DVB Logo
Home
မြန်မာသတင်း
ပခုက္ကူ အင်ပင်စစ်ဆေးရေးဂိတ် ဒရုန်းဖြင့်ဗုံးကြဲတိုက်ခိုက်ခံရ
DVB
·
June 2, 2023
ပခုက္ကူ အင်ပင်စစ်ဆေးရေးဂိတ် ဒရုန်းဖြင့်ဗုံးကြဲတိုက်ခိုက်ခံရ
Donate to DVB

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်က စစ်ကောင်စီတပ်စွဲထားတဲ့ အင်ပင်စစ်ဆေးရေးဂိတ်ကို Eagle Brigade (Anyar Eagle) နဲ့ ပူးပေါင်းတပ်တွေက ဒရုန်းအသုံးပြုကာ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်တွေဆီက သိရပါတယ်။

ဇွန် ၁ ရက် မနက် ၁၁ နာရီ ၄၅ မိနစ်လောက်က စတင်ကာ ဒရုန်း ၇ စင်း အသုံးပြု တိုက်ခိုက်ခဲ့တာဖြစ်ပြီး ဒီ အင်ပင်စစ်ဆေးရေးဂိတ်က ပြီးခဲ့တဲ့ရက်အနည်းငယ်က Eagle Brigade (Anyar Eagle) ရဲ့ ခဲယမ်းတွေနဲ့ စစ်ပစ္စည်းတွေကို သိမ်းယူခဲ့တဲ့အတွက် လက်စားချေ တိုက်ခိုက်ခဲ့တာလို့ Eagle Brigade (Anyar Eagle) ပြောရေးဆိုခွင့်ရှိသူတဦးက ဒီဗွီဘီကို ပြောပါတယ်။

“ကျနော်တို့ မနေ့က အားလုံး ဒရုန်း ၇ စီးသုံးတယ်။ အော်ပရေးရှင်းကို ၁၁း၄၅ လောက်မှာစပြီး ၁၄း၄၅ လောက်မှာ ပြီးတယ်။ ဗုံးသီး အလုံး ၂၀ ကျော် ကြဲခဲ့တယ်။ 1 KG 2 KG ဗုံးသီးတွေ ဖြစ်ပါတယ်။ မနေ့ညက မြေပြင်မျက်မြင်တဦး‌ ပြောပြချက်အရ သူတို့ဘက်က ၃ ယောက်သေ၊ ဒဏ်ရာရတဲ့သူတွေလည်း မနည်းဘူး။ ဗီဒီယို records တွေက ကင်မရာတွေ မကောင်းတာကြောင့်ရော သူတို့ ဂျမ်မာတွေ အရမ်းတောင့်လို့ သိပ်ကပ်လို့ မရတာကြောင့်ရော ကောင်းကောင်းမရလိုက်ဘူး။”

အခုတိုက်ခိုက်မှုတွေကို Eagle Brigade (Anyar Eagle) နဲ့ Earthquake PDF၊ RDF (Royal Defense Force)၊ Black Cheetah၊ Hero New GZ၊ PPDF (ပခုက္ကူ People Defense Force)၊ ပခုက္ကူခရိုင် တပ်ရင်း-၁၃) MOD၊ MFDF (Myaing Fighter Defense Force၊ MSPDF (Myaung Special People Defense Force)၊ ကျားသစ်နက်တို့က ပူးပေါင်းဆောင်ရွက်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

လက်ရှိမှာတော့ အဆိုပါတိုက်ခိုက်မှုကို ဆင်နွှဲခဲ့တဲ့ Eagle Brigade (Anyar Eagle) က ဒရုန်း ၃ စင်း ပျက်စီးခဲ့ပါတယ်။

ပြည်သူတွေအနေနဲ့ စစ်ကောင်စီတပ်စခန်းတွေနဲ့ ပတ်သက်တဲ့ နေရာတွေကို ရှောင်ကြဉ်ပေးဖို့ အထူးမေတ္တာရပ်ခံထားပါတယ်။

ပြီးခဲ့တဲ့ မေ ၂၇ ရက်မှာ စစ်ကောင်စီက Eagle Brigade (Anyar Eagle) ရဲ့ M4-AR 15 မောင်းပြန်သေနတ်တလက်၊ ကျည်အိမ် ၁၂ ခု၊ ၄၀ မမ ဗုံးသီး ၈ လုံး၊ ၅.၅၆ မီလီမီကျည် ၁,၃၀၀ ကျော်၊ Eagles Brigade တပ်ဖွဲ့တံဆိပ်ပါ ပြောက်ကျားယူနီဖောင်း ၃ စုံ၊ တပ်ဖွဲ့တံဆိပ်ပါ ရှပ်အင်္ကျီအထည် ၅၀၊ တပ်ဖွဲ့တံဆိပ်ပါ လည်စည်း ၃၆ ထည်၊ တပ်ဖွဲ့တံဆိပ် လက်မောင်းဘက်တံဆိပ် ၂၂ ခု၊ တပ်ဖွဲ့တံဆိပ်ရင်ထိုး ၄ ခု၊ ကာလတန်ဖိုး ငွေကျပ်သိန်းပေါင်း ၅၀၀ ကျော်နဲ့ ထောက်ပို့တပ်ဖွဲ့ဝင် အမျိုးသမီးတဦးကို ဖမ်းဆီးလိုက်တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013