DVB Logo
Home
မြန်မာသတင်း
တောင်ကုတ်လူသတ်မှု ပြည်နယ်တရားလွှတ်တော်တွင် စစ်တော့မည်
DVB
·
July 4, 2014
တောင်ကုတ်လူသတ်မှု ပြည်နယ်တရားလွှတ်တော်တွင် စစ်တော့မည်
Donate to DVB

ရခိုင်ပြည်နယ် တောင်ကုတ်မြို့မှာ ၂၀၁၂ ခုနှစ်တုန်းက အုပ်စုဖွဲ့သတ်ဖြတ်မှုနဲ့ပတ်သက်လို့ ရခိုင်ပြည်နယ်လွှတ်တော်မှာ လာမယ့် ၁၀ ရက်နေ့ ကြားနာမယ်လို့ တရားခံရှေ့နေက ပြောပါတယ်။

ရခိုင်ပြည်နယ် တောင်ကုတ်မြို့မှာ ခရီးသည်တင်ကားပေါ်ကနေ ဆွဲချပြီး သတ်ဖြတ်ခဲ့တဲ့ ဒီအမှုကို အခင်းဖြစ်ပြီး တနှစ်အကြာမှာ  နေပြည်တော်ရဲတပ်ဖွဲ့က တိုက်ရိုက်ဖမ်းဆီး ရုံးတင်တရားစွဲထားတာပါ။

[caption id="attachment_59647" align="alignright" width="300"]ရခိုင်ပြည်နယ် သံတွဲမြို့ နေအိမ်တွေ မီးရှို့ဖျက်ဆီးခဲ့စဉ် ရခိုင်ပြည်နယ် သံတွဲမြို့ နေအိမ်တွေ မီးရှို့ဖျက်ဆီးခဲ့စဉ်[/caption]

ဒီနောက် သံတွဲခိုင်တရားရုံးမှာ ၁ နှစ်နီးပါးစစ်ဆေး ခဲ့ပြီးနောက် လူသတ်မှုနဲ့ စွဲချက်တင်ဖို့ မေလကုန် ပိုင်း က ဆုံးဖြတ်ခဲ့ပါတယ်။ ဒါကို မကျေနပ်တဲ့ တရားခံတွေ က ပြည်နယ် တရားလွှတ်တော်ကို အယူခံတက်တာလို့ တရားခံတွေရဲ့ရှေ့နေ ဦးတင်အောင်က ခုလို ပြောပါတယ်။

“အဲဒီအမှုက သံတွဲတရားရုံးက စွဲချက်တင်လိုက်တာ။ ၃၀၂/၃၄ (ပုဒ်မ ၃၀၂ လူသတ်မှု၊ ပုဒ်မ ၃၄ လူသတ်ရန် လူစုလူဝေးဖြင့် ကြိုတင်ကြံစည်မှု) အဲဒီပုဒ်မနဲ့ စွဲချက်တင်လိုက်တာ။ တရားခံဘက်က အဲဒီစွဲချက်အမိန့်ကို မကျေနပ်လို့ ပြည်နယ်တရားရုံးကို ဒီအမှု တက်သွားတာ ၁ လလောက်ရှိပြီ။ ”

ဒီအမှုကို ပြည်နယ်တရားလွှတ်တော်ကျရင် ဦးတင်အောင်ကိုယ်စား  တရားလွတ်တော်ရှေ့နေ ဒေါ်အေးနုစိန်က ဆက်လက်လိုက်ပါဆောင်ရွက်မှာဖြစ်ပါတယ်။ ဒီအမှုကို တရားလွှတ်တော်မှာ လာမယ့် ၁၀ ရက်နေ့ ထွက်ဆိုမယ်လို့ ဒေါ်အေးနုစိန်က ပြောပါတယ်။

“ရခိုင်ပြည်နယ် လွှတ်တော်မှာပဲ ပြင်ဆင်မှု တင်သွင်းရတာပါ။ အဲဒါက အပြီးသတ်လျှောက်လဲချက်။ ပြင်ဆင်မှု လျှောက်လဲချက်က ဇူလိုင် ၁၀ ရက်နေ့ကို ချိန်းဆိုထားပါတယ်။ ကျမကတော့ မင်းသိုက်ထွန်းအပါ ၆ ယောက်အတွက်။ နောက် အေးမင်းခေါ် အာဠာဝက တယောက်အတွက်တော့ သီးသန့် ရှေ့နေ ဦးကျော်ညွန့်မောင်ဆိုတာ ရှိပါတယ်။”

တရားခံ ၇ ဦးအနက် ၆ ဦးအတွက်  သူလိုက်ပါဆောင်ရွက်မှာဖြစ်ပြီး တဦးအတွက်ကိုတော့ ရှေ့နေတဦးက လိုက်ပါမယ်လို့ ဆိုပါတယ်။

တောင်ကုတ်မြို့ လူသတ်မှုအပြီး ၁ နှစ်ကျော်အကြာ ၂၀၁၃ ခုနှစ် ဇူလိုင် ၁၇ ရက်နေ့ညမှာ နေပြည်တော်ရဲက တိုက်ရိုက်ကွပ်ကဲဖမ်းဆီးခဲ့ပြီး တဦးကို နောက်မှ ထပ်မံဖမ်းဆီးရမိခဲ့တာပါ။  သူတို့တတွေကို သံတွဲထောင်မှာ ချုပ်နှောင်စစ်ဆေးပြီး တရားစွဲခဲ့တာပါ။

ဒီသတ်ဖြတ်မှု ဖြစ်ပြီးတဲ့နောက် ရခိုင်ပြည်နယ်အတွင်း နေအိမ်မီးရှို့မှုတွေနဲ့ သတ်ဖြတ်မှုတွေ ဆက်တိုက်ဖြစ်ခဲ့ပြီး လူပေါင်း ၁ သိန်း ၄ သောင်းကျော် ဒုက္ခသည်ဖြစ်နေကြသလို   ကျန်တိုင်းနဲ့ ပြည်နယ်တချို့က မြို့နယ်တချို့ကိုပါ ပုံစံတူအကြမ်းဖက်မှုတွေ ကူးစက်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013