DVB Logo
Home
မြန်မာသတင်း
တနင်္သာရီတွင် စစ်တပ်က အမျိုးသား ၅ ဦးကို ဖမ်းဆီး
DVB
·
June 8, 2023
တနင်္သာရီတွင် စစ်တပ်က အမျိုးသား ၅ ဦးကို ဖမ်းဆီး
Donate to DVB

စစ်အုပ်ချုပ်ရေး ကြေညာထားတဲ့ တနင်္သာရီမြို့နယ်ထဲက ညောင်ပင်ကုန်းကျေးရွာမှာ  ရွာသား အမျိုးသား ၅ ဦးကို စစ်ကောင်စီတပ်က ဖမ်း‌ဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဇွန် ၇ ရက် နေ့လယ် ၂ နာရီဝန်းကျင်လောက်မှာ ခမရ ၅၅၇ တပ်နဲ့ ၃ဝ၆ အမြောက်တပ်တို့က‌နေ ဖမ်း‌ဆီးခဲ့တာဖြစ်ပြီး အဖမ်းခံရသူတွေထဲက အမျိုးသမီးတွေကို အဆိုပါနေ့ကတည်းက ပြန်လွှတ်ပေးလိုက်ကာ အမျိုးသားတွေကိုတော့ ၄၄၃ တောင်ပေါ်ကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။

“ဒီရွာနားမှာ ၄၃၃ ဘုရားတောင်ကုန်းရှိတယ်။ သူတို့တပ် မကြာကြာ လာထိုင်တဲ့နေရာပေါ့။ ရှေ့လလောက်က ဆေးလည်း ပြန်သုတ်ထားတယ်ပြောတယ်။ လက်ရှိ အဖမ်းခံရတဲ့သူတွေက အရင်ကတော့ စစ်ရှောင်ကြပေမဲ့ ဒီတခေါက်က မရှောင်ကြဘူးထင်တယ်လို့တော့ ပြောတယ်။”

ဖမ်းဆီးခံရသူတွေမှာ အရင်တခေါက် တိုက်ပွဲဖြစ်တုန်းက စစ်ရှောင်ခဲ့သူတွေဖြစ်ကြပေမဲ့ အခုလက်ရှိမှာတော့ ‌စစ်ရှောင်ထွက်မပြေးဘဲနဲ့ ကျေးရွာထဲမှာ ဆက်နေထိုင်ကြတဲ့အတွက် ဖမ်းဆီးသွားတာ ဖြစ်နိုင်တယ်လို့လည်း ပြောပါတယ်။

“အဖမ်းခံရတာက ၉ ဦးလောက်ရှိမယ်။ မိန်းမတွေကို ပြန်လွှတ်ပြီး ယောက်ျားတွေကိုတော့ ၄၃၃ တောင်ပေါ်ကို ခေါ်သွားတယ်လို့ သိရတယ်။ သိပ်ပြီးတော့ မပြေးကြတော့ဘူးလို့တော့ သိရတယ်။ စစ်တပ်က ခြိမ်းခြောက်မှုတချို့ လုပ်ခဲ့တာကြောင့်လို့လည်း သိရတယ်။ ဘယ်လိုမျိုး ခြိမ်းခြောက်လဲတော့ မသိဘူး။”

တနင်္သာရီမြို့နယ်မှာ စစ်ရေးတင်းမာလာနေတဲ့အတွက် ညောင်ပင်ကုန်းကျေးရွာ အပါအဝင် အနီးအနား ကျေးရွာတွေဖြစ်တဲ့ ဘန်းလမွတ်၊ ရမ်းဖို၊ ချောင်းညီကို ကျေးရွာတွေမှာ အရင်တပတ်လောက်တည်းက ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေကြတယ်လို့လည်း သိရပါတယ်။

ပြီးခဲ့တဲ့ ဇွန် ၆ ရက်ကလည်း ချောင်းညီကိုကျေးရွာက ဘုန်းကြီးကျောင်းပေါ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို ဒေသတွင်း ပြည်သူ့ကာကွယ်ရေး ပူး‌ပေါင်းတပ်ဖွဲ့ကနေ ကြားညှပ်တိုက်ခိုက်ခဲ့ပြီးနောက် စစ်တပ်က လက်နက်ကြီးတွေနဲ့ ကျေးရွာတွေပေါ်ကို အဆက်မပြတ် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့လည်း သိရပါတယ်။

တနင်္သာရီမြို့နယ်မှာ စစ်ရေးတင်းမာလာ‌နေပြီး စစ်‌ကောင်စီတပ်က စစ်ကြောင်းထိုးလာတာတွေ ရှိနေတဲ့အတွက် စစ်ရှောင်တွေမှာ နေရပ်မပြန်ရဲကြဘဲ ဘေးလွတ်ရာဒေသတွေကို တိမ်းရှောင်နေထိုင်နေရကြောင်း သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013