DVB Logo
Home
မြန်မာသတင်း
စစ်ကောင်စီလက်အောက်ခံ အခြေခံပညာကျောင်းများ နိုင်ငံတဝန်း စတင်ဖွင့်လှစ်
DVB
·
June 1, 2023
စစ်ကောင်စီလက်အောက်ခံ အခြေခံပညာကျောင်းများ နိုင်ငံတဝန်း စတင်ဖွင့်လှစ်
Donate to DVB

၂၀၂၃-၂၄ ပညာသင်နှစ်ရဲ့ အခြေခံပညာကျောင်းတွေကို မြန်မာနိုင်ငံတဝန်းမှာ ဇွန် ၁ ရက် ဒီနေ့မနက် စတင်ဖွင့်လှစ်လိုက်ပြီဖြစ်ပြီး အရင်နှစ်ကထက် ကျောင်းအပ်သူနည်းတယ်လို့ စစ်ကောင်စီ ပညာရေးဌာနကနေ သိရပါတယ်။

အရင်နှစ်က အခြေခံပညာကျောင်းတွေမှာ ကျောင်းသားကျောင်းသူ ၇ သန်းကျော် ကျောင်းအပ်နှံပြီး ကျောင်းတက်ခဲ့ကြပေမဲ့ ဒီနှစ်မှာတော့ ဒီနေ့အထိ ကျောင်းသားကျောင်းသူ ၆ သန်းကျော်ပဲ ကျောင်းအပ်တယ်လို့ စစ်ကောင်စီ ပညာရေးဌာနက ဆိုပါတယ်။

ဒီလိုအပ်နှံတဲ့ ကျောင်းသား ကျောင်းသူ ၆ သန်းဆိုတဲ့ အရေအတွက်ဟာ အခြေခံပညာကျောင်းတွေအပြင် ဘုန်းတော်ကြီးကျောင်း၊ ကိုယ်ပိုင်ကျောင်းတွေမှာပါ အပ်နှံခဲ့တဲ့ အရေအတွက်လည်း ဖြစ်ပါတယ်။

ဒီနှစ်မှာ စနစ်သစ်ဖြစ်တဲ့ KG+12 ပညာရေးကို စတင်အကောင်ထည်ဖော်တဲ့နှစ်ဖြစ်ပြီး အာဏာသိမ်းစစ်ကောင်စီက ကျောင်းတက်နှုန်းတွေ မြင့်မားဖို့ ရည်မှန်းထားခဲ့ပေမဲ့ ကျောင်းအပ်နှုန်းတွေက မနှစ်ကထက် လျော့နည်းသွားခဲ့ပါတယ်။

စစ်ကောင်စီလက်အောက်ခံ ကျောင်းတွေမှာ ကျောင်းတက်နေကြတဲ့ ကျောင်းသား ကျောင်းသူတွေရှိသလို စစ်ကျွန်ပညာရေးကို သပိတ်မှောက်ပြီး ကျောင်းမတက်ကြတဲ့ ကျောင်းသားတွေလည်း သန်းနဲ့ရှိနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013