DVB Logo
Home
မြန်မာသတင်း
အစ္စရေးက မြန်မာစစ်အုပ်စုကို စစ်လက်နက်ပစ္စည်းများ ဆက်လက်တင်ပို့ရောင်းချနေ
DVB
·
June 9, 2023
အစ္စရေးက မြန်မာစစ်အုပ်စုကို စစ်လက်နက်ပစ္စည်းများ ဆက်လက်တင်ပို့ရောင်းချနေ
Donate to DVB

ရိုဟင်ဂျာလူမျိုးတုံးသတ်ဖြတ်မှု စွပ်စွဲချက်တွေနဲ့ မြန်မာစစ်တပ်အား စစ်လက်နက်ပစ္စည်းတွေ တင်ပို့ရောင်းချတာကို အမေရိကန်နဲ့ ဥရောပသမဂ္ဂ အပါအဝင် အနောက်နိုင်ငံတွေက ပိတ်ပင်ထားပေမယ့် အစ္စရေးကုမ္ပဏီတခုက စစ်လက်နက်ပစ္စည်းတွေကို ဆက်လက် တင်ပို့ရောင်းချပေးနေခဲ့တယ်လို့ Justice for Myanmar အဖွဲ့ရဲ့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။

ဇွန် ၈ ရက် မနေ့က ရက်စွဲနဲ့ ထုတ်ပြန်တဲ့ အဆိုပါ အစီရင်ခံစာထဲမှာတော့ အစ္စရေး စစ်လက်နက်ပစ္စည်းကုမ္ပဏီ CAA Industries က ထုတ်လုပ်တဲ့ လက်နက်တွေကို ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်၊ ဇူလိုင်လတုန်းက မြန်မာစစ်တပ်ဆီ လက်နက်တင်သွင်းပေးတဲ့ ကြားခံပွဲစားကုမ္ပဏီတခုကနေ တင်ပို့ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

တန်ချိန် ၂ တန်ရှိတဲ့ အဆိုပါ တင်ပို့မှုမှာတော့ ရိုင်ဖယ်သေနတ်တွေအတွက် လက်ကိုင်နဲ့ အစိတ်အပိုင်းတွေ ထုတ်လုပ်ရာမှာ အသုံးပြုနိုင်တဲ့ ပလပ်စတစ် ပိုလီမာပုံစံခွက်တွေ ပါဝင်တယ်လို့ ဆိုပါတယ်။

Justice for Myanmar အဖွဲ့ရဲ့ အစီရင်ခံစာအရ အဆိုပါပစ္စည်းတွေကို ဝယ်ယူတဲ့ ကြားခံအဖွဲ့ကတော့ အစ္စရေးကာကွယ်ရေး ကန်ထရိုက်တာတွေနဲ့ မြန်မာစစ်အုပ်စုတို့ကြား ပွဲစားအဖြစ် အရင်ကလည်း ဖော်ပြခဲ့ဖူးတဲ့ Star Sapphire Group ဖြစ်ပြီးတော့ ဒီကုမ္ပဏီကို အမေရိကန်နိုင်ငံက အခုနှစ်အစောပိုင်းမှာ ဒဏ်ခတ်အရေးယူထားတာ ဖြစ်ပါ တယ်။

CAA Industries အနေနဲ့ နိုင်ငံတကာလူ့အခွင့်အရေးနဲ့ လူသားချင်းစာနာထောက်ထားမှုဥပဒေကို လေးစားလိုက်နာဖို့ တာဝန်ရှိတဲ့အပြင် စီးပွားရေးနဲ့ လူ့အခွင့်အရေးဆိုင်ရာ နိုင်ငံတကာစံနှုန်းတွေအောက်မှာ အနုတ်လက္ခဏာဆောင်တဲ့ သက်ရောက်မှုတွေကို တားဆီးဖို့ ဒါမှမဟုတ် လျော့ပါးစေဖို့ ကုစားနိုင်ဖို့ တာဝန်ရှိတယ်လို့ Justice for Myanmar အဖွဲ့က ပြောလိုက်ပြီးတော့ စစ်လက်နက်ပစ္စည်းနဲ့ ဆက်စပ်ပစ္စည်းတွေ တင်ပို့ရောင်းချတာတွေအပါအဝင် မြန်မာစစ်အုပ်စုနဲ့  ပူးပေါင်းဆောင်ရွက်တာတွေကို ချက်ချင်းရပ်တန့် ပေးဖို့ တောင်းဆိုလိုက်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်ကတည်းက ရခိုင်ပြည်နယ်ထဲမှာ ရိုဟင်ဂျာတွေကို အစုလိုက် အပြုံလိုက် သတ်ဖြတ်တာတွေ အပါအဝင် မြန်မာစစ်တပ်က နယ်မြေရှင်းလင်းရေးတွေ လုပ်ဆောင်ခဲ့ပြီး နောက် အမေရိကန်နဲ့ ဥရောပနိုင်ငံတွေက ပိတ်ဆို့အရေး ယူမှုတွေကို ချမှတ်ခဲ့တာဖြစ်ပြီးတော့ ဒီလက်နက်ရောင်းချခွင့်ကို ဘယ်သူက ခွင့်ပြုခဲ့တာလည်းဆိုတာကို စုံစမ်းစစ်ဆေးဖို့လည်း တောင်းဆိုခဲ့ပါတယ်။

ရခိုင်ပြည်နယ်မှာ စစ်တပ်ရဲ့ အကြမ်းဖက် ဖြိုခွင်းမှုကြောင့် ရိုဟင်ဂျာဒုက္ခသည် ထောင်နဲ့ချီပြီး ထွက်ပြေးခဲ့ကြရပြီး အစ္စရေးက မြန်မာနိုင်ငံကို လက်နက်တွေ ဆက်လက် ရောင်းချပေးနေခဲ့တယ်လို့ Middle East Eye သတင်းဌာနက ၂၀၁၇ ခုနှစ်မှာ ဖော်ပြခဲ့ပါတယ်။

CAA Industries ကတော့ သူတို့ကုမ္ပဏီက အရပ်ဘက်သုံးအတွက်သာ လက်နက်ပစ္စည်းတွေ ထုတ်လုပ်ကြောင်းနဲ့ စစ်ဘက်နဲ့ ကာကွယ်ဆေးဆိုင်ရာ ကိစ္စတွေမှာတော့ ဥပဒေနဲ့ အညီ ဆောင်ရွက်တယ်လို့ အစ္စရေးသတင်းဌာန Haaretz ကို ပြောဆိုခဲ့ပါတယ်။

မြန်မာနိုင်ငံကို ရောင်းချပေးခဲ့တဲ့ အထဲမှာတော့ တင့်ကားအစီး ၁၀၀ ကျော်၊ စစ်လက်နက်ပစ္စည်းတွေနဲ့ လှေတွေ ပါဝင်တယ်လို့ လူ့အခွင့်အရေးဆိုင်ရာ စောင့်ကြည့်လေ့လာ နေတဲ့အဖွဲ့တွေက ပြောဆိုထားပြီး အစ္စရေးကတော့ အဲဒီနှစ်ကတည်းကစပြီး လက်နက် တင်ပို့မှုကို ရပ်ဆိုင်းခဲ့တယ်လို့ ပြောထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013