DVB Logo
Home
မြန်မာသတင်း
ဖယ်ခုံတွင် ၂ လကြာတိုက်ပွဲအတွင်း စစ်တပ်က ၆၂ ဦးသေဆုံး
DVB
·
June 3, 2023
ဖယ်ခုံတွင် ၂ လကြာတိုက်ပွဲအတွင်း စစ်တပ်က ၆၂ ဦးသေဆုံး
Donate to DVB

ရှမ်း-ကရင်နီ နယ်စပ်၊ ဖယ်ခုံမြို့မှာ ၂ လတာ တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်က စစ်ကြောင်းမှူး နဲ့ အရာရှိတွေအပါအဝင် ၆၂ ဦး သေဆုံးပြီး လက်နက်ခဲယမ်းတချို့ သိမ်းဆည်းရရှိတယ်လို့ ဖယ်ခုံ PDF က ထုတ်ပြန်ပါတယ်။

ဧပြီ ၁ ရက် မှ ဇွန် ၂ ရက်အထိ စစ်ကောင်စီတပ်မ ၆၆ လက်အောက်ခံ တပ်ရင်းတွေက ဖယ်ခုံမြို့ အနောက်ဘက် လွယ်ဟွဲရွာ နဲ့ လွယ်လုံရွာကို စစ်ကြောင်း ၁ ကြောင်း၊ ခေါင်းအိရွာနဲ့ စက်တော်ရွာဘက်ကို စစ်ကြောင်း ၁ ကြောင်း၊ လတူးကျေးရွာဘက်ကို စစ်ကြောင်း ၁ ကြောင်း စုစုပေါင်း စစ်ကြောင်း ၃ ကြောင်းနဲ့ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

တိုက်ပွဲများအတွင်း  စစ်ကောင်စီတပ်က စစ်ကြောင်းမှူးနဲ့ အရာရှိများအပါအဝင် ၆၂ ဦး သေဆုံးကာ ထိခိုက်ဒဏ်ရာရသူများပြားခဲ့တာကြောင့် လေကြောင်းတိုက်ခိုက်မှု အကြိမ်ပေါင်းများစွာ ဗုံးကြဲချခဲ့တဲ့အပြင် ဖယ်ခုံ အခြေစိုက် စကခ ၇ နဲ့  ခမရ ၃၃၆ တပ်ရင်းတွေက လက်နက်ကြီးတွေနဲ့ ဆက်တိုက် ပစ်ကူပေးခဲ့တယ်လို့ ဖယ်ခုံ PDF က ပြောပါတယ်။

တိုက်ပွဲတွေကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တွေ ဖြစ်တဲ့ ဖယ်ခုံ PDF တပ်ရင်းအမှတ်-၁၀၀၂ ၊ KNDF ၊  PDF-Loikaw၊ DMO-PDFs စစ်ကြောင်း၊ DMO Local-PDFs စစ်ကြောင်း၊ MBPDF တပ်ရင်းတွေ၊ KRU၊ NPT-PDF တပ်ရင်းတွေ နဲ့ အလယ်ပိုင်းတိုင်း အထူး တပ်ဖွဲ့တို့ ပူးပေါင်း တိုက်ခိုက်ခဲ့ကြပြီး ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေဘက်က ရဲဘော် ၃ ဦး ကျဆုံးကာ ထိခိုက်ဒဏ်ရာရသူတွေ ရှိတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

လက်ရှိအချိန်အထိ စစ်ရေးအခြေအနေ တင်းမာနေတာကြောင့် တိုက်ပွဲဆက်လက် ပြင်းထန်လာနိုင်ပြီး စစ်တပ်က အင်အားဖြည့်တင်းနေတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင် တဦးဆီက သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013