DVB Logo
Home
မြန်မာသတင်း
သထုံအခြေစိုက် စစ်ကောင်စီတပ်ရင်း ၂ ခု တိုက်ခိုက်ခံရပြီး ၅ ဦးသေဆုံး၊ တပ်ရင်းမှူး ဒဏ်ရာပြင်းထန်
DVB
·
June 10, 2023
သထုံအခြေစိုက် စစ်ကောင်စီတပ်ရင်း ၂ ခု တိုက်ခိုက်ခံရပြီး ၅ ဦးသေဆုံး၊ တပ်ရင်းမှူး ဒဏ်ရာပြင်းထန်
Donate to DVB

မွန်ပြည်နယ်၊ သထုံမြို့နယ် အခြေစိုက် စစ်ကောင်စီတပ်ရင်း ၂ ခု တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီ တပ်ဖွဲ့ဝင် ၅ ဦး သေဆုံးပြီး တပ်ရင်မှူးအပါအဝင် ၅ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ KNU သထုံခရိုင်မိတ်ဖက်ရေးရာ ကြီးကြပ်ကွပ်ကဲမှု ကော်မတီကနေ သိရပါတယ်။

သထုံမြို့နယ်အတွင်းရှိ ကျေးရွာတွေထဲကို နေ့စဉ်နဲ့အမျှ လက်နက်ကြီး ပစ်ခတ်နေတဲ့ စစ်ကောင်စီ ခြေမြန်တပ်ရင်း ခမရ(၁) နဲ့ အမှတ် (၄၀၂) အမြောက်တပ်ရင်းတွေကို KNLA ၊ PDF ပူးပေါင်းတပ်ဖွဲ့က ပြီးခဲ့တဲ့ ဇွန် ၇ ရက်နေ့ မနက်ပိုင်းမှာ ဒရုန်းအပြင် လက်နက်ကြီးတွေနဲ့ သွားရောက်တိုက်ခိုက်ခဲ့ပါတယ်။

အဲဒီတိုက်ခိုက်မှုအတွင်း ခမရ(၁) တပ်ရင်းက တပ်ဖွဲ့ဝင် ၄ ဦး ဒဏ်ရာရရှိခဲ့ပြီး အမှတ် (၄၀၂) အမြောက်တပ်ရင်းမှ တပ်ဖွဲ့ဝင် ၅ ဦး သေဆုံးကာ တပ်ရင်းမှူး ပြင်းထန်ဒဏ်ရာရရှိခဲ့ပါတယ်။

KNU သထုံခရိုင်မိတ်ဖက်ရေးရာ ကြီးကြပ်ကွပ်ကဲမှု ကော်မတီ ဥက္ကဋ္ဌ ဗိုလ်မှူးစောကျော်မြင့်က “တပ်တွင်းက ပြန်ရတဲ့ သတင်းအရ ဒဏ်ရာပြင်းထန်တဲ့ အမြောက်တပ် တပ်ရင်းမှူးကို ရဟတ်ယာဉ်နဲ့ နေပြည်တော်ဆေးရုံသို့ ပို့ထားတယ်လို့ ကြားရတယ်၊ သူက ဒီကို ပြောင်းလာတာ မကြာသေးဘူး” ဒီဗွီဘီကို ပြောပါတယ်။

စစ်ကောင်စီတပ်ရင်းတွေဟာ ကျေးရွာထဲကို နေ့စဉ်နဲ့အမျှ လက်နက်ကြီး ပစ်ခတ်နေတဲ့အတွက် အရပ်သားတွေ ထိခိုက်ဒဏ်ရာရတဲ့အပေါ် လက်တုံ့ပြန်တဲ့အနေနဲ့ အခုလို သွားရောက်တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်ရင်းတွေ တိုက်ခိုက်ခံရပြီးနောက် သထုံမြို့နယ် ဝီယော်တပ်စခန်းက မနေ့ ဇွန် ၉ ရက်နေ့ ည ၁၀ နာရီလောက်မှာ သိမ်ဆိပ်- ကျိုက်ကော်- လေးကေလမ်းပိုင်း တံတားတစ်ဆင်းကို ဘတ်ဟိုးထိုး ဖျက်ဆီးသွားတယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။

စစ်ကောင်စီတပ်က ဖျက်ဆီးလိုက်တဲ့ သိမ်ဆိပ်- ကျိုက်ကော်- လေးကေလမ်းပိုင်းရှိ ကျေးရွာချင်းဆက် တံတားဟာ လေးကေကျေးရွာအပါအဝင် ကျေးရွာ ၅ ရွာက ဒေသခံပြည်သူတွေ သုဝဏ္ဏဝတီမြို့ကို ကုန်စည်တွေ တင်ပို့နေတဲ့ အဓိက လမ်းပိုင်းတစ်ခု ဖြစ်ပါတယ်။

စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ မေလနောက်ဆုံးအပတ်ကလည်း မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ကျိုက်ထီးရိုးတောင်ခြေက ကင်မွန်းချောင်ကျေးရွာနဲ့ ဆောင်နိုင်ကြီးကျေးရွာချင်းဆက်လမ်း၊ ဝင်းကလောကျေးရွာအဝင်လမ်း၊ အင်္ဂဘိုလက်ပံပင်-မဲရုံးလေးကျေးရွာလမ်းတွေကို ဘက်ဟိုးတွေနဲ့ ထိုးပြီး ဖျက်ဆီးထားတယ်လို့ KNU သထုံခရိုင်က ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013