DVB Logo
Home
Lead Story
ကြားဖြတ်အစိုးရအဖွဲ့ ထုတ်ပြန်မှုနှင့်ပတ်သက်ပြီး အန်ဒီစီအက်ဖ်အဖွဲ့ဝင်ကို ဖမ်းဆီး
DVB
·
July 8, 2014
ကြားဖြတ်အစိုးရအဖွဲ့ ထုတ်ပြန်မှုနှင့်ပတ်သက်ပြီး အန်ဒီစီအက်ဖ်အဖွဲ့ဝင်ကို ဖမ်းဆီး
1 / 2
Donate to DVB

ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုင်းရင်းသားဒီမိုကရေစီအင်အားစုများ ကို ကြားဖြတ်အစိုးရအဖြစ် ပြည်သူတွေက တင်မြှောက်ကြောင်း ထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး ဒီမိုကရေစီအရေး စဉ်ဆက်မပြတ်လူပ်ရှားမူ အင်အားစု (အန်ဒီစီအက်ဖ်) ရန်ကုန်တိုင်းဒေသကြီး တာဝန်ခံ ကိုနောင်နောင်ကို ဒီနေ့ မနက် ၁ နာရီလောက်က ဖမ်းဆီးသွားတယ်လို့ အန်ဒီစီအက်ဖ် အဖွဲ့ဝင် ဒေါ်သန်းသန်းမော်က ဒီဗွီဘီကိုပြောပါတယ်။

ဒီမိုကရေစီရေး စဉ်ဆက်မပြတ်လှုပ်ရှားမှု အင်အားစုအဖွဲ့ဝင်တွေက  ဇူလိုင် ၇ ရက်နေ့ ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့မှာ ဆဲဗင်းဇူလိုင် အရေးအခင်းမှာ ကျဆုံးသွားတဲ့ ကျောင်း သူကျောင်းသားတွေ အတွက်  အောက်မေ့ဖွယ် အခမ်းအနား ကျင်းပခဲ့ပါတယ်။

အဲဒီအခမ်းအနားမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုင်းရင်းသားဒီမိုကရေစီအင်အားစုတွေကို ကြားဖြတ်အစိုးရအဖြစ် ပြည်သူတွေက တင်မြှောက်ကြောင်း ထုတ်ပြန်ချက်ပါဝင်တဲ့ စာရွက်တွေ ဖြန့်ဝေခဲ့တာပါ။

[caption id="attachment_59841" align="alignleft" width="300"]10428576_730028827035620_6007255179235099503_n ဆဲဗင်းဇူလိုင်အခမ်းအနား ကျင်းပစဉ်[/caption]

ဒီမိုကရေစီအရေး စဉ်ဆက်မပြတ်လူပ်ရှား မူ အင်အား စုရဲ့ ဒေါ်အောင်ဆန်း စုကြည်နဲ့ တိုင်းရင်းသား ဒီမိုကရေစီအင် အားစုတွေကို ကြားဖြတ်အစိုးရ အဖြစ် ပြည်သူတွေက တင်မြှောက်ကြောင်း ထုတ်ပြန်ချက်ကို ဇူလိုင် ၇ ရက်နေ့ထုတ် မွန်းတည့်နေဂျာနယ်မှာ ထည့်သွင်း ဖော်ပြခဲ့ပါတယ်။

ဒီနေ့ထုတ် နိုင်ငံပိုင်သတင်းစာတွေမှာတော့ အဲဒီသတင်းဖော်ပြခဲ့တဲ့ မွန်းတည့်နေဂျာနယ်ကို အစိုးရက အရေးယူသွားမယ်လို့ ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013