
မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ထုတ်ပြန်တဲ့ စာရင်းတွေအရ နေပြည်တော်၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ အဖြစ်များတဲ့ မှုခင်း ၅ မျိုးပေါင်း ၂၂၄၉ မှု ဖြစ်ပွားခဲ့ပါတယ်။
[caption id="attachment_59657" align="alignright" width="300"]
ဓာတ်ပုံ - ရဲဇာနည်[/caption]
လူသတ်မှု၊ မုဒိမ်းမှု၊ ခိုးမှု(၅) မျိုး၊ နာကျင်(ရိုးရိုး) နဲ့ ယာဉ်တိုက်မှုတွေမှာ ယာဉ်တိုက်မှုက ၁၁၁၅ မှု ဖြစ်ခဲ့ပြီး နာကျင်(ရိုးရိုး) က ၅၅၇ မှု ဖြစ်ပွားခဲ့တာပါ။
ဧရာဝတီတိုင်းမှာ မုဒိမ်းမှု ၁၁ မှုဖြစ်လို့ အများဆုံးဖြစ်ပြီး ကျန်တဲ့မှုခင်းတွေ ကတော့ ရန်ကုန်တိုင်းမှာ အများဆုံးဖြစ်တာပါ။
ရန်ကုန်တိုင်းမှာ ယာဉ်တိုက်မှု ၂၃၄ မှု ဖြစ်ပြီး ၄၅ ဦး သေဆုံးကာ ၃၂၈ ဦး ဒဏ်ရာရခဲ့ပါတယ်။
တနိုင်ငံလုံးဖြစ်ပွားခဲ့တဲ့ ယာဉ်တိုက်မှုတွေကြောင့် လူ ၁၇၀၀ ကျော် ဒဏ်ရာရခဲ့ပြီး ၃၀၀ ကျော် သေဆုံးခဲ့တယ်လို့ ရဲတပ်ဖွဲ့စာရင်းမှာ ဖော်ပြထားပါတယ်။











