
ရခိုင်ပြည်နယ်မှာ ပြုလုပ်မယ့် ကျောက်ဖြူအထူးစီးပွားရေးဇုန်အတွက် ရင်းနှီးတည်ဆောက်မယ့်သူ ၃ ဦးကို ဒီဇင်ဘာလမှာ အပြီးရွေးချယ်သွားဖို့ ရှိနေပါတယ်။
[caption id="attachment_59627" align="alignright" width="300"]
ကျောက်ဖြူမြို့-၂၀၁၃ ဇူလိုင် (ဓာတ်ပုံ-ထွန်းထွန်းသိန်း)[/caption]
ရခိုင်ပြည် နယ်၊ ကျောက်ဖြူမြို့ အနီးမှာ တည်ဆောက် မယ့် ကျောက်ဖြူအထူး စီးပွားရေးဇုန်အတွက် ဆိပ်ကမ်းဆိုင်ရာ ကျွမ်းကျင်ကုမ္ပဏီ၊ စက်မှုဇုန်တည်ဆောက် မယ့် ကုမ္ပဏီနဲ့ လူနေဇုန် တည်ဆောက်မယ့် ကုမ္ပဏီသုံးခု ကို ရွှေးဖို့ရှိနေတာပါ။
အခုလို ရွေးချယ်ဖို့အတွက် လက်ရှိမှာတော့ ကျောက်ဖြူ စီးပွားရေးဇုန် တင်ဒါခေါ်ယူရေးနှင့် စိစစ်ရွေးချယ်ရေးကော်မတီက ရန်ကုန်မြို့မှာ တင်ဒါခေါ်ယူရေးအတွက် အရောင်းမြင့်တင်မှု ရှင်းလင်းပွဲကို ကျောက်ဖြူ အထူးစီးပွားရေးဇုန် အကြံပေးကုမ္ပဏီအဖြစ် ငှားရမ်းထားတဲ့ စင်ကာပူအခြေစိုက် CPG ကုမ္ပဏီနဲ့ ဒီကနေ့ ပြုလုပ်ခဲ့ပါတယ်။
ကျောက်ဖြူ စီးပွားရေးဇုန် တင်ဒါခေါ်ယူရေးနှင့် စိစစ်ရွေးချယ်ရေး ကော်မတီ အတွင်းရေးမှူး ဦးမြင့်သိန်းက ဒီစီးပွားရေးဇုန်ကို နိုင်ငံတကာတင်ဒါစနစ်နဲ့ ပြုလုပ်နေပြီး လာမယ့်ဒီဇင်ဘာလမှာ ရင်းနှီးတည်ဆောက်မယ့်သူ ၃ ဦးကို အပြီးရွေးချယ်မယ်လို့ ပြောပါတယ်။
ကျောက်ဖြူ စီးပွားရေးဇုန်ဟာ မြန်မာနိုင်ငံရဲ့ ပထမဆုံးရေနက်ဆိပ်ကမ်းဖြစ်လာမယ့် အပြင်
တရုတ်၊ အိန္ဒိယ၊ ဒေသတွင်းအာဆီယံနိုင်ငံများ အလယ်မှာ ရှိနေတဲ့အတွက် အရေးကြီးတဲ့ စီမံကိန်းတခု ဖြစ်တယ်လို့ ကျောက်ဖြူစီးပွားရေးဇုန် တင်ဒါခေါ်ယူရေးနှင့် စိစစ်ရွေးချယ်ရေး ကော်မတီ ဥက္ကဋ္ဌ ဘဏ္ဍာအခွန် ဒုဝန်ကြီး ဦးမောင်မောင်သိန်းက တင်ဒါမြင့်တင်ရေး အခမ်းအနားတက်ရောက်လာတဲ့ သံတမန်တွေကို ပြောပါတယ်။
ကျောက်ဖြူအထူးစီးပွားရေးဇုန် စီမံကိန်းကို ယခင်က ကျောက်ဖြူမြို့ ရဲ့ အရှေ့တောင်ဘက် ၄ မိုင်လောက် အကွာမှာရှိတဲ့ စစ်တောကျေးရွာနဲ့ စည်မော်ကျေးရွာများအနီးရှိ မြေဧက ၁၀၀၀ ကျော်မှာ ပြုလုပ်ဖို့ သတ်မှတ်ခဲ့ပေမယ့် ရွှံ့မီးတောင်နှင့် နီးကပ်နေတဲ့အတွက် အနောက်ဘက်ကို နေရာပြောင်းရွှေ့ သတ်မှတ်ခဲ့ပြီး စီမံကိန်း ဧရိယာသစ်ကိုလည်း မြေဧက ၄၀၀၀ အဖြစ် တိုးချဲ့သတ်မှတ်ခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ သီလ၀ါအထူးစီးပွားရေးဇုန်၊ ထားဝယ်အထူးစီးပွားရေးဇုန်တွေရှိနေပေမယ့် ဒီနေ့အချိန်အထိ အခိုင်အမာရင်းနှီးမြှုပ်နှံမယ့် လုပ်ငန်းရှင်တွေကို ရှာဖွေနေဆဲဖြစ်ပါတယ်။
အပြည့်အစုံ အသံဖိုင်နားဆင်ရန်











