DVB Logo
Home
မြန်မာသတင်း
ဘဏ်ဖွင့်ရက် ဘယ်ရက်မဆို ပင်စင်လစာ ထုတ်နိုင်
DVB
·
July 6, 2014
ဘဏ်ဖွင့်ရက် ဘယ်ရက်မဆို ပင်စင်လစာ ထုတ်နိုင်
Donate to DVB

ဘဏ်ဖွင့်ရက်၊ ဘဏ်ဖွင့်ချိန်တိုင်း ဘယ်ရက်မှာမဆို ပင်စင်လစာကို လာရောက် ထုတ်ယူနိုင်တယ်လို့ မြန်မာ့စီးပွားရေးဘဏ်ရဲ့ အထွေထွေမန်နေဂျာ ဦးသန်းလွင်ဦးက ပြောပါတယ်။

အရင်က ပင်စင်လစာကို လတလ မကုန်ဆုံးမီ ၁၀ ရက်အလို ၂၁ ရက်မှာ ထုတ်ပေးနေရာက အခုလို ပြင်ဆင်သတ်မှတ်လိုက်တာ ဖြစ်ပါတယ်။ အထွေထွေမန်နေဂျာ ဦးသန်းလွင်ဦး ရှင်းပြတာက “လတလရဲ့ ပင်စင်လစာကို ၂၁ ရက်နေ့က စပြီး ထုတ်ပေးတယ်။ ဥပမာဆိုရင် ဒီလ ဇူလိုင်လရဲ့ ၂၁ ရက်နေ့မှာ ထုတ်ပေးတယ်။ အဲဒီမှာ ပင်စင်စားတွေက ၂၁ ရက်နေ့မှာ အများအပြားထုတ်ကြတယ်။ ထုတ်ကြတယ်ဆိုတာ သူတို့အချင်းချင်းတွေ့ဆုံ ကြတာတို့ စပြီးထုတ်ပေးတဲ့ ရက်ဆိုတော့ သူတို့ ပင်ပမ်းတာတို့ တိုးဝှေ့ရတာတို့ ဖြစ်တော့ ကျနော်တို့က ၂၁ ရက်နေ့မှ မဟုတ်ပါဘူး။ ဘဏ်ဖွင့်ရက် ဘယ်ရက်တွေမဆို လာထုတ်နိုင်ပါတယ်”လို့ ပြောပါတယ်။

အငြိမ်းစားနိုင်ငံဝန်ထမ်း ပင်စင်စားတွေ အဆင်ပြေအောင် လုပ်ဆောင်ပေးတာ ဖြစ်ပြီး မြန်မာနိုင်ငံတ၀န်းလုံးရှိ မြန်မာ့စီးပွားရေးဘဏ်ရဲ့ ဘဏ်ခွဲပေါင်း ၃၀၀ ကျော်မှာ ထုတ်ယူနိုင်တယ်လို့လည်း ပြောပါတယ်။

အငြိမ်းစားဝန်ထမ်းတဦးလည်းဖြစ် ဘောဂဗေဒပညာရှင်တဦးလည်းဖြစ်တဲ့ ဦးလှမောင် ကတော့ ဘဏ်ခွဲများများနဲ့ ကောင်တာများများ ထားပေးဖို့ အကြံပြု ပြောပါတယ်။
“ဥပမာ - ဘယ်ဌာနဆိုရင် ဘယ်ဘဏ်၊ ဌာနအလိုက်ပဲခွဲထားတယ်။ ၀န်ကြီးဌာန တခုခုက တော်တော်ကြီးတာပဲဗျ။ ဘဏ်နည်းနည်းပိုများများ ခွဲပေးနိုင်ရင်တော့ ကောင်းတာပေါ့ဗျာ။ ဘဏ်မှာ အကြာကြီး မထိုင်ချင်ဘူးဗျာ၊ မိတ်ဆွေတွေနဲ့ လက်ဖက်ရည်ဆိုင်တို့ စားသောက်ဆိုင်တို့မှာပဲ ကြာကြာထိုင်ချင်တာပေါ့။ အဲဒါကြောင့် နေရာလေးနည်းနည်း ပိုများများ ခွဲပေးပြီးတော့ ဒါမှမဟုတ်လည်း ကောင်တာများများ ခွဲပြီး သတ်မှတ်ပေးပေါ့ဗျာ။”

မြန်မာပြည်မှာ ပင်စင်စားဝန်ထမ်းပေါင်း ၇ သိန်းလောက် ရှိပြီး မြန်မာ့စီးပွားရေးဘဏ် ၀န်ထမ်းအင်အားအနေအထားအရ ပင်စင်လစာကို အိမ်တိုင်ရာရောက် လိုက်လံထုတ်ပေးဖို့ မဖြစ်နိုင်သေးဘူးလို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013