DVB Logo
Home
မြန်မာသတင်း
တိုက်ပွဲဖြစ်နေသည့်တိုင်းရင်းသားဒေသများ၌ ကျောင်းဖွင့်လှစ်နိုင်မှု ထက်ဝက် လျော့ကျ
DVB
·
June 3, 2023
တိုက်ပွဲဖြစ်နေသည့်တိုင်းရင်းသားဒေသများ၌ ကျောင်းဖွင့်လှစ်နိုင်မှု ထက်ဝက် လျော့ကျ
Donate to DVB

တိုက်ပွဲတွေ နေ့စဉ်ဆိုသလိုဖြစ်နေတဲ့ တိုင်းရင်းသားဒေသတွေမှာ ကျောင်းဖွင့်လှစ်နိုင်တဲ့ အနေအထားဟာ ထက်ဝက်မက လျော့ကျသွားတယ်လို့သိရပါတယ်။

၂၀၂၃ -၂၀၂၄ ပညာသင်နှစ်မှာ တနိုင်ငံလုံးလွှမ်းခြုံပြီး ယခင်နှစ်ကထက် ကျောင်းတက်နှုန်းတွေ ပိုများလာမယ်လို့ ရည်မှန်းထားပေမယ့် တိုက်ပွဲဖြစ်ရာ ချင်းနဲ့ တနင်္သာရီမှာတော့ ကျောင်းအပ်နှုန်း နည်းပါးခဲ့ပါတယ်။

၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ချင်းပြည်နယ်တခုလုံးမှာ အခြေခံပညာကျောင်းပေါင်း ၁၅၀၀ ကျော်ရှိပေမဲ့ ကျောင်းပေါင်း ၃၀၀ ကျော်ပဲ ဖွင့်လှစ်နိုင်တယ်လို့ ပညာရေးဌာနက ပြောပါတယ်။

ဖွင့်လှစ်ထားနိုင်တဲ့ကျောင်းတွေမှာ  ကျောင်းသား၊ ကျောင်းသူစုစုပေါင်း ၄ သောင်း ၂ ထောင်ကျော် ပညာသင်ကြားနေပါတယ်။

ချင်းပြည်နယ်ရဲ့အဓိက မြို့တခုဖြစ်တဲ့ ဟားခါးမြို့မှာတော့ ကျောင်းပေါင်း ၉၅ ကျောင်းရှိပြီးတော့ ဒီနှစ်မှာတော့ ၆ ကျောင်းသာ ဖွင့်လှစ်နိုင်ခဲ့ပြီး ကျောင်းအပ်နှံသူ ၂၄၀၀ လောက်ပဲရှိတယ်လို့ သိရပါတယ်။

လက်ရှိမှာ PDF တွေ မကြာခဏ တိုက်ပွဲဖော်ဆောင်နေတဲ့ တနင်္သာရီတိုင်း၊ တနင်္သာရီမြို့မှာလည်း အခြေခံပညာကျောင်း ၁၄၁ ကျောင်း စာရင်းရှိပေမဲ့  နယ်မြေအခြေအနေအရ ၅၇ ကျောင်းပဲ ဖွင့်နိုင်တယ်လို့  ပညာရေးဌာနကဆိုပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013