DVB Logo
Home
မြန်မာသတင်း
အဆင့်မြှင့်ထားသည့် ပစ္စတိုသေနတ်များ ACID Army PDF အဖွဲ့ ထုတ်လုပ်
DVB
·
June 1, 2023
အဆင့်မြှင့်ထားသည့် ပစ္စတိုသေနတ်များ ACID Army PDF အဖွဲ့ ထုတ်လုပ်
Donate to DVB

ACID Army PDF အဖွဲ့က မောင်းပြန်ပစ္စတိုတွေကို အဆင့်မြှင့်တင် ထုတ်လုပ်အောင်မြင်ခဲ့ပြီး တပ်တွင်းလိုအပ်တဲ့ လက်နက်ခဲယမ်း ဝယ်ယူဖို့အတွက် တခြားတော်လှန်ရေးအဖွဲ့တွေထံ ပြန်လည်မျှဝေတော့မယ်လို့ ကြေညာပါတယ်။

တခြားတော်လှန်ရေးတပ်တွေဟာ မူရင်း ပစ္စတိုတလက်ကို အများဆုံး​ မြန်မာကျပ်ငွေ သိန်း ၈၀ နဲ့ အနည်းဆုံး သိန်း ၆၀ ပေးဝယ်ရပါတယ်။

သေနတ်အတွက် ထုတ်လုပ်မှုကုန်ကျစရိတ်၊ အဖွဲ့တွင်း ဖန်ငွေကုန်ကျစရိတ်နဲ့ လိုအပ်တဲ့ လက်နက်ခဲယမ်းဝယ်ယူဖို့အတွက် ပြန်လှူဒါန်းတဲ့ ငွေကြေးတွေကြောင့် တလက်ကို အများဆုံး သိန်း ၂၀ နဲ့ရအောင် အစစ်နီးပါးအတိုင်း ပြုလုပ်ထားပြီး ထုတ်နိုင်သလောက် ထုတ်ထားတဲ့အလက်တွေကို တပ်တွင်းရဲဘော်တွေ အကုန်တပ်ဆင်ပေးပြီးတာနဲ့ တခြားအဖွဲ့တွေထံ ပြန်လည်မျှဝေမယ်လို့ သိရပါတယ်။

သေနတ်ပုံစံကို သေးနိုင်သမျှသေးပြီး အလှပိုင်းတွေမှာလည်း အစစ်နီးပါးအတိုင်း တူအောင် ပြုလုပ်ထားကာ တော်လှန်ရေးရဲဘော်တွေအတွက် ၄၅ လက်ထိ တပ်ဆင်နိုင်ခဲ့ပါတယ်။

တချို့​ ငွေကြေးခက်ခဲတဲ့ တော်လှန်ရေးအဖွဲ့တွေ ကိုင်နိုင်ဖို့နဲ့ ရဲဘော်တွေ ကိုယ့်အတွက် အကာအကွယ်ရအောင် ရည်ရွယ်ပြီး ပစ္စတိုကို အဓိကထား ထုတ်လုပ်ခဲ့ပါတယ်။

ACID Army PDF အဖွဲ့ခေါင်းဆောင် ကိုအက်ဆစ်က “အရင်က အောင်တော့အောင်ခဲ့တယ်။ တခါတလေမှာ ကျည်ညပ်တာတွေ ကျည်မထွက်တာတွေ ရှိပေမဲ့ အခု အဆင့်မြှင့်လိုက်တဲ့ မောင်းပြန်ပစ္စတို ထုတ်လုပ်မှုအပေါ် အားရမှုရှိတယ်။ ပြည်သူတွေကိုလည်း အားနာနာနဲ့ ကျနော်တို့ဘက်က အားမလျော့ဘဲ ရပ်တည်ပေးကြပါဦး” လို့ ဒီဗွီဘီကို ပြောပါတယ်။

အူဇီနဲ့ အရှည်တို့ကို နောက်ပိုင်းမှာ လက်လှမ်းမီသလောက် ထုတ်လုပ်ဖို့ ရည်ရွယ်ထားပေမဲ့ တွင်ကုန်အခက်အခဲနဲ့ ငွေကြေးအခက်အခဲတွေကြောင့် ရပ်နားထားရတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013