နိုင်ပြီး အညွှန်းကိန်းတန်ဖိုး ၁၁ ကနေ ၁၃ ကျော်တဲ့အထိမြင့် တက်နိုင်ပါတယ်။

မိုးတိမ်တောင်ဖြစ်ပေါ်နိုင်မှု ခန့်မှန်းချက်ကတော့ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ မကွေးတိုင်းနဲ့ တနင်္သာရီတိုင်းတို့မှာ မိုးတိမ်တောင်ဖြစ်ပေါ်နိုင်မှု ၃၅ ရာခိုင်နှုန်းကနေ ၅၅ ရာခိုင်နှုန်းလောက် ရှိနိုင်ပါတယ်။ ကျန်ပြည်နယ်နဲ့တိုင်းမှာ မိုးတိမ်တောင် ဖြစ်ပေါ်နိုင်မှု ၁၅ ရာခိုင်နှုန်းကနေ ၂၅ ရာခိုင်နှုန်း လောက် သေချာမှု ရှိနိုင်ပါတယ်။

မိုးရွာသွန်းနို်င်မှု ခန့်မှန်းချက်ကတော့ မကွေးတိုင်း၊ မန္တလေးတိုင်း၊ ကရင်ပြည်နယ်နဲ့ တနင်္သာရီတိုင်းတို့မှာ မိုးရွာဖို့ သေချာမှု ၄၀ ရာခိုင်နှုန်းကနေ ၆၀ ရာခိုင်နှုန်းလောက် ရှိနိုင်ပါတယ်။ ကျန်ပြည်နယ်နဲ့ တိုင်းတွေမှာတော့ နေရာကွက်ကြား မိုးရွာနိုင်ပြီး မိုးရွာဖို့ သေချာမှုအနေနဲ့  ၇၀ ရာခိုင်နှုန်းကနေ ၈၀ ရာခိုင်နှုန်း ရှိနိုင်ပါတယ်။

မိုးရေချိန်ခန့်မှန်းချက်ကတော့ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မွန်ပြည်နယ်နဲ့ တနင်္သာရီတိုင်းတို့မှာ ၂၄ နာရီအတွင်း မိုးရေချိန် ၂၀ မီလီမီတာကနေ ၅၀ မီလီမီတာလောက် မိုးရွာနိုင်ပါတယ်။

မြို့တော်ကြီးတွေ ခန့်မှန်းချက်ကတော့ နေပြည်တော်နဲ့အနီးတ၀ိုက်မှာ အမြင့်ဆုံးအပူချိန် ၂၇ ဒီဂရီစင်တီဂရိတ်နဲ့ အနိမ့်ဆုံးအပူချိန် ၂၃ ဒီဂရီ စင်တီဂရိတ်လောက် ရှိနိုင်ပါတယ်။ မိုးထစ်ချုန်းရွာနိုင်ပါတယ်။ မိုးရွာဖို့ သေချာမှု ၈၀ ရာခိုင်နှုန်းလောက်ရှိနိုင်ပါတယ်။

ရန်ကုန်နဲ့ အနီးတ၀ိုက်မှာ အမြင့်ဆုံးအပူချိန် ၂၈ ဒီဂရီ စင်တီဂရိတ်နဲ့ အနိမ့်ဆုံးအပူချိန် ၂၃ ဒီဂရီစင်တီဂရိတ်လောက်ရှိနိုင်ပါတယ်။ မိုးထစ်ချုန်းရွာနိုင်ပါတယ်။ မိုးရွာဖို့ သေချာမှု ၉၀ ရာခိုင်နှုန်း လောက်ရှိနိုင်ပါတယ်။

မန္တလေးမြို့နဲ့ အနီးတ၀ိုက်မှာ အမြင့်ဆုံးအပူချိန် ၃၃ ဒီဂရီစင်တီဂရိတ်နဲ့ အနိမ့်ဆုံးအပူချိန် ၂၅ ဒီဂရီစင်တီဂရိတ်လောက်ရှိနိုင်ပါတယ်။ မိုးထစ်ချုန်းရွာနိုင်ပါတယ်။ မိုးရွာဖို့ သေချာမှု ၄၀ ရာခိုင်နှုန်းလောက် ရှိနိုင်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013