DVB Logo
Home
မြန်မာသတင်း
မင်္ဂလာဒုံရဲစခန်း၊ မုပ္ပလင်စစ်ဆေးရေးဂိတ်နှင့် ဆားလင်းကြီး ရဲကင်းဂိတ်တို့ တိုက်ခိုက်ခံရ
DVB
·
June 2, 2023
မင်္ဂလာဒုံရဲစခန်း၊ မုပ္ပလင်စစ်ဆေးရေးဂိတ်နှင့် ဆားလင်းကြီး ရဲကင်းဂိတ်တို့ တိုက်ခိုက်ခံရ
Donate to DVB

ရန်ကုန်တိုင်း မင်္ဂလာဒုံမြို့နယ်၊ ပြည်လမ်းပေါ်က မင်္ဂလာဒုံရဲစခန်းထဲကို အဝေးထိန်းဗုံး ၃ လုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ မြို့ပြပျောက်ကြားအဖွဲ့က ပြောပါတယ်။

ဇွန် ၁ ရက် ည ၈ နာရီ ခွဲမှာ ရန်ကုန်မြို့ကိုအခြေစိုက်လှုပ်ရှားနေတဲ့ Yangon UG Association - YUA ရဲ့ အဖွဲ့ဝင် Special Nway Oo - SNO အဖွဲ့ကနေ တိုက်ခိုက်ခဲ့တာလို့ YUA တာဝန်ခံ ဆရာကျောင်းက ပြောပါတယ်။

"ဒီကနေ့ ၈ နာရီခွဲမှာ အဝေးထိန်းဒုံး ၃ လုံးနဲ့ ရဲစခန်းထဲကို တိုက်ခိုက်ခဲ့တာပါ။ အသေအပျောက် ရှိနိုင်ပေမဲ့ အတည်မပြုနိုင်သေးပါဘူး။"

တိုက်ခိုက်မှုအပြီး YUA မြို့ပြပြောက်ကျားရဲဘော်အားလုံး အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာ နိုင်ခဲ့တယ်လို့ သိရပါတယ်။ 

YUA တာဝန်ခံ ဆရာကျောင်းက  "ကျနော်တို့က UG ဖြစ်နေတာကြောင့် သိုသိုဝှက်ဝှက် လုပ်ကိုင်ခဲ့ပြီး ကြိုတင်ပြင်ဆင်ခဲ့ပါတယ်။ YUAအနေနဲ့ ရန်ကုန်မြို့ကို အခြေစိုက်ထားတာမို့ တော်လှန်ရေးပြီးတဲ့အထိ ရန်ကုန်မှာပဲ ဆက်ရှိနေမှာပါ" လို့ ပြောပါတယ်။

Yangon UG Association အနေနဲ့ စစ်ကောင်စီတပ်နဲ့အပေါင်းအပါ ဒေါက်တိုင်တွေကို ဆက်လက်တိုက်ခိုက်သွားမယ်လို့ ဆိုပါတယ်။

စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်ထဲက တရုတ်ဝမ်ပေါင်ကြေးနီစီမံကိန်းစောင့် စစ်ကောင်စီတပ်နဲ့ ရဲတပ်ဖွဲ့တွေ တပ်စွဲထားတဲ့ဂိတ်ကို ယင်းမာပင်ခရိုင် အမှတ် ၂၈ တပ်ရင်း ဓားမဆိုင်း တပ်မတော်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေက သွားရောက်တိုက်ခိုက်ခဲ့တယ်လို့  သိရပါတယ်။

မေ ၃၁ ညနေ ၆ နာရီလောက်က အဲဒီဂိတ်ကို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ဝင်တိုက်ခဲ့ရာမှာ ရဲ ၂ ယောက် သေဆုံးပြီး ၃ ယောက် ဒဏ်ရာရခဲ့တယ်လို့ ယင်းမာပင်ခရိုင်အမှတ် ၂၈ တပ်ရင်း ဓားမဆိုင်းတပ်မတော်က ခေါင်းဆောင် ကိုစွမ်းသူမောင်က ပြောပါတယ်။

"တိုက်ပွဲဖို့ အနှစ်နှစ်အလလက သေချာအားယူစီစဥ်ခဲ့ရတာ။ မေ ၃ဝ ရက်မှာ NUG ကနေ လက်နက် ၅ လက်ပေးတော့ အချိန်သင့်သွားတာပါ။ ဝမ်ပေါင်နေရာမှာက စစ်ကောင်စီဂိတ်က တဂိတ်နဲ့ တဂိတ် သိပ်တော့ မဝေးဘူး။ အဲဒီဂိတ်တွေကနေပဲ ရွာတွေကို စစ်ကြောင်းထိုး၊ မီးရှို့၊ ဆက်ကြေးကောက် မကြာခဏ လုပ်နေတာပါ။"

တိုက်ခိုက်မှုအပြီး ပြည်သူ့ကာကွယ်ရေးတပ်တွေဘက်ကနေ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။

မွန်ပြည်နယ်  ကျိုက်ထိုမြို့နယ်က မုပ္ပလင်လမ်းဆုံစစ်ဆေးရေးဂိတ်ကို ဇွန် ၁ ရက် မွန်းလွဲ ၁၂ နာရီ ၅၅ မိနစ်က တိုက်ခိုက်ခဲ့တယ်လို့ ကျိုက်ထိုတော်လှန်ရေးအင်အားစု တာဝန်ရှိသူက ပြောပါတယ်။

စစ်တပ်ကင်းစခန်းကို ဒရုန်း လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့ရာမှာ ၁၃ လုံး ကျရောက် ပေါက်ကွဲခဲ့ပြီး  ဂိတ်ရှေ့က ရွှေစေတီ၊ ငွေစေတီ ဘုန်ကြီးကျောင်းက လက်နက်ကြီး ထိုင်ထားတဲ့နေရာတွေ ထိမှန်ခဲ့ကာ ၁၅ မိနစ်လောက် အပြန်အလှန်ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။

ပစ်ခတ်ခံရတာကြောင့် စစ်တပ်က သေဆုံးသူ ၃ ယောက်ထက် မနည်းရှိပြီး ထိခိုက် ဒဏ်ရာရသူတွေကို ကားတွေနဲ့ သယ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

အဲဒီလမ်းဆုံ စစ်ဆေးရေးဂိတ်ဟာ မကြာခဏ တိုက်ခိုက်ခံရပြီး  အခုလို နှစ်ဖက် တိုက်ပွဲ ဖြစ်လေ့ရှိ တာကြောင့် သတိထားသွားလာဖို့ ဒေသကာကွယ်ရေးတပ်ဖွဲ့က အသိပေးထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013