DVB Logo
Home
မြန်မာသတင်း
ချင်းပြည်တွင် စစ်အုပ်စုက အရပ်ဝတ်ဖြင့် ဝင်ရောက်နေ၍ ဒေသခံများမှအပ ပြင်ပခရီးသည် ဝင်ခွင့်တားမြစ်
DVB
·
June 8, 2023
ချင်းပြည်တွင် စစ်အုပ်စုက အရပ်ဝတ်ဖြင့် ဝင်ရောက်နေ၍ ဒေသခံများမှအပ ပြင်ပခရီးသည် ဝင်ခွင့်တားမြစ်
Donate to DVB

အကြမ်းဖက်စစ်အုပ်စုက ချင်းပြည်နယ်ထဲကို အများပြည်သူ ခရီးသွားယာဉ်တွေကို အသုံးပြုပြီး အရပ်ဝတ်တွေနဲ့ ဝင်ရောက်ကာ စစ်ရေးအင်အားဖြည့်တင်းနေတာကြောင့် ဒေသခံ ချင်းပြည်သူတွေက လွဲပြီးတော့ ပြည်နယ်ထဲကို ပြင်ပခရီးသည်တွေ ဝင်ရောက်ခွင့် တားမြစ်လိုက်တယ်လို့ ချင်းအမျိုးသားတပ်ဦး (Chin National Front) က ထုတ်ပြန်ပါတယ်။

ဇွန် ၈ ရက် ဒီကနေ့ရက်စွဲနဲ့ ထုတ်ပြန်ချက်မှာတော့ အများပြည်သူ ခရီးသွားယာဉ်တွေကိုလည်း စစ်တပ်အဖွဲ့ဝင်၊ ဒါမှမဟုတ် လက်နက်ခဲယမ်း၊ စစ်ဘက်ဆိုင်ရာပစ္စည်းတွေ သယ်ယူပို့ဆောင်တာတွေကို တားမြစ်လိုက်တာပါ။

တကယ်လို့ ချင်းပြည်နယ်အတွင်းကို လာရောက်ဖို့ အရေးကြီးကိစ္စရှိရင်တော့ သက်ဆိုင်ရာ CDF နဲ့ PDF တို့ရဲ့ ထောက်ခံစာနဲ့သာ ဝင်ခွင့်ပြုသွားမယ်လို့ ဆိုပါတယ်။

ဒါဟာ နောက်ထပ်အမိန့်တစုံတရာ ထုတ်ပြန်မှုမရှိမချင်း အတည်ဖြစ်ပြီးတော့ အသိပေး ထုတ်ပြန်ချက်ပါ အချက်တွေကို ချိုးဖောက်ပါက ပြင်းထန်စွာ အရေးယူသွားမယ်လို့ ပြောပါတယ်။

ချင်းပြည်နယ်ဟာ မြန်မာ့နွေဦးတော်လှန်ရေး စတင်ချိန်ကတည်းက တူးမီးသေနတ်နဲ့ စစ်အာဏာရှင်ကို တွန်းလှန်တိုက်ပွဲဝင်ခဲ့တဲ့ ပြည်နယ်တခုဖြစ်ပြီး လက်ရှိကာလအထိတိုင် စစ်တပ်က မြေပြင်ကရော၊ ဝေဟင်ကပါ ထိုးစစ်ဆင် တိုက်ခိုက်ခံနေရတဲ့ ဒေသတခု ဖြစ်ပါတယ်။

ပြည်နယ်အနှံ့မှာလည်း ဒေသခံ ချင်းတော်လှန်ရေးအင်အားစုတွေနဲ့ တိုက်ပွဲပြင်းထန်နေသလို စစ်အုပ်စုက အရပ်သားတွေကို ပစ်မှတ်ထားပြီးတော့ လေယာဉ်တွေနဲ့ နေ့စဉ် ဗုံးကြဲတိုက်ခိုက်နေတာတွေကိုလည်း ကြုံတွေ့နေရတာပါ။

နိုင်ငံတဝန်းမှာတော့ မြန်မာပြည်သူတွေဟာ စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ အပြီးတိုင် ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် ငြိမ်းချမ်းစွာ ဆန္ဒပြတဲ့ လူထုသပိတ်တိုက်ပွဲတွေ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေအနှံ့အပြား ပြုလုပ်နေကြသလို ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေ၊ တိုင်းရင်းသား လက်နက်ကိုင်တပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။

NUG အစိုးရကတော့ အစိုးရဖွဲ့စည်းတဲ့ ၂ နှစ်တာ ကာလအတွင်း PDF တပ်ရင်းနဲ့ စစ်ကြောင်း ၃၀၀ ကျော် အပါအဝင် ရပ်ရွာအခြေပြု ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တွေကိုလည်း မြို့နယ်ပေါင်း ၂၅၀ ကျော်မှာ စနစ်တကျ ဖွဲ့စည်းတည်ထောင်ထားပြီး ဖြစ်တယ်လို့ ပြောပါတယ်။

ဒါ့အပြင် ပြည်သူ့ခုခံတွန်းလှန်စစ်အတွင်း ခန့်မှန်းရန်သူ့အင်အား ၃၀,၀၀၀ လောက် ထိခိုက် သေဆုံးတဲ့အထိ ချေမှုန်းနိုင်ခဲ့ပြီး ၁၀,၀၀၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားကာ စစ်အာဏာသိမ်းမှုကို လက်မခံတဲ့ တပ်မတော်သားနဲ့ ရဲဦးရေ ၁၃,၀၀၀ ကျော် ပြည်သူ့ရင်ခွင် ခိုလှုံလာခဲ့တယ်လို့လည်း ဆိုပါတယ်။

မြန်မာပြည်အနှံ့ တိုက်ပွဲတွေမှာ တပ်ဖွဲ့ဝင်တွေ သေဆုံးဒဏ်ရာရမှု အခြေအနေနဲ့ ပတ်သက်လို့ အကြမ်းဖက် စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်တာ မရှိပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013