DVB Logo
Home
မြန်မာသတင်း
၅၂ နှစ်မြောက် ဆဲဗင်းဇူလိုင်အခမ်းအနား ကျင်းပ
DVB
·
July 7, 2014
၅၂ နှစ်မြောက် ဆဲဗင်းဇူလိုင်အခမ်းအနား ကျင်းပ
1 / 8
Donate to DVB

၅၂ နှစ်မြောက်  ဆဲဗင်းဇူလိုင် ကျောင်းသားအရေးအခင်း အောက်မေ့ဖွယ် အခမ်းအနားကို  ရန်ကုန်တက္ကသိုလ်ကျောင်းဝင်းထဲက  ကျောင်းသားသမဂ္ဂ အဆောက်အဦ တည်ရှိခဲ့တဲ့နေရာ ရှေ့မှာကျင်းပပြီး ကျဆုံးသွားခဲ့ကြတဲ့ ကျောင်းသားတွေအတွက် ဂုဏ်ပြုခဲ့ကြပါတယ်။

z2ရန်ကုန်မြို့မှာရှိတဲ့  တက္ကသိုလ်ပေါင်း စုံ ကျောင်းသားသမဂ္ဂတွေ စုပေါင်းပြီးတော့ ဒီကနေ့ ညနေပိုင်းမှာ အင်းလျားကန်ဘောင် ကနေ ရန်ကုန် တက္ကသိုလ်ကျောင်း သားသမဂ္ဂ၀င်းရှေ့ထိ  ခွပ်ဒေါင်းအလံ အနီနဲ့ အနက်ရောင်တွေ တိုင်တ၀က် ထူကာ စီတန်းလှည့်လည်ခဲ့ကြတာလည်းဖြစ်ပါတယ်။

z1ရန်ကုန် တက္ကသိုလ်ကျောင်းသား သမဂ္ဂ၀င်းရှေ့ အရောက်မှာ  အင်္ကျီဖြူနဲ့ လုံခြည်အမည်းရောင် တူညီဝတ်စုံ ၀တ်ဆင်ထားကြတဲ့  ကျောင်းသား၊ ကျောင်းသူ ၁၀၀ ကျော်က ကဗျာရွတ်တာ၊ သဝဏ်လွှာဖတ်တာ၊ အမှတ်တရသီချင်းများ သီဆိုတာ၊ အမှတ်တရစကား ပြောကြားတာ၊ အလေးပြုတာတွေ ပြုလုပ်ခဲ့ပါတယ်။

z3အခမ်းအနားမှာပါဝင်ခဲ့တဲ့ ရန်ကုန်စီးပွားရေး တက္ကသိုလ်ကျောင်း သားသမဂ္ဂအဖွဲ့ဝင် ဦးစည်သူမောင် ကတော့ ကျောင်း သားသမဂ္ဂ အဆောက်အအုံ ဗုံးဖောက်ခွဲခဲ့ရတဲ့ အထိမ်းအ မှတ်နဲ့ သွေးစွန်းခဲ့တဲ့ သမိုင်းကို မမေ့မလျော့ပြူလုပ်တာလို့ ဒီဗွီဘီကိုပြောပါတယ်။

z5“ကျောင်းသားသမဂ္ဂ အဆောက်အဦးကြီး ဗုံးခွဲခံလိုက်ရတာနဲ့ မန္တလေးဆောင်ရှေ့မှာ ပစ်သတ်ခံလိုက် ရတဲ့ ကျောင်းသားပေါင်း ၁၀၀ ကျော်ရဲ့ အသက်ဝိညာဉ်တွေကို ကျနော်တို့ အလေးပြုတဲ့အနေနဲ့ရော တချိန်တုန်းက သွေးစွန်းခဲ့တဲ့ သမိုင်းကို ကျနော်တို့ ကျောင်းသားသမဂ္ဂ မျိုးဆက်တွေ မမေ့မလျော့ ပြန်လည်သိရှိနားလည်လာဖို့နဲ့ သမဂ္ဂရဲ့ စိတ်ဓာတ်အစဉ်အလာ သမိုင်းကျောင်းတွေကို လက်ဆင့်ကမ်းသယ်ဆောင်ဖို့အတွက် ရည်ရွယ်ပြီး အခမ်းအနားကို ပြုလုပ်ဖြစ်တာပါ။”

z6ရန်ကုန် အနောက်ပိုင်းနည်းပညာ တက္ကသိုလ်ကျောင်းသူ မသံလွင်ထွန်းကလည်း ဇူလိုင် ၇ ရက်နေ့က ကျောင်; သားတွေ အတွက် အရေး ပါပြီး ကျောင်းတွေမှာ ဖွဲ့ထား တဲ့ ကျောင်းသား သမဂ္ဂတွေကိုလည်း တရားဝင်ဖွဲ့ပြီး လွတ်လပ်ခွင့်ပေးသင့်တယ်လို့ ပြောပါတယ်။

“ဒါက ကျောင်းသားတွေအတွက် အရေးပါတဲ့ နေ့တနေ့လည်းဖြစ်တယ်၊ ကျောင်းသားတွေဖြစ်တဲ့အတွက်လည်း ပါဝင်ရတာပေါ့။ သမီးတို့ကျောင်းဆိုရင် သမဂ္ဂက ယာယီပဲ ရှိသေးတယ်။ ကျောင်းသားသမဂ္ဂ အတည်မဖြစ်သေးဘူး။ ကျောင်းအတွင်းမှာ လွတ်လပ်ခွင့်ပေးပေါ့။”

z8ဒါ့အပြင်  ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့ မှာလည်း ဒီမိုကရေစီရေး စဉ်ဆက်မပြတ်လှုပ်ရှားမှု အင်အားစု (M.D.C.F) က  နိုင်ငံရေးတက်ကြွ လှုပ်ရှားသူတွေကလည်း  ဆဲဗင်းဇူလိုင် အရေးအခင်းမှာ ကျဆုံး သွားတဲ့ ကျောင်း သူကျောင်း သားတွေအတွက်  အောက်မေ့ဖွယ် အခမ်းအနား ကျင်းပခဲ့ပါတယ်။

unnamedလွန်ခဲ့တဲ့ နှစ် ၅၀ ကျော် ၁၉၆၂ ခုနှစ်က  ဖြစ်ပွားခဲ့တဲ့ ဆဲဗင်းဇူလိုင် အရေးအခင်းမှာ ဦးနေ၀င်းခေါင်းဆောင်တဲ့ အာဏာသိမ်းစစ် အစိုးရ က ကျောင်းသားတွေရဲ့ အခွင့်အရေးနဲ့ ရပိုင်ခွင့်တွေအတွက် တောင်းဆိုဆန္ဒပြခဲ့ကြတဲ့  ကျောင်းသားကျောင်းသူတွေကို  ပစ်ခတ် နှိမ်နင်းခဲ့သလို ဇူလိုင် ၈ ရက်နေ့  မနက်မှာလည်း  တက္ကသိုလ် ကျောင်းသားသမဂ္ဂ အဆောက်အဦကြီးကို ဖြိုချ ဖျက်ဆီးပစ်ခဲ့ပါတယ်။

unnamed1အဲဒီ အရေးအခင်းမှာ ကျောင်း သားတွေ ရာနဲ့ချီ သေဆုံးခဲ့တယ်လို့  အရေးအခင်းမှာ ပါဝင်ခဲ့ တဲ့ ကျောင်း သားဟောင်းတွေက ယုံကြည်နေကြပြီး ဒီအဖြစ်အပျက်ကို အောက်မေ့ သတိရတဲ့အနေနဲ့ရော ကျဆုံးသွားခဲ့ကြတဲ့ ကျောင်းသားတွေအတွက် ဂုဏ်ပြုတဲ့အနေနဲ့ပါ မျိုးဆက်သစ်ကျောင်းသားတွေက နှစ်စဉ် ဇူလိုင် ၇ ရက်ကျရောက်တိုင်း အထိမ်းအမှတ်လှုပ်ရှားမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013