DVB Logo
Home
မြန်မာသတင်း
ယခုနှစ် ၅ လအတွင်း ပြည်ပအလုပ်အကိုင်အေဂျင်စီအသစ် ၆၀ ကျော် ထပ်တိုးဖွင့်လှစ်
DVB
·
June 7, 2023
ယခုနှစ် ၅ လအတွင်း ပြည်ပအလုပ်အကိုင်အေဂျင်စီအသစ် ၆၀ ကျော် ထပ်တိုးဖွင့်လှစ်
Donate to DVB

အခုနှစ်ရဲ့ ၅ လတာ ကာလအတွင်းမှာ ပြည်ပအလုပ်အကိုင်ရှာဖွေရေး အေဂျင်စီ အရေအတွက် ၆၅ ခုအထိ ထပ်တိုးဖွင့်လှစ်ခဲ့တယ်လို့ အဲဒီလုပ်ငန်းအသိုက်အဝန်းက သိရပါတယ်။

ဒီနှစ်မတိုင်ခင်က ပြည်ပအလုပ်အကိုင်ရှာဖွေရေး အေဂျင်စီအရေအတွက် ၃၇၀ လောက်သာ ရှိပေမဲ့ အေဂျင်စီ ၆၅ ခု ထပ်တိုးလာတာကြောင့် လက်ရှိမှာ ပြည်ပစေလွှတ်ခွင့်လိုင်စင် ရရှိထားတဲ့ အေဂျင်စီ ၄၃၀ ကျော်အထိ ရှိလာတယ်လို့ အလုပ်သမားညွှန်ကြားရေး ဦးစီးဌာနရဲ့ ထုတ်ပြန်ချက်တွေက ဆိုပါတယ်။

အဲဒီအေဂျင်စီ ၄၃၀ ကျော်ထဲက ၉ ခုကတော့ လိုင်စင် ယာယီပိတ်သိမ်းခံထားရပါတယ်။

အခုလို အေဂျင်စီအသစ်တွေ တိုးလာတာဟာ လက်ရှိ ပြည်ပကိုသွားရောက်လိုတဲ့ လုပ်သားစျေးကွက်ကြောင့် အမြတ်ထုတ်လိုမှုနဲ့ ဝင်ရောက်လာသူတွေ ပါတယ်လို့လည်း အေဂျင်စီ အသိုက်အဝန်းက ဆိုပါတယ်။

အမည်မဖော်လိုသူ ပြည်ပအလုပ်အကိုင်အေဂျင်စီ လုပ်ငန်းရှင်တဦးက “တချို့တွေဆို ပွဲစားလောကကနေ ဝင်လာတာ။ လိုင်စင်ယူပြီး ဘောင်ထဲကနေ ပြောင်ပြောင်တင်းတင်း လုပ်စားမယ်ဆိုတဲ့သူတွေ ပါတယ်” လို့ ပြောပါတယ်။

တချို့ကတော့ လုပ်ငန်း အမှန်တကယ် လုပ်ကိုင်ချင်လို့ ဝင်ရောက်လာသူတွေ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

လက်ရှိမှာ ပြည်ပအလုပ်အကိုင်အေဂျင်စီ ဖွင့်လှစ်လုပ်ကိုင်လိုပါက လိုင်စင်သစ်လျှောက်ဖို့ အာမခံစပေါ်ငွေ ကျပ်သိန်း ၂၅၀ နဲ့ ရွှေ့ပြောင်းနိုင်တဲ့ အာမခံငွေ ကျပ်သိန်း ၁,၀၀၀ ပြရတယ်လို့ သိရပါတယ်။

၂၀၁၃ ခုနှစ် နိုဝင်ဘာလအထိ တရားဝင်အေဂျင်စီ ၁၇၀ ကျော်သာ ရှိခဲ့ရာကနေ အခုဆို အဲဒီအချိန်ကထက် အေဂျင်စီ သုံးဆနီးပါး တိုးလာတာလည်း ဖြစ်ပါတယ်။

ပြည်တွင်းမှာ အလုပ်အကိုင် အခွင့်အလမ်း ရှားပါးတာ၊ လုပ်ခနည်းပါးတာတွေကြောင့် ပြည်ပကို သွားရောက်လုပ်ကိုင်လိုသူတွေ များနေပေမဲ့ တဖက်မှာ လုပ်သားခေါ်ယူမှုကတော့ သိသိသာသာ တက်မလာဘူးလို့ အဲဒီလုပ်ငန်းအသိုင်းအဝိုင်းကနေ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013