
စစ်ကိုင်းတိုင်း ကလေးဝမြိုနယ်အတွင်း အန်အယ်လ်ဒီပါတီနဲ့ ၈၈ ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းတို့ ပူးပေါင်းလုပ်ဆောင်နေကြတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လက်မှတ်ထိုး လှုပ်ရှားမှုတွေကို အာဏာရပြည်ခိုင်ဖြိုးပါတီဝင်တွေက ဆန့်ကျင်ဘက်စာတွေ ဖြန့်ဝေပြီး အနှောင့်အယှက်ပေးနေတယ်လို့ ကလေးဝမြိုနယ် ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လှုပ်ရှားမှုကော်မတီရဲ့ ဥက္ကဋ္ဌ ဦးကျော်ဆန်းက ပြောပါတယ်။
စစ်ကိုင်းတိုင်း ကလေးဝမြို့နယ်အတွင်းရှိ မစိန်၊ ခုံပြင်၊ မိုးကောင်း၊ မန်ဖာနဲ့ မထုကြီးစတဲ့ ကျေးရွာတွေမှာ လုပ်ဆောင်နေကြတာ ဖြစ်ပြီး ပြီးခဲ့တဲ့ ဇွန်လကုန်ပိုင်းနဲ့ မနေ့ကအထိ လုပ်ဆောင်နေကြတုန်းလို့လည်း သူက ပြောပါတယ်။
အခု ပြည်ခိုင်ဖြိုးပါတီဝင်တွေရဲ့ လုပ်ရပ်ကို သက်ဆိုင်ရာမြို့နယ်အုပ်ချုပ်ရေးမှူးထံ တရားဝင် တိုင်ကြားထားတယ်လို့လည်း ဆိုပါတယ်။
စစ်ကိုင်းတိုင်း ကလေးဝမြို့နယ်ထဲရှိ ကျေးရွာတချို့မှာ အန်အယ်လ်ဒီပါတီနဲ့ ၈၈ ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းတို့ ပူးပေါင်းလုပ်ဆောင်နေကြတဲ့ ဖွဲ့စည်းပုံပုဒ်မ ၄၃၆ ပြင်ဆင်ရေး လက်မှတ်ထိုး လှုပ်ရှားမှုတွေကို အနှောင့်အယှက်ပေးနေတဲ့အကြောင်းကို ဆက်သွယ်မေးမြန်းထားတာ ဖြစ်ပါတယ်။
အသံဖိုင်နားဆင်ရန်










