DVB Logo
Home
မြန်မာသတင်း
အာဏာသိမ်း ထိုင်းစစ်တပ်ကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ချီးကျူး
DVB
·
July 4, 2014
အာဏာသိမ်း ထိုင်းစစ်တပ်ကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ချီးကျူး
Donate to DVB

အာဏာသိမ်းဖို့ ထိုင်းစစ်ဗိုလ်ချုပ်တွေရဲ့ ဆုံးဖြတ်ချက်ကို ထိုင်းနိုင်ငံ အလည်အပတ်ရောက်ရှိနေတဲ့ မြန်မာ့ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ချီးကျူးပြောဆိုလိုက်တယ်လို့ ထိုင်းအခြေစိုက် ဘန်ကောက်ပို့စ် သတင်းစာက ရေးသားပါတယ်။

[caption id="attachment_59677" align="alignright" width="300"]ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ထိုင်းစစ်တပ်ကာကွယ်ရေး ဦးစီးချုပ် (ဓာတ်ပုံ- Senior General Min Aung Hlaing-Facebook) ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ထိုင်းစစ်တပ်ကာကွယ်ရေး ဦးစီးချုပ် (ဓာတ်ပုံ- Senior General Min Aung Hlaing-Facebook)[/caption]

နိုင်ငံတော်နဲ့ ပြည် သူတွေ ရဲ့ လုံခြုံရေးအတွက် တာဝန်ယူထိန်း သိမ်းလိုက်တဲ့ ထိုင်းစစ်တပ်ကို ယုံကြည်တဲ့ အကြောင်း မြန်မာ့ ကာကွယ်ရေး ဦးစီးချုပ်က ထိုင်းစစ်တပ် ကာကွယ်ရေး ဦးစီးချုပ် တာနာဆပ်ပါတီမာပရာကောင်နဲ့ တွေ့ဆုံရာမှာ ပြောဆိုခဲ့တယ်လို့ ထုတ်ပြန်ချက်ကို ကိုးကားပြီး သတင်းမှာရေးပါတယ်။

ဒါ့အပြင် အမျိုးသားငြိမ်းချမ်းရေးနဲ့ တရားဥပဒေစိုးမိုးရေး ကောင်စီရဲ့ လမ်းပြမြေပုံ အောင်မြင်လိုက်မယ်လို့ ယုံကြည်ကြောင်းနဲ့ ၁၉၈၈ ခုနှစ်က မြန်မာနိုင်ငံဟာ ထိုင်းနိုင်ငံထက် ဆိုးဝါးတဲ့အခြေအနေကို ဖြတ်ကျော်ခဲ့ရတယ်လို့လည်း ဆိုပါတယ်။

ထိုင်းစစ်တပ်အကြီး အကဲကလည်း ထိုင်းမှာရှိတဲ့ မြန်မာအလုပ်သမားတွေကို ကောင်းကောင်း စောင့်ရှောက်ထားတဲ့အကြောင်း၊ တရားမ၀င် အလုပ်သမားတွေကို အသုံးပြုမှုကို ရပ်တန့်ဖို့ မူဝါဒတွေကို အကောင်ထည်ဖော်ပြီး တရားဝင်ဖြစ်ရေး ကိစ္စတွေ အကောင်ထည်ဖော်ဆောင်ရွက်နေတယ်လို့ ထုတ်ပြန်ချက်က ရေးတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ကာကွယ်ရေး ကိစ္စရပ်တွေမှာ တိုးမြှင့်ဆက်ဆံရေး ပိုမိုပူးပေါင်းဆောင်ရွက်ဖို့၊ နယ်စပ်ဆက်သွယ်ရေး ပိုမိုအားကောင်းဖို့၊ စစ်ဘက်ဆိုင်ရာ အရာရှိတွေ အပြန်အလှန် ဖလှယ်ရေးကိစ္စတွေနဲ့ ဒီနှစ် ပူးတွဲ စစ်ရေးလေ့ကျင်မှုဖြစ်တဲ့ ရွှေမြွေဟောက် လေ့ကျင်မှုမှာ မြန်မာရဲ့ ပါဝင်ဆောင်ရွက်ရေးနဲ့ ပတ်သက်တဲ့ကိစ္စရပ်တွေ ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013