DVB Logo
Home
မြန်မာသတင်း
ဒလမြို့နယ်တွင် ကျောင်းထိုင်ဆရာတော်တပါးကို မဟနအမိန့်ဖြင့် ဖယ်ရှား
DVB
·
July 7, 2014
ဒလမြို့နယ်တွင် ကျောင်းထိုင်ဆရာတော်တပါးကို မဟနအမိန့်ဖြင့်  ဖယ်ရှား
1 / 3
Donate to DVB

ရန်ကုန်တိုင်း  ဒလမြို့နယ် ကန်ဦးဘုန်းကြီးကျောင်းက ကျောင်းထိုင်ဆရာတော်ကို တိုင်း သံဃာ့မဟာနာယက အဖွဲ့ရဲ့  အမိန့်နဲ့  ဖယ်ရှားလိုက်ပါတယ်။

MAH01943.MP4.Still001ဒါပေမယ့် ဆရာတော်ရဲ့ ဒါယကာ ဒါယိကာမတွေကတော့  ဒါကိုလက်မခံဘဲ သူတို့ ကိုးကွယ်တဲ့ ဆရာတော်ကို ကျောင်း က ထွက်ခွင့်မပေးဘဲ ဆက်လက် သတင်းသုံးဖို့ ဆန္ဒရှိနေကြပါတယ်။

ဒလမြို့နယ်၊ ဆာပါချောင် ရပ်ကွက်မှာ ရှိတဲ့ ကန်ဦးကျောင်းထိုင်ဆရာတော် ဦးကုသလကို  ရန်ကုန်တိုင်း  သံဃမဟာနာယက အဖွဲ့က  ကျောင်းပိုင်ဆိုင်မှု ပြဿ    နာကို အကြောင်းပြုပြီး  ဇူလိုင် ၆ ရက်နေ့ ကျောင်းကနေထွက်ခွာဖို့  ခေါ်ယူလျှောက်ထားခဲ့တာပါ။

MAH01945.MP4.Still001ဆရာတော် ဦးကုသလက “မဟနရဲ့ ညွှန်ကြားစာအရ ဒီကျောင်းတိုက်က ဖယ်ရှားပေးရမယ်။ မဟနက ထွက်ခိုင်းတာ။ မဟနကို ဦးပ၀ရက ထွက်ပေးဖို့ တိုင်တာပေါ့။ ထွက်ပေးရမယ်၊ မထွက်ပေးရင် အမိန့်မနာခံမှုနဲ့ အရေးယူမယ်တဲ့” လို့ မိန့်ပါတယ်။

သူ့အနေနဲ့  မနေ့ညနေက ကျောင်းကထွက်သွားဖို့ စီစဉ်ခဲ့ပေမယ့် ရာနဲ့ချီတဲ့ ဒကာ၊ ဒကာမတွေက ကျောင်းကို လာရောက်ပြီး အတင်းတောင်းပန်ကာ  ကျောင်းပေါ်မှာ ပြန်နေစေခဲ့တယ်လို့ ဆရာတော်က မိန့်ပါတယ်။

ဆောက်လုပ်ခဲ့တာ ၂ နှစ်သာရှိသေးတဲ့ အဲဒီကျောင်းကို  ဖယ်ရှားခံရတဲ့ လက်ရှိကျောင်းထိုင် ဆရာတော် ဦးကုသလကို ရေစက်ချထားတာပါလို့ ကျောင်းဒါယကာ၊ ဒါယိကာမတွေက ပြောပါတယ်။

MAH01957.MP4.Still001ဒါယိကာမ ဒေါ်ကျင်စိန် က “ကျောင်းဟောင်းကြီးက ဘုရားရှိခိုးရင် သြကာသသြကာသ ဆိုရင် နောက်ကြောင်း ကိုပြည်ကြည့်ရင် ပြိုကျမှာစိုးလို့ စိတ်မချရတဲ့ အပိုင်းတွေ အများကြီးဖြစ်တယ်။ ဆရာတော် ကနေ ဆောက်လုပ်ဖို့ စုတော့ ဘယ်သူမှ မရှိဘူး။ ဆင်းရဲသူဆင်းရဲသားတွေဆိုတော့။ ဒီကျောင်းကို တယောက် တရက် ၁၀၀ နှုန်းနဲ့ ကောက်ခဲ့တာ။ အုတ်ခဲ့ကျောက်ဖိုးကို ရတဲ့ပိုက်ဆံလေးတွေနဲ့ ခွဲပေးရတာ။ အဲလိုအဖြစ်မျိုးနဲ့ ဆရာတော်က အတော်လေး ဒုက္ခခံပြီး ဆောက်ခဲ့ရတဲ့ ကျောင်းပါ” လို့ ပြောပါတယ်။

ကျောင်းကို ပိုင်တယ်လို့ပြောနေတဲ့ တိုင်းသံဃာ့မဟာနာယကအဖွဲ့ဝင် ဆရာတော် ဦးပ၀ရကိုတော့  ကျောင်းအဟောင်းတုန်းက အပ်ခဲ့ဖူးပေမယ့် ၇ နှစ်လောက်အတွင်း တကြိမ်ပဲ ကြွလာခဲ့ တယ်လို့လည်း ကျောင်းဒါယကာ၊ ဒါယိကာမတွေက ပြောပါတယ်။

ဦးသာဝရဟာ ကိုယ်တိုင်ကျောင်းမထိုင်ဘဲ လက်ရှိ ဆရာတော် ဦးကုသလကို ထိုင်စေခဲ့ပြီး ကျောင်းဆောင်သစ် ဖြစ်လာတဲ့နောက်ပိုင်းမှာ အခုလို ပိုင်ဆိုင်မှု ပြဿ   နာ  ကြုံရတာလို့လည်း ရွာသားတွေက  ပြောပါတယ်။   ဒီပြဿ    နာနဲ့ပတ်သက်ပြီး ဆရာတော် ဦးသာဝရနဲ့ ဆက်သွယ်မေးမြန်းနိုင်ခြင်းမရှိသေးပါဘူး။

မကြာသေးခင်ကလည်း ပိုင်ဆိုင်မှုအငြင်းပွားနေတဲ့ မဟာသန္တိသုခကျောင်းတိုက်နေ သံဃာတွေကို အဓမ္မ ဖမ်းဆီးအရေးယူခဲ့ပြီး  လက်ရှိ  တရားရင်ဆိုင်နေရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013