DVB Logo
Home
သတင်းတို
တပတ်အတွင်း လိုင်စင်မဲ့ ကား ၄၇ စီး ဖမ်းဆီး
DVB
·
July 4, 2014
တပတ်အတွင်း လိုင်စင်မဲ့ ကား ၄၇ စီး ဖမ်းဆီး
Donate to DVB

ထိုင်းနိုင်ငံကနေ အကောက်ခွန်မဲ့ ခိုးသွင်းလာပြီး လက်နက်ကိုင် အဖွဲ့အစည်း ထောက်ခံချက်နဲ့ မောင်းနှင်နေတဲ့ Without ကားတွေ တပတ်အတွင်း ၄၇ စီး ဖမ်းဆီးရမိခဲ့တယ်လို့ ဇူလိုင် ၃ ရက်နေ့က လုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ မော်လမြိုင်ခရိုင် ဒုရဲမှူး မင်းစိုးက ပြောပါတယ်။

without car parked at Revenue Office of Thin Gan Gyunအဲဒီ ကားတွေကို စစ်ဆေးကြည့်တဲ့အခါ မွန်ငြိမ်းချမ်းရေးနဲ့ ကာကွယ်ရေးတပ်ဦး (MPDF)၊ မွန်ပြည်သစ်ပါတီ NMSP၊ တိုးတက်သော ကရင်ဗုဒ္ဓဘာသာ တပ်မတော် (DKBA)၊ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA)၊ ကရင်ငြိမ်းချမ်းရေးအဖွဲ့ (KPF)၊ နယ်ခြားစောင့်တပ်ဖွဲ့ (BGF)၊ ဟံသာဝတီ မွန်ငြိမ်းချမ်းရေးတပ်ဖွဲ့ (HRP)၊ တိုးတက်သော ဒီမိုကရက်တစ် ကရင်အကျိုးပြုတပ်မတော် ကလိုထူးဘော တပ်ဖွဲ့ (DKBA) အဖွဲ့ ထောက်ခံစာ လက်မှတ်တွေ ကိုင်ဆောင်ထားကြတယ်လို့ သူက ရှင်းပြပါတယ်။

ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ် ဒေသတချို့မှာ လက်နက်ကိုင်အဖွဲ့တွေရော ပြည်သူတွေကပါ ဈေးကြီးတဲ့ လိုင်စင်ကားတွေ မ၀ယ်နိုင်တာကြောင့် ထိုင်းနယ်စပ်ကနေ အကောက်ခွန်မဲ့ ခိုးသွင်းလာတဲ့ ဈေးပေါတဲ့ ဂျပန်တပတ်ရစ်ကားတွေကို အသုံးပြုနေပြီး မွန်ပြည်နယ်၊ ပဲခူးတိုင်းဘက် ၀င်လာရင်တော့ အစိုးရ အာဏာပိုင်အဖွဲ့တွေရဲ့ ဖမ်းဆီးမှု ခံရတတ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013