DVB Logo
Home
မြန်မာသတင်း
ဦးမင်းကိုနိုင်ကို ဟောပြောခွင့် ပိတ်ပင်သဖြင့် ရုပ်ရှင်ပွဲတော် ဖျက်သိမ်း
DVB
·
July 3, 2014
ဦးမင်းကိုနိုင်ကို ဟောပြောခွင့် ပိတ်ပင်သဖြင့် ရုပ်ရှင်ပွဲတော် ဖျက်သိမ်း
Donate to DVB

ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် အရှေ့ပိုင်း ရန်ကုန်စီးပွားရေး တက္ကသိုလ်မှာ ဇူလိုင် ၂ ရက်နေ့မှာ ကျင်းပဖို့ စီစဉ်ထားတဲ့ လူ့အခွင့်အရေး၊ လူ့ဂုဏ်သိက္ခာ ရုပ်ရှင်ပွဲတော်မှာ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ဦးမင်းကိုနိုင်ကို အမှာစကားပြောခွင့် ပိတ်ပင်လို့ ရုပ်ရှင်ပွဲတော်ကို ဖျက်သိမ်းလိုက်ပါတယ်။

min ko naingကနဦးက စီးပွားရေး တက္ကသိုလ်မှာ ကျင်းပဖို့ ပါမောက္ခက ခွင့်ပြုခဲ့ပေမယ့် ကျင်းပဖို့ နီးလာတဲ့ အချိန်မှာ လူ့အခွင့်အရေး ဟာ ကျောင်း သားနဲ့ မသက်ဆိုင်ဆိုတဲ့ အယူအဆနဲ့ ပညာရေး ၀န်ကြီးဌာနက တားမြစ်ဖို့ ကြိုးပမ်းခဲ့တယ်လို့ ရန်ကုန် စီးပွားရေးတက္ကသိုလ် ကျောင်းသားသမဂ္ဂက ကိုစည်သူမောင်က ပြောပါတယ်။

ဒါပေမယ့် ပွဲကို စီစဉ်ထားတဲ့အတိုင်း ကျင်းပပြုလုပ်ပေမယ့်   ဦးမင်းကိုနိုင် အမှာစကားပြောမယ့် အစီအစဉ်ကို ပညာရေး ၀န်ကြီးဌာနက ခွင့်မပြုတဲ့အတွက် ဖျက်သိမ်းလိုက်ရတာလို့ သူက ပြောပါတယ်။ ဒီပွဲကို လူငယ်ကျောင်းသား ၈၀၀ လောက် ရောက်ရှိခဲ့ပြီး ပွဲပျက်ခဲ့ရတာပါ။

ဒီလိုလာရောက်တာကိုကြည့်ပြီး လူဂုဏ် သိက္ခာနဲ့ လူ့အခွင့်အရေးကို ချစ်မြတ်နိုးတဲ့သူတွေ ကျောင်းထဲမှာ အများအပြား ရှိနေတယ်ဆိုတာကို ပြသလိုက်နိုင်တယ်လို့ သူက ပြောပါတယ်။

ဒီရုပ်ရှင်ပြပွဲမှာ ဆုရတဲ့ ရုပ်ရှင်ဇာတ်ကားတွေကို ပြသသွားဖို့ စီစဉ်ထားပေမယ့် ဖျက်သိမ်းလိုက်တဲ့အတွက် ကျောင်းသား အများစုဟာ စိတ်မကောင်းဖြစ်ခဲ့တယ်လို့လည်း သူက ပြောပါတယ်။

အပြည့်အစုံ အသံဖိုင်နားဆင်ရန်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013