DVB Logo
Home
မြန်မာသတင်း
ချင်းအမျိုးသမီးခေါင်းဆောင်များကို အရေးယူမှု ရပ်တန့်ပေးရန် တောင်းဆို
DVB
·
July 7, 2014
ချင်းအမျိုးသမီးခေါင်းဆောင်များကို အရေးယူမှု ရပ်တန့်ပေးရန် တောင်းဆို
Donate to DVB

အမျိုးသမီးများ အကြမ်းဖက်ခံရမှု ရပ်တန့်ရေး ဆန္ဒပြခဲ့တဲ့ ချင်းအမျိုးသမီး ခေါင်းဆောင်တွေကို အာဏာပိုင်တွေက တရားစွဲတဲ့ကိစ္စဟာ အမျိုးသမီးတွေကို နှိပ်ကွပ်ရာ ရောက်ပြီး ဒီလုပ်ရပ်ကို ရပ်တန့်ပေးဖို့  ထုတ်ပြန်တောင်းဆိုထားပါတယ်။

ဒါ့အပြင် အမျိုးသမီးတို့ရဲ့ ဘ၀လုံခြုံရေးတောင်းဆိုချက်ကို အလေးထားဆောင်ရွက်ပေးဖို့၊ အမျိုးသမီးတွေပေါ် နည်းမျိုးစုံနဲ့ နှိပ်ကွပ်နေတာကို ရပ်တန့်ပေးဖို့၊  အမျိုးသမီးတွေအပေါ် မတရားအနိုင်ကျင့်တဲ့ တရားခံတွေကိုလည်း ထိရောက်တဲ့  ပြစ်ဒဏ်ချမှတ်ပေးဖို့နဲ့ စစ်တပ်အနေနဲ့ နောက်နောင်အမျိုးသမီးတွေကို အနိုင်မကျင့်ဘူးဆိုတဲ့ ကတိက၀တ်အာမခံပေးဖို့ သက်ဆိုင်ရာ အာဏာပိုင်တွေကို တောင်းဆိုကြောင်း ဇူလိုင် ၇ ရက်နေ့ နေ့စွဲနဲ့ ထုတ်ပြန်ထားပါတယ်။

[caption id="attachment_59794" align="alignright" width="300"]ပြီးခဲ့သည့်လက မတူပီမြို့မှာ ဆန္ဒထုတ်ဖော်ခဲ့ကြစဉ် (chinlandguardian.com) ပြီးခဲ့သည့်လက မတူပီမြို့မှာ ဆန္ဒထုတ်ဖော်ခဲ့ကြစဉ် (chinlandguardian.com)[/caption]

ပြီးခဲ့တဲ့ ဇွန်လဆန်းပိုင်း က ရေဇွာ မှာ ဒေသခံအမျိုး သမီးတဦးကို အစိုးရတပ်သား တဦးက မတရားကျင့်ဖို့ ကြိုးစားခဲ့ကြောင်း၊ အဲဒီဖြစ်ရပ်မှာ အမျိုးသမီးက ပြန်ခု ခံတဲ့အတွက် ဒဏ်ရာနဲ့ ဆေးရုံ တက်နေရပြီး ကျူးလွန်သူ တပ်သား ဘက်က ငွေကျပ် ၁ သိန်း နဲ့ ခေါက်ဆွဲခြောက် ၁၅ ထုတ်သာ အလျော်ပေး ညှိနှိုင်းခဲ့တဲ့အတွက် အဲဒီထက် ကြီးလေးတဲ့ ပြစ်ဒဏ်ကို ချပေးဖို့ ချင်းအမျိုးသမီးအဖွဲ့က လိုလားနေတာ ဖြစ်ပါတယ်။

ဒီကိစ္စအပါအ၀င် တခြားအမျိုးသမီးတွေ အိမ်တွင်းအကြမ်းဖက်ခံရမှု ဖြစ်နေတဲ့ကိစ္စ ပပျောက်ရေး ဆန္ဒပြဖို့ ခွင့်တောင်းစဉ်ကလည်း ရေဇွာမြို့နယ်အုပ်ချုပ်ရေးမှူးက  ဒီလို လုပ်ခြင်းအားဖြင့် ဒေသတွင်း ဖွံ့ဖြိုးရေးစီမံကိန်း ၅ နှစ်ကျော် နောက်ကျသွားမှာ ဖြစ်တဲ့အတွက် ခွင့်မပြုနိုင်ကြောင်း၊ အတင်း ဆနွပြလို့ ရဲတွေက ပစ်ခတ်နှိမ်နင်းရင်လည်း တာဝန်မခံဘူးလို့ ခြိမ်းခြောက်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါပေမယ့် အမျိုးသမီးတွေဘက်ကတော့ ခွင့်ပြုချက်မရတဲ့ကြားက ရေဇွာမြို့မှာ အင်အား ၄၀၀ ကျော်၊ မတူပီမှာ ၃၀၀ ကျော် ဇွန် ၂၄ ရက်နေ့မှာ ဆန္ဒပြခဲ့ကြပြီး ခေါင်းဆာင် ၈ ဦးကတော့ လက်ရှိ တရားရုံးမှာ အမှုရင်ဆိုင်နေရတဲ့အတွက် ဇူလိုင် ၈ ရက်နေ့မှာ ထပ်မံ ရုံးချိန်းရှိ သေးတယ်လို့ သိရပါတယ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013