DVB Logo
Home
မြန်မာသတင်း
ရွှေ့ပြောင်းအလုပ်သမား မှတ်ပုံတင်စခန်း ၇ ခု ထပ်မံဖွင့်လှစ်မည်
DVB
·
July 3, 2014
ရွှေ့ပြောင်းအလုပ်သမား မှတ်ပုံတင်စခန်း ၇ ခု ထပ်မံဖွင့်လှစ်မည်
Donate to DVB

ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းအလုပ်သမားတွေ မှတ်ပုံတင်ရေးစခန်းကို   ခရိုင် ၇ ခုမှာ ဆက်လက် ဖွင့်လှစ်သွား မှာ ဖြစ်ပါတယ်။

ဝမ်းဆတော့ပ်ဆားဗစ်စင်တာလို့ခေါ်တဲ့ တနေရာတည်းအပြီး အလုပ်သမားမှတ်ပုံတင်ရေးစခန်းကို  မဟာချိုင်မှာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက ဖွင့်လှစ်ပြီးတဲ့နောက်ပိုင်း ခရိုင် ၇ ခုမှာ ဖွင့်လှစ်ဆောင်ရွက်သွားမယ်လို့   ထိုင်းအလုပ်သမား ရှာဖွေခန့်ထားရေး ဦးစီးဌာန ညွှန်ကြားရေးမှူး နိုင်းဆုမစ် မဟိုဆွတ်ရဲ့ အပြောကိုကိုးကားပြီး ဒီနေ့ထုတ် ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြပါတယ်။

[caption id="attachment_59446" align="alignright" width="300"]မဟာချိုင်တွင် မှတ်ပုံတင် ပြုလုပ်ပေးနေစဉ် မဟာချိုင်တွင် မှတ်ပုံတင် ပြုလုပ်ပေးနေစဉ်[/caption]

လာမယ့် ဇူလိုင်လ ၁၅ ရက်နေ့အတွင်း  စမွတ်ပရာကန်၊ ချွန်ဘူရီ၊ ရနောင်း၊ ဆူရတ်ဌာနီ၊ ချချိန်းဆောဝ်း၊ ဆုန်ခလာ နဲ့ အယုဒယ စတဲ့ ခရိုင် ၇ ခုမှာ ဖွင့်လှစ်သွားမယ်လို့ ညွှန်မှူးက ပြောကြောင်း သတင်း မှာ ဖော်ပြပါတယ်။

ဒါကြောင့် သက်ဆိုင်ရာ ခရိုင်အုပ်ချုပ်ရေး နဲ့ အလုပ်သမားရုံးတွေကလည်း ကြိုတင်ပြင်ဆင်တဲ့ အနေနဲ့ မိမိ နယ်မြေတွင်းက အလုပ်ရှင်၊ အလုပ်သမားအဖွဲ့ ကိုယ်စားလှယ်ကို ခေါ်ယူတွေ့ဆုံဆွေးနွေးနေပါတယ်။

မန်နေဂျာအွန်လိုင်းမှာ ဖော်ပြချက်အရ  - ရနောင်းခရိုင်မှာဆိုရင် ဇူလိုင်လ ၇ ရက်နေ့မှာ စတင်ဖွင့်လှစ်နိုင်ဖို့ စီစဉ်ထားပြီး တရားမ၀င်အလုပ်သမား တနေ့ကို ၁၅၀၀ ဦး ဆောင်ရွက်ပေးနိုင်မယ်လို့ ခန့်မှန်းကြောင်း ဒုခရိုင်ဝန် နိုင်းဖိနစ် ဘွန်းလိုတ်က မနေ့က အစည်းအဝေးမှာ ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

ဘန်ကောက်ခရိုင် နယ်မြေ ၆၊ ဖိကျစ်၊ ချင်းမိုင်  အစရှိတဲ့ ခရိုင်တွေမှာတော့ ဘယ်နေ့ ၀မ်းစတော့ပ် ဆားဗစ်စင်တာတွေ ဖွင့်လှစ်မယ်ဆိုတာ မသိသေးပေမယ့် သက်ဆိုင်ရာ အလုပ်ရှင်တွေအနေနဲ့ မိမိ လက်ခံထားတဲ့ တရားမ၀င်အလုပ်သမားရော တရားဝင်အလုပ်သမား စာရင်းတွေပါ ကောက်ခံပြီး ဇူလိုင်လ ၁၅ ရက်နေ့ နောက် ဆုံးထားပြီး သက်ဆိုင်ရာ အလုပ်သမားရှာဖွေရေးရုံးကို ပေးပို့ဖို့ ညွှန်ကြားထားပါတယ်။

လက်ရှိအခြေအနေအရ အလုပ်သမားမှတ်ပုံတင်ပေးရေးစခန်းတွေကို ခရိုင်တခုမှာ တနေရာတည်း ဆောင်ရွက်ပေးမယ့် ပုံစံဖြစ်နေတာကြောင့် ခရိုင်ရုံးစိုက်ရာမြို့နဲ့ အလှမ်းဝေးတဲ့ မြို့နယ်က အလုပ်သမားတွေကတော့ ခရီးသွားလက်မှတ်အထောက်အထားပါမရှိရင် သွားရောက်မှတ်ပုံတင်ဖို့ ခက်ခဲမယ်လို့ ချင်းမိုင်နဲ့ ကီလိုမီတာ ၁၀၀ ကျော် မယ့်အိုင်းမြို့နယ်နေ ခြံပိုင်ရှင်ရှင်တဦးက ဒီဗွီဘီကို ပြောပါတယ်။

ထိုင်းတောင်ပိုင်းမှာဆိုရင်  ဖန်င၊ ဖူးခက်၊ ချွန်းဖောင်း၊ နခွန်းဆီထမရတ်၊ ကရပီ စတဲ့ ဒေသက အလုပ်သမားတွေလည်း ဆူရတ်ဌာနီခရိုင်ထိ သွားလုပ်ရမှာမို့  ခရီးသွားလက်မှတ်မရှိတဲ့ အလုပ်သမားတွေအဖို့ စစ်ဆေးရေးဂိတ်တွေမှာ ပြဿ  နာ တွေ့နိုင်တယ်လို့ ပညာရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်းက ဒါရိုက်တာ ဦးထူးချစ်က ပြောပါတယ်။

“ပြည်နယ်တိုင်းမှာ လိုက်ဖွင့်ပေးနိုင်တယ်ဆိုရင်တော့ အလုပ်သမားတွေအတွက် ပိုအဆင်ပြေတာပေါ့။ ဆိုလိုတာက အလုပ်သမားတွေက နဂိုကမှ မှတ်ပုံတင်မရှိဘဲနဲ့ သွားလုပ်ရမယ်ဆိုတော့ လမ်းခရီးမှာ နယ်မြေအာဏာပိုင်တွေနဲ့လည်း စကားပြော ဆိုရတာမျိုးတွေရှိနိုင်တယ်၊ ဝေးတယ်ဆိုတော့လည်း ညအိပ်ညနေ အိပ်ရတာ၊ အလုပ်သမားတွေ အတွက် စရိတ်စက ပိုများနိုင်တယ်လေ။ ဒါကြောင့်မို့ ဖြစ်နိုင်တယ်ဆိုရင်တော့ နယ်မြေတိုင်းမှာ အချိန်ကန့်သတ်ပြီးတော့ဖြစ်ဖြစ် မိုဘိုင်းလို ကွင်းဆင်းပြီးတော့ဖြစ်ဖြစ် လုပ်ပေးဖို့ ကျနော် တို့ တောင်းဆိုထားတာတွေလည်း ရှိပါတယ်။”

ထိုင်းအမျိုးသားငြိမ်းချမ်းရေးနဲ့ တရားဥပဒေ စိုးမိုးရေးကောင်စီက တရားမ၀င် အလုပ်သမားပြဿ  နာနဲ့ လူကုန်ကူးမှုပြဿ  နာဖြေရှင်းဖို့ ဆောင်ရွက်လိုက်တဲ့ ဒီအစီအစဉ်မှာ ကုန်ကျစရိတ်အနေနဲ့ အလုပ်သမားတဦးကို ထောရော ၃၈/၁ နေထိုင်ခွင့်ပုံစံ ဘတ် ၈၀ ၊ ၂ လ တာအလုပ်လုပ်ခွင့် ၂၂၅ ဘတ် ၊ ကျန်းမာရေးဆေးစစ်ခ ၅၀၀ ၊ ၃ လစာ ကျန်းမာရေးအာမခံ ဘတ် ၅၀၀ စုစုပေါင်း ၁၃၀၅ ဘတ်ကုန်ကျမှာဖြစ်ပြီး လက်မှတ်သက်တမ်း ၆၀ ရက်ပဲ ရှိပါတယ်။

ဒီရက်တွေအတွင်းမှာ နောက်ထပ်ဆက်လက်နေထိုင်နိုင်ဖို့ နိုင်ငံသားစိစစ်ရေး၊ ယာယီနိုင်ငံကူး လက်မှတ် စတာတွေ လျှောက်ထားဆောင်ရွက်ရမှာ ဖြစ်ပါတယ်။

ဒီအစီအစဉ်မှာ အလုပ်သမားတင်မကဘဲ မှီခိုသူ သားသမီးတွေကိုပါ မှတ်ပုံတင်ပေးနေပြီး အလုပ်လုပ်ခွင့် မပါတဲ့အတွက် ၁၀၈၀ ဘတ်သာ ကုန်ကျမယ်လို့  မှတ်ပုံတင်ပေးတဲ့ဌာနက ကြေညာထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013