DVB Logo
Home
မြန်မာသတင်း
မိုခါမုန်တိုင်းကြောင်း ပျက်စီးသွားသည့် စစ်တွေမြို့ ကိုးရီးယားဆိပ်ကမ်းအနီးရှိ ဆိုင်ခန်းများ ပြန်ဖွင့်ရန် အခက်ကြုံ
DVB
·
May 31, 2023
မိုခါမုန်တိုင်းကြောင်း ပျက်စီးသွားသည့် စစ်တွေမြို့ ကိုးရီးယားဆိပ်ကမ်းအနီးရှိ ဆိုင်ခန်းများ ပြန်ဖွင့်ရန် အခက်ကြုံ
Donate to DVB
https://youtu.be/iApnI-Ou7TE

မိုခါမုန်တိုင်းကြောင်း ပြိုကျပျက်စီးသွားတဲ့  စစ်တွေမြို့ ကိုးရီးယားဆိပ်ကမ်း (BXT) အနီးရှိ ယာယီ ပျံကျစျေးဆိုင်ခန်းတွေကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့က ပြန်မပြင်ပေးလို့ ဆိုင်ဖွင့်ဖို့ အခက်ကြုံနေရတယ်လို့ ဆိုင်ခန်းပိုင်ရှင်တွေက ပါတယ်။

ဈေးဆိုင်ပိုင်ရှင် အမျိုးသမီးတဦး “အကုန်နီးပါးပျက်စီးသွားတယ် ဆိုတော့ ကိုယ့်ဟာကိုယ် ပြုပြင်ဖို့က ဘယ်လိုမှ အဆင်မပြေနိုင်ဘူးလေ။ ကုန်ကျစရိတ်များမှာ၊ ဘယ်လိုပြောရမလဲ၊ စည်ပင်က လာလို့တောင်မကြည့်ကြဘူးလေ။ ဆိုင်ခန်းတွေ ပြန်ဖွင့်နိုင်ဖို့ မိမိတတ်နိုင်သလောက်လေးတော့ ပြုပြင်နေရတယ်။ လုပ်နိုင်တဲ့သူလုပ်၊ မလုပ်နိုင်တဲ့သူကျတော့ ဒီအတိုင်း ထားရမှာပေါ့။ စည်ပင်က လုပ်ပေးမလား၊ မလုပ်ပေးဘူးလားဆိုတာ သူတို့ဘက်က  ဘာမှအကြောင်းကြားတာမှမရှိဘူး။ သူတို့လာလုပ်ပေးတဲ့အချိန်အထိ ဆိုင်မဖွင့်ဘဲ ဘယ်သူမှ နေလို့မရဘူးလေ။ စားဝတ်နေရေးက ရှိသေးတယ်” လို့ ပြောပါတယ်။

အဆိုပါ ယာယီပျံကျစျေးဟာ အဆောင်အတွဲ ၁၁ တွဲနဲ့ တည်ဆောက်ထားပြီး ၆ ပေ ပတ်လည် ဆိုင်ခန်း ၅၀၀ ကျော်ရှိကာ ဆိုင်ခန်းတခန်းကို ကျပ်သိန်းရာချီပေးပြီး စည်ပင်သာယာရေးအဖွဲ့ထံကနေ ဝယ်ယူထားကြရတာပါ။

အထည်ဆိုင်ပိုင်ရှင် အမျိုးသားတဦးက “ဘယ်လိုပြောရမလဲ မသိတော့ဘူး။ တာဝန်ယူမှု တာဝန်ခံမှု ဘာမှမရှိဘူး။ ဒီလိုကြည့်လိုက်ရင်တော့ အကောင်းပေါ့။ ခေါင်မိုးတွေက ဟိုနေရာမှာ အပေါက် ဒီနေရာ အပေါက်နဲ့ နေရာတိုင်းမှာ အပေါက်တွေပါ။ ကိုယ့်ဟာကိုယ် လုပ်နေရတယ်။ စည်ပင်က လာလုပ်ပေးမယ့်အချိန်အထိ စောင့်မနေနိုင်ပါ။ ဈေးသည်ဆိုတာ ရောင်းချဖို့ လိုအပ်တယ်။ ကိုယ့်ဆိုင်ပေါ်က အပေါက်ကို ကိုယ့်ဟာကိုယ် ဖာပြီး ဆိုင်ဖွင့်ဖို့ ကြိုးစားနေရတယ်။ စည်ပင်ကတော့ ဓာတ်ပုံတွေ ရိုက်ယူသွားတယ်။ လောလောဆယ်ဘာမှ တာဝန်မယူသေးပါဘူးး”လို့ ပြောပါတယ်။

စစ်တွေမြို့ ကိုးရီးယားဆိပ်ကမ်း (BXT) အနီး ကျပ်သိန်းပေါင်းထောင်ချီ အကုန်ကျခံ အသစ်တည်ဆောက်ထားတဲ့ ယာယီပျံကျစျေးကြီးရှိ စျေးဆိုင်ခန်းတွေ မကြာခဏ ဖောက်ထွင်း အခိုးခံနေကြရတဲ့အတွက် လုံခြုံမှုမရှိတော့လို့ ဈေးဆိုင်တွေ ပြန်မဖွင့်ရဲဖြစ်နေကြတယ်လို့လည်း  ဈေးသည်တွေက ပြောပါတယ်။

“ကြောင့်ကြစိုးရိမ်မှုမရှိအောင် စည်ပင်က တာဝန်ယူပေးစေချင်ပါတယ်။ စားကုန်ဆိုင်တွေ တောင်ဖောက်ထွင်းခံနေရတော ကျနော်တို့ အထည်ဆိုင်တွေဆို ပိုပြီးစိုးရိမ်ရပါတယ်။ မုန်တိုင်း တိုက်မယ်ဆိုတော့ ကုန်ပစ္စည်းတွေကို လုံခြုံတဲ့နေရာတွေကို ပြောင်းသွားခဲ့ကြတာ။ အခုလို စည်ပင်က လုံခြုံမှုမပေးနိုင်တော့ ကုန်ပစ္စည်းတွေ ပြန်သယ်လာပြီး ဈေးဆိုင်တွေ မဖွင့်ဝံ့ဘဲ  အခက်တွေ့နေရတယ်။”

အဆိုပါဈေးရှိ ဈေးဆိုင်ခန်းတွေ မကြာခဏ ဖောက်ထွင်းအခိုးခံနေကြရပြီး စည်ပင်သာယာရေးအဖွဲ့ကို တိုင်ကြားထားပေမဲ့ အရေးယူ ဖမ်းဆီးပေးတာမရှိဘူးလို့လည်း ဈေးသည်တွေဆီက သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013