
ရုရှားနိုင်ငံက ယူကရိန်းကျူးကျော်စစ်အတွင်း အသုံးပြုဖို့အတွက် မြန်မာနဲ့ အိန္ဒိယကို ရောင်းချထားတဲ့ ခေတ်ဟောင်းလက်နက်တွေနဲ့ စစ်သုံးပစ္စည်းတွေကို ပြန်လည်ဝယ်ယူခဲ့တယ်လို့ Nikkei Asia သတင်းမှာ ဖော်ပြပါတယ်။
ရုရှားစစ်တပ်အတွက် တင့်ကားတွေထုတ်လုပ်တဲ့ Uralvagonzavod က ၂၀၂၂ ခုနှစ် ဒီဇင်ဘာမှာ သူတို့ အရင်ကရောင်းချထားတဲ့ စစ်သုံးပစ္စည်း အမေရိကန်ဒေါ်လာ ၂၄ သန်းဖိုး ပြန်လည်ဝယ်ယူခဲ့ပါတယ်။

၂၀၂၂ ခုနှစ် ဩဂုတ်နဲ့ နိုဝင်ဘာလတွေမှာ ရုရှားဒုံးကျည်ထုတ်လုပ်သူတဦးက အိန္ဒိယကာကွယ်ရေးဝန်ကြီးဌာနထံမှ ဝေဟင်ပစ်ဒုံးကျည် အစိတ်အပိုင်း ဒေါ်လာ ၁၅၀,၀၀၀ ဖိုးကို ရုရှားနိုင်ငံအတွက် ဝယ်ယူခဲ့ပါတယ်။
မနှစ်က ယူကရိန်းကို ကျူးကျော်တိုက်ခိုက်ပြီးကတည်းက ရုရှားစစ်တပ်ဟာ အကြီးစား စက်ကိရိယာတွေ ဆုံးရှုံးခဲ့ပြီး မော်စကိုရဲ့ ကာကွယ်ရေးစက်မှုလုပ်ငန်းအပေါ် အနောက်နိုင်ငံတွေရဲ့ ပိတ်ဆို့အရေးယူမှုတွေကြောင့် သူ့ရဲ့စတော့တွေကို ပြန်လည် ဖြည့်တင်းနိုင်မှုအပေါ် အဟန့်အတား ဖြစ်စေခဲ့ပါတယ်။
ယူကရိန်းကျူးကျော်စစ်မှာ ရုရှားက တင့်ကားအစီးရေ ၂,၀၀၀ ကျော် ဆုံးရှုံးခဲ့တယ်လို့ Open-source ထောက်လှမ်းရေး ဝက်ဘ်ဆိုက်တခုဖြစ်တဲ့ Oryx က ဖော်ပြပါတယ်။
Source-Nikkei Asia










