DVB Logo
Home
မြန်မာသတင်း
မန္တလေး ပဋိပက္ခ ဆူပူမှုတွင် မူးယစ်ဆေးသုံးသူများ ပါဝင်နိုင်ဟုဆို
DVB
·
July 7, 2014
မန္တလေး ပဋိပက္ခ ဆူပူမှုတွင် မူးယစ်ဆေးသုံးသူများ ပါဝင်နိုင်ဟုဆို
Donate to DVB

မန္တလေးတိုင်းဒေသကြီးလွှတ်တော် အထူးအစည်းအဝေးမှာ ဖြစ်ပြီးခဲ့တဲ့ မန္တလေးမြို့ ပဋိပက္ခအတွင်း ဆူပူသူတွေတချို့ဟာ မူးယစ်ဆေးသုံးစွဲသူတွေ ပါဝင်နိုင်တယ်လို့ တိုင်းဒေသကြီး လွှတ်တော်အမတ်တွေက ဆိုပါတယ်။

10416576_727063843998785_8039757665792973660_nပထမအကြိမ် မန္တလေးတိုင်းဒေသကြီး လွှတ်တော် အထူးအစည်းအဝေးကို ဒီနေ့ ကျင်းပ ပြုလုပ်ရာမှာ ဇူလိုင်လအတွင်း ဖြစ်ပေါ် ခဲ့တဲ့ မန္တလေးမြို့ ပဋိပက္ခအတွင်း ပါဝင်နေတဲ့ လူငယ်အများစုမှာ မူးယစ်သုံးစွဲတာ ရှိနိုင်တယ်လို့ ချမ်းအေးသာစံမြို့နယ် တိုင်းလွှတ်တော်အမတ် ဒေါ်တင်တင်မာက ဆိုပါတယ်။

အဲဒါကြောင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးကို အမျိုးသားရေးတာဝန်တရပ်အနေနဲ့ တိုက်ဖျက် ဆောင်ရွက်သင့်ပြီလို့ ထင်မြင်ယူဆတဲ့အကြောင်း မူးယစ်ဆေးဝါးနဲ့ စိတ်ကို ပြောင်းလဲစေတဲ့ ဆေးဝါး သုံးစွဲရောင်းဝယ်နေမှု များပြားနေတာကြောင့် မည်သို့ ဆောင်ရွက်ပေးမလဲလို့ ဒေါ်တင်တင်မာက မေးမြန်းအဆိုပြုခဲ့ပါတယ်။

“မန္တလေးမြို့မှာ ဖြစ်ပေါ်ခဲ့တဲ့ ပဋိပက္ခကို လေ့လာမယ်ဆိုရင် နှစ်ဦးနှစ်ဖက်ကြောင့် ပါဝင်တဲ့သူတွေဟာ လူငယ်ပိုင်း၊ လူလတ်ပိုင်းတွေ ပါဝင်တာကို သိရပါတယ်။ တချို့သော ပါဝင်တဲ့သူတွေဟာ သာမန်ပုံစံမဟုတ်ဘဲနဲ့ မူးယစ်ဆေးဝါးများ သုံးစွဲမှုကြောင့် ဖြစ်သင့်သည်ထက် ပိုမိုပြီးကျယ်ပြန့်စွာ ဖြစ်တယ်ဆိုတာ ထင်မြင်ရပါတယ်။”

ဒီမေးမြန်းချက်အပေါ် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီးဌာန ၀န်ကြီး ဗိုလ်မှူးကြီး အောင်ကျော်မိုးကတော့ ယခင် ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးစာရင်းနဲ့ ဇွန် ၂၆ ရက်နေ့က အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနဲ့ တရားမ၀င်ရောင်းဝယ်မှု တိုက်ဖျက်ရေး အထိမ်းမှတ်အဖြင့် မီးရို့ဖျက်ဆီးခဲ့တဲ့ အခြေအနေကိုသာ ပြောပြခဲ့ပါတယ်။

ဇူလိုင်လဆန်းက မန္တလေးမြို့ပေါ်မှာ ဖြစ်ပေါ်ခဲ့တဲ့ လူစုလူဝေးနဲ့ ဆူပူမူမှာ မူးယစ်ဆေးဝါးသုံးစွဲခဲ့တဲ့အကြောင်း ထည့်သွင်း ပြောကြားသွားခြင်း မရှိပါဘူး။

ဇူလိုင် ၂ ရက်နဲ့ ၃ ရက်နေ့တို့မှာ ဖြစ်ပွားခဲ့တဲ့ မန္တလေးမြို့ ရုန်းရင်းဆန်ခတ်မှုအတွင်း လူ ၂ ဦး သေဆုံးခဲ့ပြီး မြို့နယ် ၇ ခုမှာ ညမထွက်ရအမိန့် ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013