DVB Logo
Home
မြန်မာသတင်း
မတူပီ-မင်းတပ် ကားလမ်းမကြီးကို CDF မတူပီက ယာယီပိတ်
DVB
·
June 8, 2023
မတူပီ-မင်းတပ် ကားလမ်းမကြီးကို CDF မတူပီက ယာယီပိတ်
Donate to DVB

ချင်းပြည်နယ် မတူပီ-မင်းတပ် ကားလမ်းမကြီးမှာ တိုက်ပွဲတွေပြင်းထန်နိုင်လို့ အခုရက်ပိုင်း အဲ့ဒီလမ်းမကြီးမှာ ခရီးသွားလာခြင်းမပြုဖို့ CDF မတူပီက အသိပေး ထုတ်ပြန်ပါတယ်။

မတူပီမြို့အခြေစိုက် တပ်စခန်းက အင်အား ၁၂၀ ခန့်ရှိ စစ်ကောင်စီစစ်ကြောင်းဟာ ဇွန် ၆ ရက် မနက် ၈ နာရီခွဲလောက်မှာ မတူပီ-မင်းတပ် ကားလမ်းမကြီးအောက်ဘက် ရမ်တိန်းကျေးရွာဟောင်းအတွင်းကို လက်နက်တွေနဲ့ပစ်ခတ်ကာ ရွာတွင်းစီးနင်း ဝင်ရောက်ခဲ့ပါတယ်။

အဲဒီနေ့ မနက် ၉ နာရီလောက်မှာ တပ်စွဲထားတဲ့ စစ်အုပ်စုကို CDF မတူပီက လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကျေးရွာအထက် ၂ မိုင်အကွာကို ဆုတ်ခွာ တပ်စခန်းချခဲ့ပါတယ်။ အဲ့ဒီအချိန်ကစပြီး လမ်းကို ယာယီပိတ်ထားခဲ့တာပါ။

CDF မတူပီ ပြန်ကြားရေးတာဝန်ခံက “အခု စစ်ကြောင်းက ခြေလျင်နဲ့ လာကြတယ်ဆိုတော့ ကားလမ်းအတိုင်းသွားတာ သိပ်နည်းတယ်။ တောနင်းပြီး လာကြတယ်ဆိုတော့ ပြည်သူအတွက် အရမ်းစိုးရိမ်ရတယ်။ တိုက်ပွဲက အချိန်မရွေး ပြန်ဖြစ်နိုင်တယ်။ ကျနော်တို့တပ်ဖွဲ့တွေ ညွှန်ကြားချက်အတိုင်း စည်းကမ်းတွေ လိုက်နာပေးကြဖို့နဲ့ စစ်ရှောင်တဲ့ပြည်သူတွေအနေနဲ့ စစ်ရှောင်စခန်းမှာပဲ နေပေးဖို့၊ ညဘက် အပြင်လုံးဝမထွက်ကြဖို့ ပြောချင်တယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

ဇွန် ၆ ရက်က အပြန်အလှန်ပစ်ခတ်တိုက်ပွဲကြောင့် ရမ်တိန်းကျေးရွာနဲ့ အနီးတဝိုက် ရွာက ဒေသခံပြည်သူတွေဟာ စစ်ရှောင်စခန်းတနေရာမှာ လက်ရှိ နေထိုင်နေရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013