DVB Logo
Home
မြန်မာသတင်း
ညမထွက်ရအမိန့်ကြောင့် တက္ကစီမောင်းသူများ အခက်ကြုံ
DVB
·
July 7, 2014
ညမထွက်ရအမိန့်ကြောင့် တက္ကစီမောင်းသူများ အခက်ကြုံ
Donate to DVB

ကာဖျူးအမိန့်ကြောင့် မန္တလေးက အဝေးပြေးယာဉ်လိုင်းနဲ့ ရထားခရီးစဉ်တွေ ယာယီ အချိန်ပြောင်းလဲရပေမယ့် မှီခိုလုပ်ကိုင်စားသောက်နေသူတွေအတွက် စားဝတ်နေရေး အခက်အခဲတွေနဲ့ တွေ့ကြုံနေရပါတယ်။

မန္တလေးမြို့မှာ ဇူလိုင် ၃ ရက်နေ့ကစပြီး ညမထွက်ရ အမိန့်ထုတ်ပြီးနောက်ပိုင်း အဝေးပြေး ခရီးစဉ်နဲ့ ရထားခရီးစဉ်တွေရဲ့ ညပိုင်း သွားလာပို့ဆောင်ရေးအချိန်တွေကို အမှီပြု လုပ်စားနေတဲ့သူတွေ အခက်အခဲတွေနဲ့ ကြုံတွေ့နေရပါတယ်။

mandalay taxiမန္တလေးဘူတာကြီးမှာ တက္ကစီယာဉ်မောင်းနေ တဲ့ ဦးငွေစိုးက “ညကို ကာဖျူးထုတ်ထားတော့ ညသမားက ညအလုပ် မလုပ်ရတော့ ဘူး၊ နေ့ခင်းကိုလာပြီး ၀မ်းစာအတွက် လာရှာရတာပေါ့။ ခရီးသွားတွေကလည်း ချွေတာပြီး ရှာကြရတော့ နေ့သမားနဲ့ ညသမားရော ခရီးသည်ရှာရတာ အခက်အခဲဖြစ်တယ်။ တနေ့ကို ၅၀၀၊ ၁၀၀၀ ရတဲ့နေ့တွေလည်း ရှိတယ်။ ကာဖျူးထုတ်ပြီးနောက်ပိုင်း ဈေးဦးမပေါက်တဲ့ နေ့တွေက များနေတယ်။ ဟိုနေ့ကဆို ၅၀၀ ပဲ ရတယ်။ အရင်ကဆို မနက်ပိုင်းလောက်တင် ၆၀၀၀ လောက် ရနေပြီ” လို့ ပြောပါတယ်။

ဆိုင်ကယ်တက္ကစီ ယာဉ်မောင်း ကိုအောင်နိုင်က “အရင်တုန်းကဆို ၇ ထောင်၊ ၈ ထောင်၊ ၁ သောင်း နီးပါးလောက်ရတယ်။ ကာဖျူးထုတ်ပြီးနောက်ပိုင်း မနေ့ကဆို ၁၅၀၀ ပဲရတယ်။ ၅၀၀ လောက်ကစ လိုက်နေရတယ်။ အရင်တုန်းက အဲလိုခေါ်ရင် မလိုက်ဘူး” လို့ ပြောပါတယ်။

ည ၉နာရီ ကနေ မနက် ၅ နာရီအထိ ညမထွက်ရ အမိန့်ထုတ်ပြန်ချက်ကြောင့် မန္တလေးကနေ ရန်ကုန်နဲ့ နေပြည်တော်ကို ညပိုင်းထွက်မယ့်  အဝေးပြေးယာဉ်လိုင်း ခရီးစဉ်တွေကို အချိန်ရွှေ့ပြောင်းလိုက်ပါတယ်။

မန္တလေးမှ ည ၉နာရီခွဲနဲ့ ၁၀ နာရီ ထွက်ခွာမယ့် အဝေးပြေးခရီးစဉ်တွေကို ညပိုင်း ၈နာရီနဲ့ ၈နာရီခွဲကို နောက်ဆုံးထား ပြေးဆွဲခိုင်းပါတယ်။

အဲဒါအပြင် ရထားခရီးစဉ်တွေမှာလည်း မန္တလေးကနေ ထွက်ခွာမယ့် အဆန်ရထား မတ္တရာ၊ လားရှိုး၊ ရန်ကုန်နဲ့ မြစ်ကြီးနား ရထားခရီးစဉ်တွေကိုလည်း ဇူလိုင် ၃ ရက်နေ့ကစပြီး ယာယီ အချိန်ပြောင်းလဲလိုက်ပါတယ်။

မတ္တရာခရီးစဉ်ကို နံနက် ၅ နာရီ ၁၅ မိနစ်၊ လားရှိုးခရီးစဉ်ကို နံနက် ၅ နာရီ ၄၅ မိနစ်၊ ရန်ကုန်ခရီးစဉ်ကို နံနက် ၆ နာရီ ၊ မြစ်ကြီးနားခရီးစဉ်ကို နံက် ၆ နာရီ ၁၅ မိနစ် ပြေးဆွဲသွားမှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013