DVB Logo
Home
မြန်မာသတင်း
သဘာဝသံယံဇာတ အရေးနှင့် ပတ်သက်သည့် အငြင်းပွားမှုတွေ လျော့ကျတော့မည်
DVB
·
July 5, 2014
သဘာဝသံယံဇာတ အရေးနှင့် ပတ်သက်သည့် အငြင်းပွားမှုတွေ လျော့ကျတော့မည်
Donate to DVB

မြန်မာက အပြည်ပြည်ဆိုင်ရာသဘာဝသယံဇာတ အရင်းအမြစ် တူးဖော်ထုတ်လုပ်ရေး လုပ်ငန်းများ ပွင့်လင်းမြင်သာမှု ဖော်ဆောင်ရေး (အီးအိုင်တီအိုင်)ရဲ့ အဖွဲ့ဝင်နိုင်ငံတခုအနေနဲ့ ၀င်ရောက်နိုင်ပြီ ဖြစ်လို့ သဘာဝသံယံဇာတတွေရဲ့အရေးနဲ့ ပတ်သက်ပြီး ဖြစ်ပေါ်နေတဲ့ အငြင်းပွားမှု ပြဿ နာတွေကို လျော့ချနိုင်တော့မယ်လို့ မြန်မာ အီးအိုင်တီအိုင် ပူးပေါင်းဆောင်ရွက်ရေးရုံးက ပြောဆိုလိုက်ပါတယ်။
မြန်မာက အီးအိုင်တီအိုင်ရဲ့အဖွဲ့ဝင်နိုင်ငံတခုအနေနဲ့ ပါဝင်နိုင်ဖို့အတွက် အချိန်အားဖြင့် ၁ နှစ်ကျော်လောက် ပြင်ဆင်ခဲ့ရတာပါ။

EITI Myanamrမြန်မာက အဖွဲ့ဝင်နိုင်ငံဖြစ်ဖို့အတွက် အီးအိုင်တီအိုင်ရဲ့ စံသတ်မှတ်ချက်တွေဖြစ်တဲ့ သဘာဝသံယံဇာတကဏ္ဍက ရရှိတဲ့ အခွန်ဘဏ္ဍငွေတွေကို အများပြည်သူသိရှိအောင် ပွင့်ပွင်းလင်းလင်း ဖော်ထုတ်ရမယ်ဆိုတဲ့အချက် အပါအ၀င် အစိုးရ၊ ကုမ္ပဏီနဲ့ အရပ်ဘက် သုံးပွင့်ဆိုင်ညွန့်ပေါင်းအဖွဲ့အစည်းကလည်း လုပ်ငန်းစဉ်တွေအပေါ် ပွင့်လင်းမြင်သာမှုရှိ၊ မရှိ စောင့်ကြည့်လေ့လာရမယ်ဆိုတဲ့အချက်စတာတွေကို လိုက်နာဖို့ ကတိက၀တ်ပြုထားပြီး ဖြစ်ပါတယ်။

ဒီကတိက၀တ်တွေကြောင့် နိုင်ငံတကာအဖွဲ့အစည်းကြီးဖြစ်တဲ့ အီးအိုင်တီအိုင်က မြန်မာနိုင်ငံကို အဖွဲ့ဝင်နိုင်ငံတခုအနေနဲ့ ဇူလိုင် ၂ ရက်နေ့ကဘဲ စတင်လက်ခံလိုက်တာပါ။

ဒါကြောင့် မြန်မာက အီးအိုင်တီအိုင်ရဲ့ အဖွဲ့ဝင်နိုင်ငံ ဖြစ်လာတဲ့အတွက် သဘာဝ သံယံဇာတတွေရဲ့ အရေးနဲ့ ပတ်သက်ပြီး ရှိနေတဲ့အငြင်းပွားမှုပြဿ နာတွေကို လျော့ချနိုင်တော့မယ့်အကြောင်း မြန်မာ အီးအိုင်တီအိုင် ပူးပေါင်းဆောင်ရွက်ရေးရုံးက ဒုတိယအဖွဲ့ ခေါင်းဆောင် ဦးမင်းဇာနည်က ဒီဗွီဘီကို အခုလိုပြောပါတယ်။
“အရင်တုန်း သဘာဝ သံယံဇာတတူးရင် ကုမ္ပဏီက သူ့ဘာသာသူ သီးသန့် တူးလေ့ရှိတယ်။ အစိုးရကလည်း သူ့ဘာသာသူ လုပ်ချင်တာ လုပ်လေ့ရှိတယ်။ ဒေသခံ တွေကလည်း သူတို့ရဲ့ ဆန္ဒတွေကို ပြောလေ့ပြောထ ရှိတယ်။ ဒါပေမယ့်လည်း တကယ့် စင်မြင့် တခုအနေနဲ့ ပြောကြားတာ မရှိဘူး။ ယုံကြည်မှု တည်ဆောက်တဲ့ လုပ်ငန်းစဉ် မရှိဘူး။ အီးတိုင်တီအိုင်ကို ၃ ပွင့်ဆိုင်ဆိုတဲ့ စင်မြင့်လေးမှာ အစိုးရကလည်း သူတို့ရဲ့ အခက်အခဲတွေကို ဒီမှာတင်ပြနိုင်သလို ကုမ္ပဏီတွေကလည်း သူတို့ရဲ့ အခက်အခဲတွေ တင်ပြနိုင်တယ်။ ဒေသဆိုင်ရာ အရပ်ဘက်အဖွဲ့အစည်းတွေကလည်း လိုအပ်ချက်တွေကို တင်ပြနိုင်တယ်။ နောက်ပြီး ပြဿ နာတွေ မဖြစ်ခင်မှာ ကိစ္စတွေကို ဆွေးနွေးသွားတဲ့အခါကျတော့ ပဋိပက္ခတွေက ဖြစ်ပွားမှု လျော့နည်းသွားမယ်ပေါ့။”
ဒါပေမယ့် တဖက်မှာလည်း လက်ရှိ ဆောင်ရွက်နေတဲ့လုပ်ငန်းတချို့က သဘာဝ သံယံဇာတတွေကို ရှာဖွေတူးဖော်တဲ့နေရာမှာ ပွင့်လင်းမြင်သာမှုမရှိခဲ့လို့ အငြင်းပွားမှု ပြသာနာတွေကလဲ ရှိနေပါတယ်။

ဒါကြောင့် လက်ရှိဖြစ်ပေါ်နေတဲ့အငြင်းပွားမှုပြဿ နာတွေအပေါ် မြန်မာ အီးအိုင်တီအိုင် အဖွဲ့အနေနဲ့ ဘယ်လို ညိနှိုင်းဆောင်ရွက်ပေးနိုင်သလဲဆိုတာနဲ့ ပတ်သက်ပြီး သူက အခုလို ပြောပါတယ်။
“တချို့ကိစ္စတွေက တချို့ကိစ္စတွေက အီးအိုင်တီအိုင်နယ်ပယ်ထဲကို တိုက်ရိုက်ပတ်သက်တာ ဟုတ်ချင်မှ ဟုတ်မယ်။ ဒါပေမယ့်လည်း ၃ ပွင့်ဆိုင်အဖွဲ့ ရှိတဲ့ အခါကျတော့ အရပ်ဖက်အဖွဲ့အစည်းတွေက စားပွဲပေါ်မှာ အစိုးရဌာနတွေ ကုမ္ပဏီတွေကို ပြောပြလို့ရတာရှိတယ်၊ တင်ပြလို့ ရတာတွေ ရှိတယ်။”

အဖွဲ့ဝင်ဖြစ်လာတဲ့ မြန်မာနိုင်ငံအနေနဲ့ သဘာဝသံယံဇာတကဏ္ဍနဲ့ ပတ်သက်လို့ တွေ့ရှိရတဲ့ သတင်းအချက်တွေကို နိုင်ငံတကာအဖွဲ့အစည်းကြီးဖြစ်တဲ့ အီးအိုင်တီအိုင်ထံ အစီရင်ခံစာကို ၁၈ လ ၁ ကြိမ် စတင်ပေးပို့ရမယ့် တာဝန်ကိုယူရတော့မှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013